our notes for our youngers

September 29, 2009

basic of C# (part 24)

Filed under: Basic of C# — Tags: , , , , , , , — sevenlamp @ 9:55 AM

ကဲ ဒီနေ့တော့ database အပိုင်းလေး ခဏနားပြီး C# ဘက်ကို နည်းနည်းပြန်လှည့်အောင်။ ကျွန်တော်တို့ အခုနောက်ပိုင်း programming language မှာ အသံကျယ်ကျယ်လောင်လောင် ဖြစ်လာတာက OOT လို့ ခေါ်တဲ့ Object-Oriented Technique ပဲဖြစ်ပါတယ်။ OO မှာ ဘာတွေပါလဲ…

အမွေဆက်ခံခြင်းလို့ ခေါ်တဲ့ inheritance၊

အသွင်ပြောင်းခြင်းလို့ပြောလို့ရတဲ့ Polymorphism၊

Data hiding လို့ခေါ်တဲ့ member data တွေကို သိုဝှက်သိမ်းဆည်းထားခြင်း၊

Encapsulation သိမ်းဆည်းထားတဲ့ member data တွေကို တဆင့်ခံဖြင့် သုံးခွင့်ပေးခြင်း၊

စသည်ဖြင့်ပေါ့ဗျာ.. အဲ့ဒါတွေ ပါပါတယ်။

Inheritance အမွေဆက်ခံခြင်းဆိုတာဘာလဲ???

ဒီလိုလေးတွေးကြည့်ရအောင်ဗျာ အခုကျွန်တော်တို့ မိဘတွေပိုင်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေဟာ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါပဲ။ ဒီလိုပါပဲ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေက ပိုင်ဆိုင်ကြဦးမှပါ။ ဒီသဘောတရားလေးကို ယူပြီး OOမှာ inheritance ဆိုတာပေါ်ပေါက်လာတာပါ။ class တစ်ခုရဲ့ ပိုင်ဆိုင်မှု property တွေဟာ အဲ့ဒီ class ရဲ့ child တွေကလည်း ပိုင်ဆိုင်နိုင်ပါတယ်။ ဒီလို ပိုင်ဆိုင်နိုင်ခြင်းအားဖြင့် ကျွန်တော်တို့က class တွေအားလုံး အတွက် တူညီတဲ့ property တွေကို အကြိမ်ကြိမ်ကြေငြာပေးနေစရာ မလိုတော့ပါဘူး။ ဥပမာဗျာ ကျွန်တော်က လူတစ်ယောက်ကို ကိုယ်စားပြုမယ့် class တစ်ခုဆောက်မယ်ဆိုရင် အဲ့ဒီ class ထဲမှာ ဘယ်လို member တွေပါမလဲ စဉ်းစားကြည့်၊ နံမည်ပါမယ်၊ အသက်ပါမယ်၊ နေရပ်လိပ်စာပါမယ်ဗျာ၊ စသည်ဖြင့်ပေါ့။

class People
{
    string Name;
    int Age;
    string Address;
}

ကဲ…အခု နောက်တစ်ခါ ကျွန်တော်က ကျောင်းသားတစ်ယောက်ကို ကိုယ်စားပြုမယ့် class တစ်ခုထပ်ဆောက်ဖို့ လိုလာပြီဆိုရင်ရော ဘယ်လို member တွေပါမလဲ၊ ကျောင်းသားမှာလည်း နံမယ်ပါမယ်၊ အသက်ပါမယ်၊ လိပ်စာပါမှာပါပဲ၊ ကျောင်းသားမှာ ပိုပါလာတာက roll နံပါတ်ပါမယ်၊ class ပါပါမယ်။

class Student
{
    string Name;
    int Age;
    string Address;
    int Roll;
    int Class;
}

ဟုတ်ပြီ ဒီလိုအခြေအနေမျိုးမှာ နံမည်တို့ အသက်တို့ကို ထပ်ပြီး မကြေငြာချင်ဘူးဆိုရင် ကျွန်တော်တို့ Student class ကို People class ရဲ့ child အဖြစ် ကြေငြာလို့ ရပါတယ်။ ဒီလိုမျိုးပါ…

class Student : People
{
    int Roll;
    int Class;
}

ဒါကို inheritance လုပ်တယ်လို့ ခေါ်ပါတယ်။ inheritance လုပ်လိုက်ခြင်းအားဖြင့် People class ထဲက member data ကို Student class ထဲမှာ ပြန်ပြီ ကြေငြာပေးနေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်ကို သိထားဖို့ လိုပါသေးတယ်။ ဒီလိုဗျာ ကျွန်တော်တို့ မိဘရဲ့ ပိုင်ဆိုင်မှုအားလုံး ကျွန်တော်တို့ရမလား၊ မရပါဘူး သူတို့ ကိုယ်ပိုင်အတွက် သိမ်းထားတာတွေလည်း ရှိနိုင်ပါတယ်။ C# language မှာလဲ အဲ့ဒီလိုမျိုး ခွဲခြားဖို့အတွက် ကျွန်တော်တို့ Access Modifier ဆိုတာကို သိဖို့လိုအပ်လာပါတယ်။ C# language မှာ access modifier ၅ မျိုးရှိပါတယ်။ အဲ့ဒါတွေ ကတော့

-       public                            ( အများသုံး )

-       protected                       ( မိမိနှင့်child တွေသုံး )

-       private                          ( မိမိကိုယ်တိုင်သုံး )

-       internal                         ( library တူအတွင်းသုံး )

-       protected internal           ( child ဖြစ်လျှင်၎င်း၊ library တူလျှင်၎င်း သုံး )

စသည်တို့ ဖြစ်ပါတယ်။ အပေါ်က example People class လေးမှာ ကျွန်တော်တို့ access modifier မထည့်ပေးလိုက်ပါဘူး။ ဒါဆိုရင် default အနေနဲ့ private ပါ။ ဒါကြောင့် People class ထဲက member data သုံးခုက people class အတွင်းမှာပဲ သုံးခွင့်ရှိပါတယ်။ Student မှာ သုံးလို့ မရပါဘူး။ အခုကျွန်တော်တို့က Student class ထဲကနေပါ သုံးခွင့်ရချင်တာဖြစ်လို့ protected member အဖြစ်ကြေငြာပေးရမှာပါ။

class People
{
    protected string Name;
    protected int Age;
    protected string Address;
}

Polymorphism အသွင်ပြောင်းခြင်းဆိုတာကရော???

ကျွန်တော်တို့ ရပ်ကွက်တွေမှာ လုပ်လေ့ရှိတယ်ဗျာ တခါတလေ ရပ်ကွက်ရုံး ကနေပြီးတော့ တစ်အိမ်ကို လူတစ်ယောက်နှုန်း အစည်းအဝေးတက်ရမယ်တို့ ဘာတို့ ကြုံဖူးမှာပေါ့။ ဟုတ်ကဲ့ ရပ်ကွက်ရုံးက ခေါ်တာက လူတစ်ယောက်လို့ ခေါ်တာပါ တနည်းအားဖြင့် people class ကို ခေါ်တာပါ။ အဲ့ဒါကို အိမ်မှာ ရှိနေတဲ့ ကျောင်းသားတစ်ယောက်က သွားတက်လို့ မရဘူးလား၊ ရပါတယ်။ Teacher တစ်ယောက်သွားတက်မယ်ဆိုလို့လဲ ရပါတယ်။ Teacher ကလည်း people တစ်ယောက်ပဲ ဖြစ်လို့ပါ။ ဒါပေမယ့် Student ပဲ သွားသည်ဖြစ်စေ၊ Teacher ပဲသွားသည်ဖြစ်စေ၊ ဒါမှမဟုတ် People ကိုယ်တိုင်ပဲ သွားသည်ဖြစ်စေ၊ အားလုံးကို People လို့ပဲ မြင်ပါတယ်။ အားလုံး အခွင့်အရေးတန်းတူပါပဲ။ Student မို့ အခွင့်အရေးပိုရမလား မရပါဘူး။ အိုကေ အဲ့ဒီလိုမျိုး People ကိုခေါ်တာကို Stuent သွားလိုက်တာကို အသွင်ပြောင်းလဲခြင်း ( polymorphism ) လို့ ခေါ်ပါတယ်။

static void Main()
{
    People p;
    p = new Student();
}

Polymorphism မှာ သတိထားရမည့် အချက်ကတော့ child ကို parent အသွင်ပြောင်းနိုင်ပေမယ့် parent ကိုတော့ child အဖြစ်ပြောင်းလို့ မရပါဘူး။ ဆိုလိုတာကတော ကျောင်းသားအားလုံး စာမေးပွဲလာဖြေပါဆိုပြီး ခေါ်တာကို အိမ်မှာ ရှိတဲ့ လူကြီးတွေသွားဖြေလို့ ရမလား မရပါဘူး၊ ဒီသဘောပါ။ Student ကိုတောင်းရင်တော့ People ပေးလို့ မရပါဘူး၊ Student ပဲ ပေးမှ ရမှာပါ။

Data Hiding

Data hiding ဆိုတာကတော့ ကျွန်တော်တို့ အိမ်မှာ မိသားစုပိုင်ဆိုင်မှုတွေကို တခြားလူတွေသိအောင် ထုတ်ကြေငြာလေ့ရှိလား? မရှိပါဘူး တိတ်တိတ်လေးပဲ သိမ်းထားလေ့ရှိပါတယ်။ ဒီသဘောပါပဲ class တွေထဲမှာရှိတဲ့ member data တွေကိုလည်း အပြင်ကနေ ခေါ်လို့မရအောင် private လုပ်ထားခြင်းကို data hiding လို့ ခေါ်ပါတယ်။ ဥပမာဗျာ အခု student class ထဲမှာ roll နဲ့ class ပါတယ်မလား၊ အဲ့ဒီ member data တွေကို အပြင်ကနေ ခေါ်သုံးလို့ မရပါဘူ။ ဘာလို့လဲဆိုတော့ private member data တွေ ဖြစ်လို့ပါ။ ဒီလိုမျိုး class member data တွေကို private အဖြစ်ပဲ ကြေငြာတာကို Data Hiding လို့ခေါ်ပါတယ်။

Encapsulation

Encapsulation ဆိုတာကတော့ ကျွန်တော်တို့ hide လုပ်ထားတဲ့ data ထဲက လိုအပ်တဲ့ dataတွေကို function တွေကနေသော်လည်းကောင်း၊ property တွေကနေတဆင့်သော်လည်းကောင်း၊ အသုံးပြုနိုင်ဖို့အတွက် စီမံပေးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ C# မှာတော့ member data တွေကို ကိုယ်စားပြုဖို့အတွက် property တွေကိုသုံးလေ့ရှိပါတယ်။ ဒီလိုမျိုးပါ..

class Student : People
{
    	int Roll;
    	int Class;
	public int RollNo
	{
		get
		{
			return Roll;
		}
		set
		{
			Roll = value;
		}
	}
	public int ClassID
	{
		get
		{
			return Class;
		}
		set
		{
			Class = value;
		}
	}
}

September 24, 2009

basic of SQL Statement (part 8)

Filed under: SQL Commands — Tags: , , , , — sevenlamp @ 9:32 AM

ဒီနေ့ ကျွန်တော်တို့ SQL Server 2005 မှာ function တွေကိုယ်တိုင် ဆောက်ပြီး သုံးတဲ့ ပုံစံလေး လေ့လာလိုက်ရအောင်ဗျာ။ function ၂ မျိုးဆောက်လို့ရတယ်ဗျ။ Table-valued function နဲ့ Scalar-valued function တိုဖြစ်ပါတယ်။ Table-valued function ရဲ့ return type က table တစ်ခုလိုမျိုး column တစ်ခုထက်ပိုတဲ့ data တွေကို return ပြန်ပါတယ်။ Scalar-valued function ကတော့ return value အနေနဲ့ column တစ်ခုပဲ return ပြန်ပါတယ်။ အရင်ဆုံး scalar-valued function လေး တစ်ခုလောက် ရေးကြည့်ရအောင်။ မနေ့တုန်းက ရေးခဲ့တဲ့ category တွေနဲ့ total balance ထုတ်တဲ့ query လေးကို ပြန်ရေးပါ့မယ်။

select category.*,
(
	select sum(balance)
	from item
	where item.categoryid = category.categoryid
) as totalbalance
from category

result:

CategoryID CategoryName Status totalbalance
1 Computer Active 16
2 Stationary Active 15
3 Electronic Active 4
4 Clothes Inactive NULL
5 Kitchen wares Inactive NULL

အိုကေ ဒီquery ထဲမှာ ရေးထားတဲ့ subquery လေးကို ကျွန်တော်က function လေးခွဲပြီး ရေးချင်တာပါ။ အဲ့ဒီလိုရေးလိုက်ခြင်းအားဖြင့် query ရေးတဲ့ နေရာမှာ ပိုပြီးရှင်းသွားမယ်။ ဒီနေရာမှာ ကျွန်တော်လိုချင်တာက totalbalance တစ်ခုထဲဖြစ်တဲ့ အတွက် scalar-valued function ဆောက်ပါမယ်။ ဒီလိုပါ…

CREATE FUNCTION GetTotalBalance (@CategoryID int)
RETURNS int
AS
BEGIN
	DECLARE @TotalBalance int
	SELECT @TotalBalance = SUM(balance)
	FROM Item
	WHERE CategoryID = @CategoryID
	RETURN @TotalBalance
END

Function ဆောက်ဖို့ CREATE FUNCTION keyword ကိုသုံးပါတယ်။ ပြန်ပြင်ဖို့အတွက်တော့ ALTER FUNCTION နဲ့

ALTER FUNCTION GetTotalBalance (@CategoryID int)
RETURNS int
AS
BEGIN
	DECLARE @TotalBalance int
	SELECT @TotalBalance = SUM(balance)
	FROM Item
	WHERE CategoryID = @CategoryID
	RETURN @TotalBalance
END

ဖျက်ဖို့အတွက်တော့ DROP FUNCTION keyword တို့ကို သုံးပါတယ်။

DROP FUNCTION GetTotalBalance

ဒီ function မှာ CategoryID ကို parameter လက်ခံပြီး item table ထဲမှာ အဲ့ဒီ categoryID ရဲ့ totalbalance ကို return ပြန်ပါတယ်။ အိုကေ အခုကျွန်တော်တို့ ဒီ function ကို create လုပ်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ ရဲ့ query တွေမှာ ပြန်ခေါ်သုံးလို့ ရပါပြီ။

select category.*, dbo.GetTotalBalance(categoryID)
from category

result:

CategoryID CategoryName Status totalbalance
1 Computer Active 16
2 Stationary Active 15
3 Electronic Active 4
4 Clothes Inactive NULL
5 Kitchen wares Inactive NULL

ကဲ နောက်ထပ် FUNCTION တစ်မျိုးက Table-valued function. အခုကျွန်တော် categoryname, totalbalance နဲ့ totalamount တို့ကို ထုတ်ပြချင်ပါတယ်။ အဲ့ဒီ အတွက် Table-value function လေး ဆောက်ရအောင်။ သူလည်းပဲ Create function keyword ကိုပဲ သုံးပါတယ်။

CREATE FUNCTION GetItemByCategory()
RETURNS TABLE
AS
RETURN
(
    SELECT categoryname,
        sum(balance) as totalBalance,
        sum(price * balance) as totalamount
    FROM Item inner join category
	ON item.categoryID = category.categoryID
    GROUP BY categoryname
)

ပြီးရင် အဲ့ဒီ function လေးကို ဒီလို ခေါ်ပါမယ်

select * from GetItemByCategory()

result:

Categoryname totalBalance totalamount
Computer 16 105000
Electronic 4 960000
Stationary 15 7500

September 19, 2009

basic of SQL Statement (part 7)

Filed under: SQL Commands — Tags: , , — sevenlamp @ 2:10 PM

ဒီနေ့လည်း ကျွန်တော်တို့ SQL statement တွေအကြောင်းပဲ ဆက်ပြောရအောင်ဗျာ။ subquery အကြောင်းပြောချင်လို့ဗျ။ ကျွန်တော်က category table ထဲက categoryID 1, 3, 5 နဲ့ တူတာတွေ ထုတ်ချင်တယ်ဆိုရင်… OR ကိုသုံးရင် ဒီလိုရေးရမယ်…

select * from category
where categoryid = 1 or categoryid = 3 or categoryid = 5

result:

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active

categoryID အများကြီး ကိုခုလိုမျိုး စစ်မယ်ဆိုရင် OR ကိုသုံးရတာ အဆင်မပြေတော့ပါဘူး။ ဒီအခါမှာ In keyword ကိုသုံးပြီး ခုလိုရေးလို့ရပါတယ်…

select * from category
where categoryid in ( 1, 2, 3 )

result:

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active

အခုကျွန်တော်က စုစုပေါင်း ကုန်လက်ကျန် ၅ခု ထက်များတဲ့ category တွေကို ထုတ်ပြချင်တယ်ဆိုရင်…

select * from category
where categoryid in (
	select categoryid from item
	group by categoryid
	having SUM(balance)>5
)

result:

CategoryID CategoryName Status
1 Computer Active
2 Stationary Active

အပေါ်က ရေးထားတဲ့ query ကို တစ်ပိုင်းချင်း အရင် run ကြည့်လိုက်
select categoryid from item
group by categoryid
having SUM(balance)>5

ကို run ရင် အဖြေက 1,2 ဆိုပြီးထွက်လာမယ်၊ အဲ့ဒီ result ကိုမှ ပေါ်က query က in နဲ့ ပြန်စစ်ယူသွားတာ။ ဒီလို query တစ်ခုထဲမှာပါတဲ့ နောက်ထပ် query ကို subquery ဒါမှမဟုတ် inner query လို့ခေါ်ပါတယ်။ အခု where နောက်မှာ ရေးတဲ့ subquery မှာ column အများကြီးထုတ်လို့မရဘူး။ where နောက်က condition စစ်ထားတဲ့ column တစ်ခုကိုပဲထုတ်ပေးရတယ်။ select နောက်မှာ column တစ်ခုအနေနဲ့လည်း subquery ကိုသုံးလို့ရပါသေးတယ်။ ဥပမာဗျာ.. ကျွန်တော်က category အားလုံးနဲ့ သူတို့ရဲ့ ကုန်လက်ကျန်စုစုပေါင်းကိုပါ ပြချင်တယ်ဆိုရင်….။

select *, (
	select sum(balance)
	from item
	where category.categoryid = item.categoryid
	group by item.categoryid
) as totalbalance
from category

result:

CategoryID CategoryName Statius totalbalance
1 Computer Active 16
2 Stationary Active 15
3 Electronic Active 4
4 Clothes Inactive NULL
5 Kitchen wares Inactive NULL

ဒီ query လေးမှာ အဓိက ထုတ်တာကတော့ category table ပဲ၊ totalbalance column အတွက်မှ နောက်ထပ် query ကိုထပ်ခေါ်သွားတာ။ ဒီနေရာမှာ သတိထားရမှာက subquery ထဲကနေ ထွက်လာမယ့် value က only one row ပဲဖြစ်ရမယ်။ ဒါကြောင့် where category.categoryid = item.categoryid ဒီအပိုင်းလေး ထည့်ရေးပေးရတယ်။ ဟုတ်ပြီ… ဒါဆိုရင် ကျွန်တော်တို့ subquery ဘယ်လိုရေးရလဲဆိုတာ နည်းနည်း သိလောက်ပါပြီ။ အခု အပေါ်က query ကိုပဲ ကြည့်ပါ select ထဲမှာ နောက်ထပ် select တွေ ထပ်ရေးတော့ query ကိုကြည့်လိုက်ရင် ရှုပ်နေသလို ဖြစ်နေလိမ့်မယ်။ ဒီအခါမျိုးမှာ ပိုပြီး ရှင်းသွားဖို့အတွက် ကျွန်တော်တို့ ကိုယ်ပိုင် function တွေဆောက်ပြီး ရေးလို့ရပါတယ်။ အိုကေ.. function တွေအကြောင်းကို နောက်မှ ဆက်ပြောရအောင်။

September 18, 2009

basic of SQL Statement (part 6)

Filed under: SQL Commands — Tags: , , , , , , — sevenlamp @ 10:00 AM

Sql statement တွေဘက်ကိုတော့ မလှည့်ဖြစ်တာ တော်တော်ကြာသွားပြီ။ ကျွန်တော်လည်း ရေးချင်တာတွေကတော့ အများကြီး အချိန်ကမရှိဘူးဖြစ်နေတာနဲ့ ရှေ့မဆက်နိုင်ဘူးဖြစ်နေတာ။ ဘာဘဲဖြစ်ဖြစ် ရတဲ့အချိန်လေးလုပြီး ကျွန်တော်သိသလောက်တော့ ထပ်ရေးနေဦးမှာမို့ အားပေးကြပါဦးဗျာ။ ကဲ… ကျွန်တော်တို့ select statement ကို ပြောလက်စ ဆက်ပါဦးမယ်။ table တစ်ခုထဲက data ကို ထုတ်ကြည့်တာကိုတော့ နားလည်လောက်ပြီထင်ပါတယ်။ အခု ကျွန်တော်တို့ တစ်ခုထက်ပိုတဲ့ table တွေထဲက data တွေကို ထုတ်ကြည့်ရအောင်။ ဥပမာဗျာ… item table ထဲက record အားလုံးပြမယ်ဆိုပါတော့။ ဒါပေမယ့် categoryid အစား categoryname ကိုပြချင်တယ်ဆိုရင်၊ item table နဲ့ category table ၂ ခုကို ချိတ်ရတော့မှာပါ။ ဟုတ်ပြီ… ဒါဆိုရင် table တွေ ချိတ်ဖို့အတွက် ဘာတွေလိုလဲ… ?

ဟုတ်ကဲ့ table တစ်ခုနဲ့ တစ်ခုချိတ်ဆက်တာကို join လုပ်တယ်လို့ ခေါ်ပါတယ်။ join နည်း ၃ မျိုးရှိပါတယ်။

၁) cross join

Cross join ကတော့ table ၂ ခုကို comer(,) ခံပြီး join တာပါ။ ဒီလိုမျိုးပါ

select item.*, category.categoryName
from item, category

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Computer
5 SONY 32” TV 3 900000 1 - Computer
6 Moon 16” Stand Fan 3 20000 3 - Computer
1 Sony Optical Mouse 1 2500 10 - Stationary
2 A4 Tech Keyboard 1 5000 1 - Stationary
3 ViewSonic 17” Flat CRT 1 15000 5 - Stationary
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Stationary
6 Moon 16” Stand Fan 3 20000 3 - Stationary
1 Sony Optical Mouse 1 2500 10 - Electronic
2 A4 Tech Keyboard 1 5000 1 - Electronic
3 ViewSonic 17” Flat CRT 1 15000 5 - Electronic
4 First Eleven Book 2 500 15 - Electronic
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
1 Sony Optical Mouse 1 2500 10 - Clothes
2 A4 Tech Keyboard 1 5000 1 - Clothes
3 ViewSonic 17” Flat CRT 1 15000 5 - Clothes
4 First Eleven Book 2 500 15 - Clothes
5 SONY 32” TV 3 900000 1 - Clothes
6 Moon 16” Stand Fan 3 20000 3 - Clothes
1 Sony Optical Mouse 1 2500 10 - Kitchen wares
2 A4 Tech Keyboard 1 5000 1 - Kitchen wares
3 ViewSonic 17” Flat CRT 1 15000 5 - Kitchen wares
4 First Eleven Book 2 500 15 - Kitchen wares
5 SONY 32” TV 3 900000 1 - Kitchen wares
6 Moon 16” Stand Fan 3 20000 3 - Kitchen wares

cross join လို့ ဆိုတဲ့ အတိုင်းပါပဲ။ ဒီပုံစံက table ၂ ခုကို မြှောက်လို့ရတဲ့ အတိုင်း result ထွက်ပါတယ်။ item ထဲမှာက record ၆ ကြောင်း၊ category ထဲမှာက record ၅ ကြောင်း ရှိပါတယ်။ ဒါကြောင့် အပေါ်က query ကို run လိုက်ရင် record စုစုပေါင်း အကြောင်း ၃၀ ထွက်ပါလိမ့်မယ်။ item table ထဲက record ၁ကြောင်းစီ အတွက် category table ထဲမှာ record ရှိသလောက်ကို ထုတ်ပြသွားတာပါ။ ကျွန်တော်က့  အကုန်မထုတ်ပဲ item table ထဲမှာ ပါတဲ့ categoryID နဲ့ category table ထဲမှာပါတဲ့ categoryID တူတဲ့ record တွေပဲ ထုတ်ပြချင်တယ်ဆိုရင်တော့ ထွက်လာတဲ့ result ကို condition ပြန်စစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ where ကို သုံးပြီး အခုလို ရေးရပါမယ်။

select item.*, category.categoryName
from item, category where item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic

၂) inner join
Inner join က cross join ကို where ထည့်ထားတဲ့ ပုံစံနဲ့ တူပါတယ်။ table ၂ ခုကို join ဖို့အတွက် On keyword ကိုသုံးပါတယ်။ ဒီလိုမျိုးပါ..

select item.*, category.categoryName
from item inner join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic

inner join နဲ့ရေးထားတဲ့အတွက် item table ထဲက categoryID က category table ထဲမှာ ရှိမနေဘူးဆိုရင် အဲဒီ record ကို ထုတ်ပြပေးမှာမဟုတ်ပါဘူး။ ဟုတ်ပြီ တစ်ခါတလေမှာ ကျွန်တော်က item table ထဲက အားလုံးထုတ်ပြချင်တယ်၊ category table ထဲမှာ ရှိရင် category name ပြပြီး၊ မရှိရင်တော့ null ပဲပေါ်လာချင်တယ်ဆိုရင်။ တနည်းအားဖြင့် table တခုခုကို မူတည်ပြီး ပြချင်တယ်ဆိုရင် ကျွန်တော်တို့ inner join ကိုသုံးလို့ မရတော့ပါဘူး။ ဒီအခါမှာ outer join ကိုသုံးရတော့မှာပါ။

၃) outer join
Outer join ကို ၂ ပိုင်းထပ်ခွဲနိုင်ပါတယ်။ Left outer join နဲ့ Right outer join ပါ။ join keyword ရဲ့ ဘယ်ဖက်က table ကို အကုန်ပြမယ်ဆိုရင် left join နဲ့ ရေးရပြီး။ join keyword ရဲ့ ညာဖက်က table ကို အကုန်ပြချင်ရင်တော့ right join နဲ့ ရေးပါမယ်။

select item.*, category.categoryName
from item left join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
select item.*, category.categoryName
from item right join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
NULL NULL NULL NULL NULL NULL Clothes
NULL NULL NULL NULL NULL NULL Kitchen wares

left join လို့ရေးရေး left outer join လို့ပဲ ရေးရေး တူတူပါပဲ။ right join နဲ့ right outer join လည်း တူတယ်နော်။ နောက်ဆုံး query result မှာ null တွေထွက်လာတာ တွေ့ရတယ်နော်၊ ဘာလို့လဲဆိုတော့ category table ကို မူတည်ပြီး ယူလိုက်တော့ item table ထဲမှာ မရှိတာတွေအတွက် null တွေထွက်လာတာပါ။

September 17, 2009

basic of C# (part 23)

Filed under: Basic of C# — Tags: , , , — sevenlamp @ 10:07 AM

ဒီနေ့ ကျွန်တော်တို့ C# ရဲ့ property တွေ အကြောင်း ပြောကြရအောင်။ အရင်ဆုံး property တွေ ဘယ်လိုကြောင့် ဖြစ်ပေါ်လာလဲ အရင်စပြောပါ့မယ်။ ဟုတ်ပြီ ကျွန်တော်တို့ class တစ်ခုထဲက instant member data တွေကို တခြား class တွေကနေ ခေါ်သုံးမယ်ဆိုရင် အဲ့ဒီ instant member ရဲ့ရှေ့မှာ public keyword ထည့်ပြီး ကြေငြာပေးရပါတယ်။ ဒီလိုမျိုးပါ…

using System;
class Test_A
{
    public int var;
}
class Program
{
    static void Main()
    {
        Test_A obj = new Test_A();
        obj.var = 1;
        Console.WriteLine(obj.var);
        Console.Read();
    }
}

ဒီ program လေးကိုကြည့်ကြည့်ပါ။ Test_A class ထဲက var ဆိုတဲ့ variable ကို program class ထဲကနေခေါ်ပြီး တန်ဖိုးထည့်တယ်။ ပြီးတော့ ပြန်ရိုက်ထုတ်တယ်။ ဒီလိုခေါ်လို့ ရဖို့အတွက် Test_A ထဲမှာ public ဆိုပြီး ကြေငြာပေးရတယ်။ ဒီလို member data တွေကို public လုပ်ပြီး အပြင်ကနေ ခေါ်သုံးတာက ရေးရတာ လွယ်ပါတယ်၊ ဒါပေမယ့် Object-oriented ဆိုပြီး အော်လာကြတဲ့ သကာလမှာ data hiding ဆိုတဲ့ rule လေးတစ်ခုပါပါလာပါတယ်။ အဲ့ဒီ rule ကတော့ member data တွေကို အပြင်ကနေ တိုက်ရိုက်ခေါ်ပြီး မသုံးရပါဘူး၊ hide လုပ်ထားပါတယ်။ ဒါဆိုရင် အဲ့ဒီ member ကို အပြင်ကနေဘယ်လိုခေါ်မလဲ။ ဟုတ်ကဲ့ အဲ့ဒီလိုခေါ်ဖို့အတွက် အစောပိုင်းကာလတွေမှာ ကျွန်တော်တို့ member function တွေကို သုံးရပါတယ်။ ဒီလိုမျိုးပါ….

using System;
class Test_B
{
    private int var;
    public void SetData(int value)
    {
        var = value;
    }
    public int GetData()
    {
        return var;
    }
}
class Program
{
    static void Main()
    {
        Test_B obj = new Test_B();
        obj.SetData(2);
        Console.WriteLine(obj.GetData());
        Console.Read();
    }
}

ဒီ program လေးကိုကြည့်လိုက်ပါ။ Type_B class ထဲက member variable ကို အပြင်ကနေ ခေါ်သုံးလို့မရအောင် private လုပ်လိုက်ပါတယ်။ ပြီးတော့မှ အဲ့ဒီ member data ထဲကို တန်ဖိုးထည့်ဖို့ SetData function နဲ့ တန်ဖိုးပြန်ထုတ်ဖို့ GetData function ကိုရေးပေးပါတယ်။ အဲ့ဒီ function တွေကိုတော့ public လုပ်ပေးရပါမယ်။ ဒီလိုရေးလိုက်ခြင်းအားဖြင့် data hiding rule ကို လိုက်နာပြီးသားဖြစ်သွားပါတယ်။ ခုလိုမျိုး function ကနေတဆင့် တန်ဖိုးအသွင်းအထုတ်လုပ်တာ မရဘူးလားဆိုတော့ ရပါတယ်၊ ဒါပေမယ့် member variable ကို ခေါ်သုံးရတာလောက်တော့ မလွယ်ကူပါဘူး။ အနည်းဆုံးတော့ member data တစ်ခုအတွက် function ၂ခု မှတ်နေရပါတယ်။ ဒါကြောင့် C# language မှာတော့ data hiding rule ကိုလည်း လိုက်နာပြီး member data ကိုခေါ်သလိုလည်း လွယ်လွယ်ကူကူ ခေါ်လို့ရအောင် property ဆိုတာကို သုံးလာကြပါတယ်။ ကဲ property ကို ဘယ်လိုရေးရလဲ….

using System;
class Test_C
{
    private int var;
    public int MyVar
    {
        get
        {
            return var;
        }
        set
        {
            var = value;
        }
    }
}
class Program
{
    static void Main()
    {
        Test_C obj = new Test_C();
        obj.MyVar = 3;
        Console.WriteLine(obj.MyVar);
        Console.Read();
    }
}

Property ရေးတဲ့ ပုံစံက member function နဲ့တော့ဆင်ပါတယ်။ အရင်ဆုံး အပြင်ကနေခေါ်သုံးလို့ရအောင် public ကြေငြာပေးရပါတယ်။ ပြီးရင်property ကနေ return ပြန်မယ့် data type ကြေငြာရမယ်၊ အဲ့ဒီနောက်မှာတော့ property ရဲ့ name ပေါ့။ function နဲ့မတူတဲ့ အချက်ကတော့ property မှာ parameter လက်ခံတဲ့ အပိုင်းမပါပါဘူး။ property ထဲကို တန်ဖိုးထည့်ဖို့အတွက် set keyword နဲ့ တန်ဖိုးထုတ်ဖို့အတွက် get keyword ကိုသုံးရပါတယ်။ ဆိုလိုတာကတော့ property မှာ get နဲ့ set ဆိုပြီး အပိုင်း၂ ပိုင်းပါဝင်ပါတယ်။ property ထဲက user က တန်ဖိုးထည့်လိုက်တဲ့ အခါ အဲ့ဒီ property ထဲက set အပိုင်းထဲမှာ ရေးထားတဲ့ code တွေကို အလုပ်လုပ်ပါတယ်။ user ထည့်လိုက်တဲ့ တန်ဖိုးကတော့ value လို့ခေါ်တဲ့ keyword ထဲကိုရောက်သွားပါတယ်။ အဲ့ဒီကနေတဆင် member data ထဲကိုထည့်ပေးပါတယ်။ property ထဲက တန်ဖိုးထုတ်တဲ့အခါမှာတော့ get ထဲမှာ ရေးထားတဲ့ code တွေက အလုပ်လုပ်ပေးပါတယ်။ property ကို အပြင်ကနေ ခေါ်တဲ့ ပုံစံကတော့ ရိုးရိုး member data ကိုခေါ်သလိုပဲ ခေါ်ရပါတယ်။ အိုကေ… အခုကျွန်တော်တို့ Property တွေ ရေးတက်ပြီလိုထင်ပါတယ်။ property ကို member data တွေကို ကိုယ်စားပြုဖို့ သုံးတာများပေမယ့် member data မရှိပဲနဲ့လည်း property ကိုပဲရေးလို့လည်း ရပါတယ်။ ဒီ example program လေး ရေးပြီး run ကြည့်ပါဦး။

using System;
class myNumber
{
    private int num;
    public string Num
    {
        get
        {
            return num.ToString();
        }
        set
        {
            try
            {
                num = Convert.ToInt32(value);
            }
            catch
            {
                num = 0;
            }
        }
    }
    public int Square // read only property
    {
        get
        {
            return num * num;
        }
    }
}
class Program
{
    static void Main()
    {
        myNumber obj = new myNumber();
        Console.Write("Enter a number : ");
        obj.Num = Console.ReadLine();
        Console.WriteLine("Square of {0} is {1}", obj.Num, obj.Square);
        Console.Read();
    }
}

September 16, 2009

ADO.NET in C# (part 3)

Filed under: ADO in Window Application — Tags: , , , , — sevenlamp @ 10:21 AM

ကဲ ဒီနေ့တော့ ကျွန်တော်တို့ မနေ့က program လေးကိုပဲ ပိုပြီးလွယ်တဲ့ နည်းလေးသုံးပြီး ပြန်ရေးလိုက်ရအောင်ဗျာ။ dataset ကို အရင်မဆောက်ပဲ datagrid ကနေတဆင့် ဆောက်မှာဖြစ်ပါတယ်။
1
ပုံ(၁)
ပုံ(၁)မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ။ ကျွန်တော်တို့ dataset ကြိုမဆောက်ထားတဲ့အတွက် choose data source ထဲမှာ ဘာမှ တွေ့ရမှာ မဟုတ်ပါဘူး။ ကဲ Add Project Data Source လင့်လေးကို click လိုက်ပါ။ 2
ပုံ(၂)
ဒါဆိုရင် Data Source အမျိုးအစားရွေးခိုင်းတဲ့ window လေးပေါ်လာပါ့မယ်။ ကျွန်တော်က databaseထဲကနေ ယူချင်တာဖြစ်လို့ Database ကိုရွေးပြီး Next ပါမယ်။3
ပုံ(၃)
ဒါဆိုရင် connection ရွေးခိုင်းတဲ့ နေရာကိုရောက်ပါပြီ။ အရင်က ချိတ်ဖူးတဲ့ connection တွေရှိနေရင် ပုံ(၃)မှာ ပြထားသလို combobox လေးထဲကနေရွေးပေးလိုက်ပါ။ မရှိဘူးဆိုရင်တော့ ဟိုနေ့က ပြောခဲ့သလို New Connection လုပ်ရမှာပါ။ Next ထပ်နှိပ်ပါဦး၊ ဒါဆို connection ကိုသိမ်းမလား မေးလိမ့်မယ်။ သိမ်းမယ်ပြောပြီး Next ထပ်နှိပ်ပါ။4
ပုံ(၄)
Database object ရွေးခိုင်းတဲ့ နေရာရောက်ရင် Tables အောက်က Category Table ကိုရွေးရပါမယ်။ DataSet name နေရာမှာ CategoryDataSet လို့ ပြောင်းချင်ရင် ပြောင်းလို့ ရပါတယ်။ ဒီတိုင်းထားလည်း ပြဿနာမရှိပါဘူး။ ကဲ Finished လိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ datagrid နဲ့ database ချိတ်ဆက်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ dataSet ကိုလည်း ဆောက်ပေးသွားမှာပါ။ form load event မှာလည်း data fill လုပ်ပေးသွားပါလိမ့်မယ်။ အခု ကျွန်တော်တို့က data update လုပ်ဖို့ code ၂ ကြောင်းပဲ ရေးပေးစရာ လိုအပ်ပါတော့တယ်။ ကဲ… ဘယ်လိုလဲ… 5
ပုံ(၅)

private void CategoryList_Load(object sender, EventArgs e)
{
   this.categoryTableAdapter.Fill(this.mySaleDBDataSet.Category);
}
private void button1_Click(object sender, EventArgs e)
{
   categoryBindingSource.EndEdit();
   this.categoryTableAdapter.Update(mySaleDBDataSet.Category);
}

September 15, 2009

ADO.NET in C# (part 2)

Filed under: ADO in Window Application — Tags: , , , , — sevenlamp @ 9:42 AM

ကဲ မနေ့က ကျွန်တော်တို့ categoryDataSet ဆောက်ခဲ့ပြီးပြီဆိုတော့ အခုကျွန်တော်တို့ datagrid မှာ ပြဖို့ လုပ်ရအောင်။ အရင်ဆုံး window form တစ်ခုယူလိုက်ပါ၊ နာမည်ကိုတော့ CategoryList လို့ ပေးလိုက်ပါ။ အဲ့ဒီ form ထဲကို ပုံမှာ ပြထားတဲ့ အတိုင်း label တစ်ခု၊ button တစ်ခုနဲ့ datagrid တစ်ခုထည့်လိုက်ပါဦး။ control တွေမှာ ပြင်ရမယ့် property setting ကိုလည်း ပြထားပါတယ်။
1ပုံ (၁)

Datagrid ကို click နှိပ်လိုက်ရင် ညာဖက်အပေါ်ဒေါင့်မှာ arrow icon လေးတစ်ခုတွေ့ရပါလိမ့်မယ်။ အဲ့ဒါလေးကို နှိပ်လိုက်ရင် datasource ရွေးဖို့ combobox လေးကိုတွေ့မှာပါ။ အဲ့ဒီ combobox လေးကို နှိပ်ပြီး ဒီ form လေးမှာ ရှိနေတဲ့ datasource တွေကိုရွေးလို့ရပါတယ်။ အခုကျွန်တော်တို့က datasource မထည့်ရသေးလို့ ဘာမှ တွေ့ရမှာမဟုတ်ပါဘူး။ datasource တစ်ခု create လုပ်ဖို့နည်းလမ်း ၂ခုရှိပါတယ်။ နည်းလမ်း (၁) က အောက်က ပုံ (၂) မှာ ပြထားသလို combobox ထဲမှာ အဆင့်ဆင့်သွားပြီး ကျွန်တော်တို့ ဆောက်ထားတဲ့ CategoryDataSet ထဲက category table လေးကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ပုံ (၃) မှာ ပြထားသလို categoryBindingSource object, categoryDataSet object နဲ့ categoryTableAdapter တို့ကို ဆောက်ပေးသွားပါလိမ့်မယ်။ datagrid မှာလည်း category table ထဲက column တွေ ပေါ်လာတာ တွေ့ရမှာပါ။ ဒါဆိုရင် datagrid နဲ့ dataset ချိတ်တဲ့ အပိုင်းပြီးသွားပါပြီ။ အခု ဒီ program လေးကို run လိုက်ရင် data တွေပေါ်လာပြီလား။ မပေါ်ဘူးနော်… ဘယ်ပေါ်မလဲ category table ထဲမှာ data မှ မရှိတာကိုး :D
2

ပုံ (၂)

3ပုံ (၃)

ကဲ အခု ကျွန်တော်တို့ dataset နဲ့ ချိတ်ဆက်မှု ပြီးသွားပြီ ဆိုတော့။ data အသွင်းအထုတ်လုပ်လို့ ရပါပြီ။ ဒီလိုလုပ်လို့ ရဖို့အတွက် အရင်ဆုံး ပုံ (၃)မှာ ပြထားသလို datagrid မှာ Enable Adding, Enable Editing နဲ့ Enable Deleting တို့ကို check လုပ်ပေးခဲ့ရပါမယ်။ အခု ကျွန်တော်တို့ လုပ်ရမှာက program ကို run လိုက်ပြီး category တွေထည့်ရပါမယ်။ ဒီလိုထည့်တဲ့ အခါမှာ categoryID ကို ထည့်ပေးစရာ မလိုပါဘူး။ primary key ဖြစ်တဲ့ categoryID ကို autoincrement လုပ်ထားတဲ့ အတွက် ကျွန်တော်တို့ data ဖြည့်ပေးစရာ မလိုပါဘူး။ save လုပ်ရင် အလိုလိုထည့်ပေးသွားပါလိမ့်မယ်။ အခုကျွန်တော်တို့ data ဖြည့်ပြီးလို့ database ထဲကို သိမ်းတော့မယ်ဆိုရင် update button ကိုနှိပ်ပါ့မယ်။ ဒါဆို update button ရဲ့ click event မှာ dataset ထဲက data တွေကို database ထဲသွားသိမ်းဖို့ အတွက် code ရေးပေးရပါမယ်။ ကျွန်တော်တို့ အခု datagrid ထဲမှာ ထည့်နေတဲ့ data တွေက memory ပေါ်က categoryDataSet ထဲမှာ ရှိနေပါတယ်။ အဲ့ဒီ data တွေကို database ထဲရောက်ဖို့အတွက် Adapter ကနေတဆင့် Update function ကိုခေါ်ရမှာပါ။ မခေါ်ခင်အရင်ဆုံး datagrid နဲ့ ချိတ်ထားတဲ့ datasource ကို ပြင်နေတာ ပြီးပါပြီလို့ ပြောပေးရပါမယ်။ ဒီလိုမျိုးပါ…

private void button1_Click(object sender, EventArgs e)
{
        this.categoryBindingSource.EndEdit();
      	this.categoryTableAdapter.Update(this.categoryDataSet.Category);
}

အခု ကျွန်တော်ခေါ်လိုက်တဲ့ update function က dataset ဆောက်တုန်းက compiler က auto ဆောက်ပေးသွားတဲ့ function ဖြစ်ပါတယ်။
4ပုံ (၄)
5ပုံ (၅)

ပုံ (၄) မှာ ပြထားတဲ့ အတိုင်း ကျွန်တော် category ၂ကြောင်းဖြည့်လိုက်ပါတယ်။ categoryID က -1 နဲ့ -2 ဆိုပြီး temporary assign လုပ်ပေးသွားပါတယ်။ update button ကို နှိပ်ပြီး update လုပ်လိုက်ပြီးတဲ့ အချိန်မှာတော့ ပုံ(၅) အတိုင်း ဖြစ်သွားမှာပါ။ categoryID က database ထဲကအတိုင်း refresh ဖြစ်သွားပါတယ်။ program ကို ပိတ်ပြီး ပြန်ဖွင့်တဲ့ အခါမှာလည်း ဒီအတိုင်းပဲ ပေါ်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ form_load event မှာ ရေးထားတဲ့ ဒီ code ကြောင့်ပါ။

private void CategoryList_Load(object sender, EventArgs e)
{
      this.categoryTableAdapter.Fill(this.categoryDataSet.Category);
}

ဒီ code ကို ကျွန်တော်တို့ datagrid နဲ့ dataset ထဲက table နဲ့ ချိတ်လိုက်တဲ့ အချိန်မှာ auto ရေးပေးသွားတာပါ။ dataset ထဲမှာ ရှိတဲ့ categoryTableAdapter ထဲမှာ ကျွန်တော်တို့ရေးခဲ့တဲ့ Fill function ကိုသုံးပြီး dataset ထဲက category table ထဲကို data ဖြည့်ပေးပါတယ်။ table ထဲမှာ dataရှိသွားတဲ့ အတွက် table နဲ့ ချိတ်ထားတဲ့ datagridview မှာပါ data တွေ ပေါ်လာတာပါ။ အဲ့ဒီ formload event ထဲက data fill လုပ်တဲ့ code ကို comment ပိတ်ပြီး ပြန် run ရင် data ပေါ်မှာ မဟုတ်တော့ပါဘူး။ အိုကေ ဒီလောက်ဆိုရင် object datasource သုံးပြီး datagridview နဲ့ data အသွင်းအထုတ်လုပ်တာ နားလည်ပြီထင်ပါတယ်။

September 13, 2009

ADO.NET in C# (part 1)

Filed under: ADO in Window Application — Tags: , , , , — sevenlamp @ 11:15 AM

ado.net
ကျွန်တော်တို့တွေ database ထဲက record တွေကို User Interface မှာ ရှိတဲ့ datagrid လို၊ textbox လို control တွေမှာ ပြဖို့ ပြင်ဖို့ ဘယ်လို ချိတ်ဆက်ရမလဲ ဆိုတဲ့ အကြောင်းကို ဆက်ပြီးလေ့လာကြရအောင်။ C# window application မှာ database နဲ့ ချိတ်ဆက်ဖို့အတွက် နည်းလမ်း ၂ မျိုး သုံးလို့ရပါတယ်။ နံပါတ် ၁ နည်းလမ်းကတော့ data ပြမယ့် UI control နဲ့ data ရှိတဲ့ databaseကို တိုက်ရိုက်ချိတ်ဆက်ခြင်း ဖြစ်ပြီး ဒီလိုဆောင်ရွက်နိင်ဖို့အတွက် SQL DataSource object ကို သုံးရပါတယ်။ နံပါတ် ၂ နည်းလမ်းကတော့ database table တွေထဲက data တွေကို ကျွန်တော်တို့ program ရဲ့ memory ပေါ်မှာ dataset တွေ အနေနဲ့ သိမ်းထားပြီး၊ အဲ့ဒီ dataset တွေနဲ့ UI controls တွေနဲ့ ချိတ်ဆက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို တဆင့်ခံ ချိတ်ဆက်ဖို့ အတွက်တော့ OBJECT DataSource နဲ့ dataset တို့ကို သုံးရပါတယ်။ ကျွန်တော်ကတော့ dataset တဆင့်ခံပြီး object datasource နဲ့ သုံးရတာကို ပိုပြီးကြိုက်တယ်ဗျ။ ဘာလို့လဲဆိုတော့ data အသွင်းအထုတ် transaction တစ်ခုစီအတွက် database ကို အမြဲသွားနေစရာမလိုဘူး။ dataset table ထဲမှာပဲ လုပ်လို့ရတယ်။ အားလုံးပြီးလို့ စိတ်ကျေနပ်ပြီဆိုမှ database ထဲကို တစ်ကြိမ်ထဲ update လုပ်နိုင်တယ်။ နောက်ပိုပြီးကောင်းတာက quary တွေက dataset တစ်နေရာထဲမှာ စုပြီး ရေးထားတာကြောင့် လိုအပ်လို့ modify လုပ်ချင်တဲ့ အခါမှာ လွယ်ကူတယ်။ sql datasource ကိုသုံးရင် data ပြမယ့်နေရာ ၃ နေရာရှိရင် quary ကို သုံးနေရာလုံးမှာ သုံးခါရေးရမှာဗျ။ ဒါဆို ပြင်မယ်ဆိုရင်လည်း သုံးနေရာလုံးမှာ လိုက်ပြင်ရလိမ့်မယ်။ ချိတ်ဆက်ပုံ ၂မျိုးလုံးကို ကျွန်တော်ရှင်းပြပါမယ်၊ ပထမဆုံး database ထဲမှာ table လေးတစ်ခုအရင် သွားဆောက်လိုက်ပါဦး။


DATABASE NAME => mySaleDB
TABLE NAME => Category
Field name Data Type AllowNull
CategoryID int false PrimaryKey (auto increment)
CategoryName varchar(50) true
Description varchar(500) true
Status bit true Default vale – true

အိုကေ.. ရပြီနော်… အခုကျွန်တော်တို့ object datasource နဲ့ သုံးတဲ့ပုံစံကို အရင်စပြီး သုံးပြပါ့မယ်။ ပထမဆုံး window project တစ်ခုဆောက်ပါမယ်။ VS2008 => File => New => Project => Window Form Application. Object datasource ကိုသုံးမယ်ဆိုရင် ပထမဆုံးလိုအပ်တာက dataset ပါ။ database table ထဲက data တွေကို memory ပေါ်မှာ သိမ်းထားဖို့အတွက် ကျွန်တော်တို့ dataset ကိုသုံးရပါမယ်။ အိုကေ project menu အောက်က Add new item menuitem ကို နှိပ်လိုက်ပါ။ ဒါဆို item ရွေးဖို့ window ပေါ်လာမယ်၊ အဲ့ဒီမှာ dataset ဆိုတာကိုရွေး CategoryDataSet လို့ နာမည်ပေးပြီး Add လိုက်ပါ။ ဒါဆို CategoryDataSet.xsd ဆိုတဲ့ dataset တစ်ခုကျွန်တော်တို့ ရပါပြီ။ database နဲ့ ချိတ်ဆက်မယ့် dataset တစ်ခုမှာ ပုံမှာပြထားတဲ့အတိုင်း DataTable နဲ့ TableAdapter ဆိုပြီး အပိုင်း ၂ ပိုင်းပါလေ့ရှိပါတယ်။ DataTable ကတော့ memory ပေါ်မှာ data တွေသိမ်းပေးပြီး၊ Tableadapter ရဲ့တာဝန်ကတော့ အဲ့ဒီ table ထဲကို database ကနေ data အသွင်းအထုတ်ကို ဆောင်ရွက်ပေးပါတယ်။ ဒီလိုဆောင်ရွက်ဖို့အတွက် Query statement တွေကျွန်တော်တို့ ဆောက်ပေးရမှာပါ။ ကဲ TableAdapter စဆောက်ရအောင်၊ ToolBox ထဲကနေ tableadapter ကို double click လုပ်ပြီးရွေးလိုက်ပါ။ TableAdapter ဆောက်တဲ့ အခါမှာ ပထမဆုံး database နဲ့ connection ယူရပါတယ်။ လက်ရှိ project ထဲမှာ connection ယူပြီးသားရှိရင် combobox ထဲမှာ ရွေးရပြီး၊ မရှိသေးရင်တော့ new connection လုပ်ရပါမယ်။
1
New connection wizard မှာ ကျွန်တော်တို့ သုံးချင်တဲ့ database အမျိုးအစားရွေးလို့ရပါတယ်။ Microsoft Access သုံးမလား၊ Microsoft SQL Server ပဲသုံးမှာလား၊ Oracle Database ပဲ ချိတ်ချင်လားရွေးလို့ရပါတယ်။ ကျွန်တော်တို့ Microsoft SQL Server ကိုပဲ ရွေးပြီး continue လိုက်ပါမယ်။
newconnection1
Add Connection wizard က Server Name နေရာမှာ ကျွန်တော်တို့ database ရှိနေတဲ့ computer name ကိုထည့်ပေးရပါမယ်။ ကိုယ့်စက်ကို ချိတ်မယ်ဆိုရင် (.) ထည့်ပေးလည်းရပါတယ်။ ပြီးရင် database login username နဲ့ password ထည့်ပေးရပါမယ်။ မရှိဘူးဆိုရင်တော့ Window Authentication ကိုရွေးခဲ့ပါ။ နောက်ဆုံးတဆင့်ကတော့ database name combo ထဲမှာ mySaleDB ကိုရွေးပေးပြီး OK လိုက်ပါ။
3
အခု dataconnection combo လေးမှာ ကျွန်တော်တို့ ရွေးခဲ့တဲ့ connection လေးတွေ့နေရပါပြီ။ အဲ့ဒီ connection မှာ password တခါတည်းထည့်မလား မထည့်ဘူးလား ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ တခါတည်းပဲ ထည့်ထားလိုက်ပါတယ်။ ပြီးရင် Next လိုက်ပါဦး။
4
အခုဆောက်ခဲ့တဲ့ connection ကိုသိမ်းထားမလား လာမေးပါတယ်။ သိမ်းထားလိုက်ပါ။ ဒါဆိုရင်တော့ connection ယူတဲ့ အပိုင်းပြီးပါပြီ။ connection ရသွားပြီးတော့ Query ဆက်ရေးရပါဦးမယ်။ ပထမဦးဆုံး SQL Statement သုံးမလား၊ Store Procedure သုံးမလား ရွေးခိုင်းတာပါ။ SQL Statement ပဲ ရွေးပြီး Next လိုက်ပါ။
5
ဒါဆိုရင် Query ရေးဖို့ နေရာရောက်ပါပြီ။ ကျွန်တော်က Category table ထဲက record အားလုံး ထုတ်ပြဖို့အတွက် “SELECT * FROM Category” လို့ရေးလိုက်ပါတယ်။ query ကို ကိုယ်တိုင်မရေးပဲ design ကိုပဲ ဆောက်ခိုင်းချင်တယ်ဆိုရင် Query Builder button ကိုနှိပ်ပြီး ဆောက်လို့ ရပါတယ်။ ကဲ ဆက်ပြီး Next လိုက်ပါဦး။
6
နောက်တစ်ဆင့်မှာတော့ ကျွန်တော်တို့ရေးခဲ့တဲ့ query ကို program ထဲမှာ ပြန်ခေါ်ဖို့အတွက် function name ပေးရတာပါ။ function ၂ ခုဆောက်ပေးပါတယ်။ Fill နဲ့ Get ပါ။ dataset စဆောက်တဲ့ ပထမဆုံး query အတွက် နာမည်မပြောင်းပါနဲ့ default အတိုင်း ပဲ ထားပြီး next လိုက်ပါဦး။
7
နောက်ဆုံးမှာ ကျွန်တော်တို့ရဲ့ CategoryDataSet ကြီးအောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပါပြီ။ compiler ဆောက်ပေးသွားတဲ့ result ကိုကြည့်လိုက်ပါဦး။ ကျွန်တော်တို့က Select query တစ်ခုထဲ ဆောက်ခဲ့ပေမယ့် insert, update, delete အားလုံးကို compiler က auto ဆောက်ပေးသွားပါတယ်။
8
Finish လိုက်ရင် categoryDataSet ထဲမှာ Category Table လေးရယ်၊ table ထဲမှာ ပါတဲ့ column name တွေရယ်၊ CategoryTableAdapter ရယ်၊ Fill နဲ့ GetDate Function တွေရယ်ကို တွေ့ရမှာပါ။ အိုကေ… နားလည်မယ်ထင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ Dataset တွေ တည်ဆောက်တက်ပါပြီ။ နောက်နေ့မှ datagridview နဲ့ ချိတ်ပါ့မယ်။

September 12, 2009

basic of C# (part 22)

Filed under: Basic of C# — Tags: , , , , , — sevenlamp @ 1:30 PM

class တစ်ခုထဲမှာ ရှိတဲ့ member တွေကို static member နဲ့ instant member ဆိုပြီး ၂ မျိုးခွဲ့ခြားနိုင်ပါသေးတယ်။ static member ကို class member လို့လည်း ခေါ်ပါတယ်။ instant member ကတော့ object member ပေါ့။ ဟုတ်ပြီ ဒါဆိုရင် အဲ့ဒီ static member တွေနဲ့ instant member တွေ ဘာကွာခြားလဲ ဆက်ကြည့်ရအောင်။ အဓိက ကွာခြားချက် ၄ ချက်လောက် ရှိတယ်ဗျ။ အရင်ဆုံး ဒီ program လေးကို run ကြည့်လိုက်ပါဦး။

class Test
{
    public static string clsVar;    // static member
    public string objVar;   // instant member
    public void Show()
    {
        Console.WriteLine(clsVar);  // use class member from instant member
        Console.WriteLine(objVar);
    }
}
class Program
{
    static void Main(string[] args)
    {
        Test t = new Test();
        Test t2 = new Test();
        t.objVar = "this is object member"; // call from object instant
        Test.clsVar = "this is class member";   // call from class name
        t.Show();
        Console.WriteLine();
        t2.Show();
        Console.Read();
    }
}

၁။ static member တွေ ကြေငြာဖို့အတွက် static keyword ကို သုံးရပါတယ်။ ရိုးရိုးmember တွေမှာတော့ static ထည့်ရန်မလိုပါ။

public static string clsVar;    // static member
public string objVar;   // instant member

၂။ instant member တွေက class ကိုဆောက်တဲ့ object တွေမှာ တစ်ခုဆီ copy ပါသွားမှာ ဖြစ်ပေမယ့်၊ static member ကတော့ object အားလုံးအတွက် တစ်ခုထဲရှိမှာ ဖြစ်ပါတယ်။

Test t = new Test();
Test t2 = new Test();

static member vs instant member

၃။ instant member ကို object name ကနေ ပြန်ခေါ်သုံးရပြီး၊ static member ကိုသုံးဖို့အတွက်တော့ class name ကနေတဆင့်သာ ခေါ်ခွင့်ရှိပါတယ်။

t.objVar = "this is object member"; // call from object instant
Test.clsVar = "this is class member";   // call from class name

၎။ static member တွေကို instant member တွေကနေ တဆင့်ခေါ်သုံးခွင့်ရှိပါတယ်။ ဒါပေမယ့် instant member တွေကိုတော့ static member တွေကနေ ခေါ်ခွင့်မရှိပါဘူး။

public void Show()
{
      	Console.WriteLine(clsVar); // call class member from object member
      	Console.WriteLine(objVar);
}

ကျွန်တော်တို့ static member တွေကို အရင်က သုံးဖူးတယ်ထင်လား? ဟုတ်ကဲ့ သုံးဖူးပါတယ်။ ဥပမာအနေနဲ့ screen မှာ စာရိုက်ဖို့သုံးတဲ့ WriteLine function ကိုပဲ ကြည့်ပါ။ WriteLine function က Console Class ထဲက member function တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ WriteLine function ကိုသုံးဖို့အတွက် Console Class ကို object ဆောက်ပါသလား။ မဆောက်ဖူးနော် class name ကနေပဲ ခေါ်သုံးသွားတာပါ Console.WriteLine() ဆိုပြီးလေ။ အိုကေ အဲ့ဒီလို ခေါ်ခွင့်ရှိတာ WriteLine function က static member function ဖြစ်နေလို့ပါ။ ကဲ ကျွန်တော်တို့ class member ကိုသုံးပြီး program တစ်ခုလောက်ရေးကြည့်ရအောင်။ အဲ့ဒီ program လေးမှာ ကျွန်တော်တို့ customer တစ်ယောက် အသစ်ထည့်လိုက်တိုင်း account number auto ပေါ်လာချင်တယ်။ ပြီးတော့ customer စုစုပေါင်း ဘယ်နှစ်ယောက် ရှိလဲဆိုတာကို ပြန်ပြပေးချင်တယ်။

class Customer
{
    string acno;
    string name;
    public Customer(string name)
    {
        this.acno = GetNewAcno(); //call static member function
        this.name = name;
    }
    public override string ToString()
    {
        return acno + "-" + name;
    }

    public static int counter = 0;
    public static string GetNewAcno()
    {
        counter++;
        return "C" + counter.ToString("D3");
    }
}
public class Program
{
    static void Main()
    {
        Customer a = new Customer("Mg Mg");
        Customer b = new Customer("Zw Zw");
        Customer c = new Customer("Ag Ag");
        Console.WriteLine("{0}", a);
        Console.WriteLine("{0}", b);
        Console.WriteLine("{0}", c);
        Console.WriteLine("Customer Count is {0}", Customer.counter);
        Console.Read();
    }
}

September 10, 2009

basic of C# (part 21)

Filed under: Basic of C# — Tags: , , , , — sevenlamp @ 9:31 AM

ဟိုနေ့က ကျွန်တော်တို့ Instant constructor အကြောင်းသိခဲ့ပြီးပြီ။ Constructor လို့ဆိုလိုက်တာနဲ့ programmer တော်တော်များများ ပြေးမြင်မီကြတာလည်း ဒီ Instant Constructor ပါပဲ။ အသုံးအများဆုံးနဲ့ မသုံးမဖြစ် Constructor လည်းဖြစ်ပါတယ်။ Instant Constructor အပြင် တခြား လူသိနည်းတဲ့ constructor ၂ ခုရှိပါသေးတယ်။ အဲ့ဒါတွေကတော့ Private Constructor နဲ့ Static Constructor တို့ပါပဲ။ Instant Constructor ကို public constructor လိုလဲ ခေါ်ပါသေးတယ်။ constructor ရဲ့ ရှေ့မှာ public keyword ကိုရေးပေးရပါတယ်။ ဘာလို့လဲ ဆိုတော့ class ကို object ဆောက်ဖို့အတွက် တခြား class တွေ ထဲမှာ ခေါ်သုံးလို့ ရအောင်ပါ။ private လို့ရေးလိုက်လို့ရှိရင်တော့ အဲ့ဒီ private constructor ပါတဲ့ class ကို object ဆောက်လို့ မရတော့ပါဘူး။ ဒါကြောင့် object မဆောက်စေချင်တဲ့ class တွေမှာ private constructor ကိုရေးပေးလေ့ရှိပါတယ်။ ဥပမာ…

using System;
class Constant
{
    private Constant()
    {}
    public static string DeveloperName = "Sevenlamp";
}
class Program
{
    static void Main()
    {
    //Constant c = new Constant(); // error
        Console.WriteLine(Constant.DeveloperName);
        Console.Read();
    }
}

ဒီ program လေးမှာ private constructor ကြေငြာထားလို့ Constant class ကို object ဆောက်လို့ မရပါဘူး။ ဒါဆိုရင် အဲ့ဒီ class ထဲမှာ ရှိတဲ့ member data တွေကို ဘယ်လို ပြန်ခေါ်သုံးမလဲ။ ဟုတ်ကဲ့ ကျွန်တော်တို့ private constructor ရှိတဲ့ class တွေထဲက member တွေကို ပြန်သုံးလို့ ရအောင် အဲ့ဒီ member တွေကို static keyword နဲ့ တွဲ့ပြီး ကြေငြာပေးရပါမယ်။ ဟုတ်ပြီ အဲ့ဒီ variable တွေကို static variable တနည်းအားဖြင့် class variable လို့ခေါ်ပါတယ်။ အဲ့ဒီ class variable တွေကို ခေါ်ဖို့အတွက် သူရှိနေတဲ့ class ကို object ဆောက်စရာ မလိုပါဘူး။ program မှာ ခေါ်ထားသလို class name ကနေတဆင့် ခေါ်သုံးလို့ ရပါတယ်။ နောက် constructor တစ်မျိုးကတော့ static constructor ပါ။ class တစ်ခုအတွင်းမှာ ရှိတဲ့ static member တွေအလုပ်မလုပ်ခင် အရင်ဆုံး static constructor က အလုပ်လုပ်လေ့ရှိပါတယ်။ ခုန program လေးကိုပဲ static constructor လေးထည့်ပြီး ပြန် run ကြည့်ရအောင်။

using System;
class Constant
{
    private Constant()
    {}
    static Constant()
    {
        Console.WriteLine("print from static constructor");
        DeveloperName = "Sevenlamp";
    }
    public static string DeveloperName;
}
class Program
{
    static void Main()
    {
        Console.WriteLine(Constant.DeveloperName);
        Console.WriteLine(Constant.DeveloperName);
        Console.Read();
    }
}

Program run လိုက်ရင် “Sevenlamp” ဆိုတဲ့ စာသားကို မရိုက်ပြခင်မှာ “print from static constructor” ဆိုတဲ့ စာသားကိုအရင် ရိုက်သွားတာ တွေ့ရမှာပါ။ ဒါပေမယ့် တစ်ခုသိထားရမှာက static constructor က static member တွေကို မခေါ်ခင် ပထမဆုံး တစ်ကြိမ်ပဲ အလုပ်လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်က developername ကို ၂ ကြိမ်ရိုက်ပြထားပေမယ့်  “print from static constructor” ကတော့ တစ်ကြိမ်ပဲ ပေါ်လာမှာဖြစ်ပါတယ်။ ကဲ ဒီလောက်ဆို ကျွန်တော်တို့ constructor တွေ အကြောင်း နည်းနည်းနားလည်လာပြီ ထင်ပါတယ်။

နောက်ပိုဒ့်မှာ static member နဲ့ instant member အကြောင်း ဆက်ပြောပါ့မယ်။

Older Posts »

Theme: Silver is the New Black. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.