our notes for our youngers

October 31, 2009

Graphics And Random

Filed under: Window Form Application — Tags: , , , , — sevenlamp @ 2:32 PM

Graphics Class

ကျွန်တော်တို့ ပုံတွေဆွဲချင်ပြီဆိုရင် ဘာတွေလိုအပ်မလဲ။ အရင်ဆုံး ဆွဲဖို့အတွက် နောက်ခံတစ်ခုလိုပါမယ်။ စာရွက်သော်လည်းကောင်း၊ နံရံသော်လည်းကောင်း၊ ပိတ်ကား သော်လည်းကောင်းပေါ့။ နောက်ပြီး ဆွဲမယ့် ခဲတံဖြစ်ဖြစ် စုတ်တံဖြစ်ဖြစ်လိုပါမယ်။ ဒီ ၂ ခုရှိပြီဆိုရင်တော့ ကျွန်တော်တို့ ပုံတွေ ဆွဲလို့ရပါပြီ။ ဒီအတိုင်းပါပဲ ကျွန်တော်တို့ C# window application မှာ graphic ပုံတွေ ဆွဲဖို့ လိုအပ်လာပြီဆိုရင်လည်း ဆွဲချင်တဲ့ နောက်ခံ object နဲ့ ဆွဲမယ့် pen or brush လိုအပ်ပါတယ်။ တကယ်ဆွဲတဲ့ အလုပ်ကိုတော့ graphics object ကနေတဆင့်လုပ်ပေးရပါမယ်။ အရင်ဆုံး Graphics Class ကို object ဆောက်ရပါမယ့်။ ဒီလို ဆောက်တဲ့အခါ ကျွန်တော်တို့ ဆွဲချင်တဲ့ နောက်ခံobject ကနေတဆင့် CreateGraphic() ဆိုတဲ့ function ကိုသုံးပြီးဆောက်ရမှာပါ။ ဒီလိုမျိုးပါ..

Graphics g = this.CreateGraphics();          // form ပေါ်မှာ ဆွဲရန်…

Graphics g = label1.CreateGraphics();       // label ပေါ်မှာ ဆွဲရန်…

နောက်ခံကိုရွေးပြီးပြီဆိုရင် အခုလိုအပ်တာက ဆွဲမယ့် ခဲတံပါ။ ကျွန်တော်ဆွဲမယ့်ပုံမှာ outline အနားသပ်ပဲ ပါမယ်ဆိုရင် Pen class ကိုသုံးရပြီး။ အတွင်းသား ကိုပါ အရောင်ဖြည့်မယ်ဆိုရင်တော့ Brush class ကိုသုံးရပါမယ်။ ကျွန်တော်လိုချင်တဲ့ အရောင်ကိုလည်း တခါတည်း ပြောပေးလိုက်ပါမယ်။

Pen p = new Pen (Color.Red);                 // အနီရောင် ခဲတံလေး တစ်ခုယူလိုက်တာပါ။

လိုင်းရဲ့ အထူအပါးကိုပါ ချိန်ပေးလို့လည်း ရပါတယ်။ pen class မှာ width property မှာ ပြင်ပေးလို့ရပါတယ်။

p.Width = 2;            // line အထူ 2 pixel ယူပါမယ်။

ဒါမှမဟုတ်… Pen object ဆောက်တုန်းမှာပဲ constructor ထဲမှာတခါတည်း ထည့်ပေးလိုက်လည်း ရပါတယ်။

Pen p = new Pen (Color.Red, 2);

Brush object ဆောက်ရင်တော့ တစ်ချက်သတိထားရမှာက Brush class ကိုယ်တိုင်ကို object ဆောက်လို့ မရပါဘူး။ သူ့ရဲ့ child class (SolidBrush, LinearGradientBrush,…) တွေကိုပဲ object ဆောက်လို့ရပါတယ်။

Brush b = new SolidBrush (Color.Green);   // အစိမ်းရောင် စုတ်တံလေးတစ်ခုယူလိုက်တာပါ။

ကဲ.. အခုနောက်ဆုံး ကျွန်တော်တို့ တကယ်ဆွဲပါတော့မယ်။ Pen ကိုသုံးမယ်ဆိုရင် Draw function တွေကိုသုံးရပြီး၊ Brush ကိုသုံးမယ်ဆိုရင်တော့ Fill Function ကို သုံးရပါတယ်။ အခုကျွန်တော် width 100, height 100 ရှိတဲ့ အစိမ်းရောက် box လေးကို အနီရောင်အနားကွပ်လေးနဲ့ လိုချင်တယ်ဆိုရင်…..

Graphics g = this.CreateGraphics();

Pen p = new Pen(Color.Red, 2);

Brush b = new SolidBrush(Color.Green);

g.FillRectangle(b, 10, 10, 100, 100);

g.DrawRectangle(p, 10, 10, 100, 100);

နောက်သိဖို့ တစ်ခုလိုသေးတာက ဒီကုဒ်တွေရေးရမယ့် event ပါ။ Form စပေါ်လာလာချင်းမှာ ပေါ်ချင်ရင် Form_Paint event မှာ ရေးရပါမယ်။ Button တစ်ခုခုကိုနှိပ်မှ ဆွဲမယ်ဆိုရင်တော့ အဲ့ဒီ button_click event မှာ ရေးရမှာပေါ့။ Paint event မှာ မရေးထားတာတွေ အားလုံးက form ကို Minimax လုပ်လိုက်ရင် အကုန် ပျောက်သွားမှာပါ။

Random Class

ကျွန်တော်တို့ C# programming language မှာ random ခေါက်ချင်ပြီဆိုရင် Random Class ကိုသုံးရပါတယ်။ Random ခေါက်တယ်ဆိုတာက သက်မှတ်ထားတဲ့ range တစ်ခုအတွင်းမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး တစ်ခုကို ရွေးလိုက်တာပါ။

Random rnd = new Random();

rnd.Next();              // Integer value တစ်ခု return ပြန်ပါတယ်။

rnd.Next(10);           // 0 – 9 ထဲက value တစ်ခု return ပြန်ပါတယ်။

rnd.Next(2, 6);         // 2 – 5 ထဲက value တစ်ခု return ပြန်ပါတယ်။

ကဲ ဟုတ်ပြီ အခုကျွန်တော်က ခုန rectangle လေးရဲ့ location လေးကိုကို form ပေါ်မှာ random ပေါ်အောင် ရေးကြည့်ရအောင်။

Random rnd = new Random();

int x = rnd.Next(this.ClientSize.Width);

int y = rnd.Next(this.ClientSize.Height);

Graphics g = this.CreateGraphics();

Pen p = new Pen(Color.Red, 2);

Brush b = new SolidBrush(Color.Green);

g.FillRectangle(b, x, y, 100, 100);

g.DrawRectangle(p, x, y, 100, 100);

October 29, 2009

screensaver အတုလေး ရေးရအောင်

ကျွန်တော်တစ်ခု စဉ်းစားမိတာ ရှိတယ်။ ကျွန်တော်တို့ အတူတူ C# program လေးတွေ ရေးကြရအောင်။ အရင်ဆုံး ကျွန်တော်က ရေးပြီးသား exe file လေး တင်ပေးမယ်။ ညီတို့က အဲ့ဒီ exe file လေးကို run ကြည့်ပြီး။ အဲ့ဒီ result အတိုင်းထွက်အောင် ကြိုးစားပြီး program ရေးကြည့်ကြပါ။ တစ်ပါတ်ကြာရင် ကျွန်တော်က အဲ့ဒီ program ကို ပြန်ရှင်းပြပြီး source code တင်ပေးပါ့မယ်။ ကြားထဲမှာ ညီတို့ ရေးတဲ့ program ကို ကျွန်တော် email ကို ပို့ပေးရင်လည်း ကျွန်တော် စစ်ပေးပါမယ့်။ ဒီလို လုပ်ခြင်း အားဖြင့် ကိုယ်တိုင် လေ့လာတဲ့ အလေ့အကျင့်လေးလည်း ရသွားမယ်။ program လည်း ရေး ကျင့်ရသွားမယ်ပေါ့။
ကဲ အရင်ဆုံး C# window application နဲ့ ရေးထားတဲ့ Screen server ပုံစံ program လေး နဲ့ စရေးလိုက်ရအောင်။
exe file လေးကို ဒီကနေ ယူပြီး run ကြည့်ပါ။
http://www.sendspace.com/file/xy2ql1

note:

ဒီ program လေးရေးဖို့အတွက်

1 – Graphics class အကြောင်း

2 – Random class အကြောင်း

3 – Array အကြောင်း

4 – Timer Control အကြောင်းကို သိဖို့လိုပါတယ်။

တကယ် လိုက်ပြီး ရေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်….

October 23, 2009

Question & Answer 1

Filed under: ADO in Window Application, Question&Answer — Tags: , , , , , — sevenlamp @ 4:06 PM

ကျွန်တော် သူငယ်ချင်းတို့ရဲ့ comment ထဲမှာ မေးတဲ့ မေးခွန်းလေးတွေကို အလျှင်းသင့်သလို ပြန်ဖြေနိုင်အောင်ဆိုပြီး Question and Answer ဆိုတဲ့ အပိုင်းလေး ထည့်ဖို့ စဉ်းစားမိတယ်။ ဒါနဲ့ ဒီ category လေးကို စလိုက်ပါတယ်။ သူငယ်ချင်းတို့ C# နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ မေးနိုင်ပါတယ်။ ကျွန်တော် သိသလောက် ဖြေပေးပါ့မယ်။ အဲ မသိရင်လည်း ကြိုးစား ရှာဖတ်ပြီး ဖြေပေးနိုင်အောင် ကြိုးစားပါ့မယ်။

အရင်ဆုံး Ko Thet မေးတဲ့ မေးခွန်းလေးနဲ့ စလိုက်ရအောင်….

Q : How to populate data in text box by using combo box.Says, Chose ID in Combo Box, then Name, Add, City, Contact no and etc will be shown in respective text box control. If you have time, please show me.

Comment by Ko Thet — October 22, 2009

A : ဒီမေးခွန်းလေးအတွက် ကျွန်တော် example program လေး တစ်ခု ရေးပြပါမယ်။ အရင်ဆုံး အောက်မှာ ပြထားတဲ့ ပုံ(၁) အတိုင်း database ထဲမှာ table လေး တစ်ခုဆောက်လိုက်ပါတယ်။

Database name => Course_DB

Table name => EmployeeTable

pic_1

pic_1

Note: EmployeeID ကို ကျွန်တော်တို့ ထည့်စရာ မလိုပဲ database မှာ auto တိုးသွားချင်လို့ အဲ့ဒီ column properties မှာ (Is Identity) ကို Yes လို့ ပေးလိုက်ပါတယ်။ Identity Seed (1) ကနေစပြီး Identity Increment (1) စီ တိုးသွားမယ်လို့ ပြောတာပါ။

ပြီးရင် အဲ့ဒီ EmployeeTable ထဲကို Sample Data နည်းနည်း ဖြည့်ပေးထားလိုက်ပါမယ်။ ပုံ(၂) နဲ့ ပုံ(၃)မှာ ကြည့်ပါ။

pic_2

pic_2

pic_3

pic_3

database ဆောက်ပြီးတော့ အခုကျွန်တော်တို့ program ဘက်အပိုင်းကို ဆက်ပါမယ်။ New Window Application တစ်ခုယူပြီး ပုံ(၄) အတိုင်း design ချလိုက်ပါတယ်။

pic_4

pic_4

Database ထဲက data ကို window form မှာ ချိတ်ပြဖို့အတွက် ကျွန်တော် အခု ပုံ(၅) မှာပြထားသလို အဆင့်ဆင့် လုပ်သွားလိုက်ပါ။

pic_5

pic_5

pic_6

pic_6

Data Source Configuration Wizard မှာ ‘DataBase’ ကိုရွေးပြီး Next ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် ပုံ(၇) မှာ ပြထားသလို database connection ရွေးခိုင်းတဲ့ နေရာကိုရောက်ပါမယ်။ ကျွန်တော်တို့က အခုမှ connection အသစ်ဆောက်မှာ ဖြစ်လို့ New Connection button ကိုနှိပ်လိုက်ပါ။ Add connection wizard ရောက်ရင် ပုံ(ဂ) မှာ ပြထားသလိုမျိုး connection တစ်ခု ဆောက်လိုက်ပါ။

pic_7

pic_7

pic_8

pic_8

pic_9

pic_9

ပုံ(၉) မှာ ပြထားတဲ့ အတိုင်း ကျွန်တော်တို့ database connection တစ်ခုရပါပြီ။ အဲ့ဒီ connection string ထဲမှာ password ထည့်သိမ်းထားမယ်ဆိုရင် ဒုတိယ radio button လေးကို ရွေးပေးရပါမယ်။

pic_10

pic_10

နောက်တစ်ဆင့်မှာ connection setting လေးကို သိမ်းမလားလို့ မေးပါတယ်။ အိုကေ သိမ်းထားလိုက်ပါ… နာမည်ကိုလည်း မပြောင်းတာကောင်းပါတယ်။

pic_11

pic_11

အခုကျွန်တော်တို့ combobox ကနေတဆင့် dataset ဆောက်တဲ့ အဆင်ပြီးသွားပါပြီ။ အခု ပြောသလိုမဆောက်ချင်ဘူး ဒါမှမဟုတ်လည်း ကျွန်တော်တို့ form ထဲမှာ combobox မပါဘူးဆိုရင်လည်း dataset ကြီးပဲ ဒီတိုင်း ယူပြီး ဆောက်လို့လည်း ရပါတယ်။ (Project Menu -> Add New Items -> DataSet )

pic_12

pic_12

Code file ထဲမှာလည်း Form_Load event ကို auto ဆောက်ပေးသွားပါလိမ့်မယ်။

private void Form1_Load(object sender, EventArgs e)
{
      this.employeeTableTableAdapter.Fill(this.course_DBDataSet.EmployeeTable);
}

Database ထဲက data တွေကို ကျွန်တော်တို့ program ရဲ့ memory ပေါ်မှာ ယူပြီး သိမ်းပေးထားတဲ့ အလုပ်ကို DataSet က လုပ်ပေးပါတယ်။ အဲ့ဒီ dataset ထဲကို data တွေ ပို့ဆောင်ပေးတဲ့ အလုပ်ကိုတော့ tableadapter က တာဝန်ယူပါတယ်။ Form Load event ထဲမှာ ရေးပေးသွားတဲ့ အလုပ်က အဲ့ဒီ data fill လုပ်ပေးတဲ့ အလုပ်ပါ။ DataSet ထဲက data တွေကို UI Controls တွေမှာ ပြဖို့ အတွက်ကိုတော့ BindingSource ကိုသုံးရပါတယ်။

pic_13

pic_13

အခု program လေးကို အခုနေ run လိုက်ရင် combobox ထဲမှာ employee no တွေကိုတွေ့နေရမှာပါ။ ဒါပေမယ့် textbox တွေမှာတော့ ပေါ်မှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ textbox တွေနဲ့ မချိတ်ပေးရသေးဘူးလေ။ အိုကေ အခု textbox တွေနဲ့ bindingsource နဲ့ ချိတ်ပေးပါ့မယ်။

pic_14

pic_14

Textbox နဲ့ databind ဖို့အတွက် textbox ရဲ့ properties window ကိုသွားလိုက်ပါ။ အပေါ်ဆုံးနားမှာ (DataBindings) ဆိုတဲ့ property လေးကို ဖွင့်လိုက်ပြီး၊ Text property ကိုနှိပ်လိုက်ပါ။ အဲ့ဒီမှာ ကျွန်တော်တို့ form မှာ ရှိနေတဲ့ employeeTableBindingSource ကိုတွေရပါမယ်။ အဲ့ဒီ bindingsource ထဲကနေ ကျွန်တော်တို့ textbox မှာ ပြချင်တဲ့ column name ကိုရွေးပေးလိုက်ရုံပါပဲ။ ကဲ… ကျန်တဲ့ textbox တွေအားလုံးမှာလည်း ဒီတိုင်းပဲ လိုက်လုပ်လိုက်ပါ။ အခုဆိုရင်တော့ Ko Thet လိုချင်တဲ့ Program ပုံစံလေး ရပြီထင်ပါတယ်။

October 21, 2009

Database Replication (part 1)

Filed under: Database Replication — Tags: , , — sevenlamp @ 4:39 PM

Database Replication (Synchronization)

ဒီနေ့ ကျွန်တော်တို့ database synchronization နဲ့ ပတ်သက်တဲ့ အကြောင်းလေး နည်းနည်း ပြောကြရအောင်ဗျာ။ database ကို synchronize လုပ်တယ်ဆိုတာဘာလဲ? တစ်ခုထက်ပိုတဲ့ database တွေထဲမှာ data တွေကိုအတူတူရှိနေအောင် ပြုလုပ်ခြင်းလို့ ပြောရမယ်ထင်တယ်။ ဒီလိုဗျာ.. ကျွန်တော်မှာ database 2 ခုရှိတယ် db_A နဲ့ db_B ဆိုပါတော့။ အဲ့ဒီ database ၂ ခုကို synchronization လုပ်ချင်တယ်။ db_A ထဲကို ထည့်လိုက်တဲ့ data တွေကို db_B ထဲမှာပါ ရောက်သွားစေချင်တာပေါ့။ ဒီလို လုပ်ထားခြင်း အားဖြင့် အကြောင်း တစ်ခုခုကြောင့် database တစ်ခုပျက်သွားခဲ့ရင် တခြား တစ်ခုကနေ data တွေကို ပြန်ရစေနိုင်မယ်လေ။ နောက် တခြား အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိဦးမယ်ဗျ။

Database replication မှာ publisher, distributor နဲ့ subscriber ဆိုပြီး အဓိက ဇာတ်လိုက် ၃ ယောက်ရှိတယ်ဗျ။

pic_1
pic_1

Publisher ဆိုတာက replication မှာ dataတွေ ပို့လွှတ်မယ့် database ပါ။

Subscriber ဆိုတာကတော့ publisherက ပို့လိုက်တဲ့ data တွေကို လက်ခံမယ့် database ပါ။

Distributor ဆိုတာကတော့ data တွေကို သယ်ယူပို့ဆောင်ပေးတဲ့သူလို့ ပြောရမယ်ထင်တယ်။ replication နဲ့ သက်ဆိုင်တဲ့ replication status data တွေကို သိမ်းထားပေးတဲ့ database ပါ။

အိုကေ အပေါ်မှာ ပြောခဲ့သလို db_A ကနေ db_B ကို replication လုပ်မယ်ဆိုရင်။ db_A က publisher, db_B က subscriber ပါ။ publisher နဲ့ subscriber က ကွန်ပျူတာ တစ်လုံးထဲမှာ ဖြစ်နိုင်သလို၊ local area network ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် internet ထဲမှာ ရှိတဲ့ server ၂ လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ distributor database ကိုလည်း publisher computer ထဲမှာ ဖြစ်ဖြစ်၊ subscriber computer ထဲမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း တခြား ကျွန်ပျူတာ တစ်လုံးမှာပဲ ဖြစ်ဖြစ် ထားလို့ ရပါတယ်။ အခုကျွန်တော်ပြောမယ့် example လေးမှာတော့ publisher ရော၊ subscriber ရော၊ distributor ရော ကို ကွန်ပျူတာ တစ်လုံးထဲမှာ ထားမှာပါ(ဒီတစ်လုံးပဲရှိတာလေ) :)

ကဲ အရင်ဆုံး Replication လုပ်မယ့် database ၂ ခုကို အရင်ဆောက်လိုက်ပါ။ publisher လုပ်မယ့်စက်မှာ db_A နဲ့ subscriber စက်မှာ db_B ကိုဆောက်လိုက်ပါ။ ပြီးရင် အဲ့ဒီ database တွေထဲမှာ table လည်းဆောက်ရဦးမယ်နော်။ table ဆောက်တဲ့နေရာမှာ database 2 ခုလုံးမှာ table အရေအတွက် အတိအကျ တူစရာမလိုပါဘူး။ ဒါပေမယ့် replicate လုပ်မယ့် table တော့ တူရမယ်။ အခု sample အနေနဲ့ ဒီလိုလေး ဆောက်ပေးလိုက်ပါ။

Column Name Data Type Allow Nulls
ID int Unchecked
Name varchar(50) Checked
Remark varchar(250) Checked

ဒီနေရာမှာ မှတ်ထားဖို့ လိုတာက replicate လုပ်မယ့် table မှာ primary key ပါကိုပါရှိရမယ်။ ဒါကြောင့် ID column ကို primary key အဖြစ်သက်မှတ်ပေးလိုက်ပါ။ database ဆောက် table တွေ create လုပ်ပြီးရင်တော့ replication လုပ်မယ့် အပိုင်းရောက်ပြီ။ replication လုပ်ဖို့အတွက် publisher computer ထဲမှာ Distributor configuration အရင် လုပ်ပေးရပါမယ်။

ပုံ(၂) မှာ ပြထားတဲ့အတိုင်း SQL Server Management Studio ထဲက replication folder ကို right click လုပ်ပြီး Configure Distribution ကိုရွေးပါ။

pic_2
pic_2

ဒါဆိုရင် ပုံ(၃)မှာ ပြထားတဲ့အတိုင်း Configure Distribution Wizard လေး ပေါ်လာပါလိမ့်မယ်။ Next ကို ဆက်နှိပ်လိုက်ပါ။

Pic_3
Pic_3
Pic_4
Pic_4

ပုံ(၄) ကတော့ distributor database location ရွေးခိုင်းတာပါ။ distributor ကို publisher စက်မှာ ထားမှာလား။ ဒါမှမဟုတ် တခြားစက်တစ်လုံးလုံးမှာ ထားမှာလားဆိုတာကို ဒီအဆင့်မှာ ရွေးနိုင်ပါတယ်။ အခုကျွန်တော်ကတော့ publisher စက်မှာပဲ distributor ကိုထားမှာ ဖြစ်တဲ့အတွက်ကြောင့် default အတိုင်းပဲ ထားပြီး Next ဆက်နှိပ်ပါမယ်။ replication လုပ်ဖို့အတွက် ကျွန်တော်တို့ computer မှာ SQL Server Agent Run နေဖို့လိုတယ်ဗျ။ အဲ့ဒီ agent မrun ရသေးဘူးဆိုရင် ပုံ(၅) မှာပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ်။ run ထားပြီးသာဆိုရင်တေ့ ပေါ်မှာ မဟုတ်ပါဘူး။

Pic_5
Pic_5
Pic_6
Pic_6

ပုံ(၆)-ဒီအဆင့်မှာတော့ snapshot folder location ရွေးခိုင်းပါတယ်။ snapshot folder ဆိုတာက publisher database မှာ changes လုပ်သမျှကို သိမ်းထားပေးတဲ့ transaction log folder လို့ ပြောလို့ရမယ်ထင်တယ်။ ဒီ folder ကို subscriber computer ကနေ လှမ်းပြီး ဖတ်မှာ ဖြစ်လို့ subscriber computer ကနေ access လုပ်လို့ရတဲ့ location မှာ ဖြစ်ရပါမယ်။ ကျွန်တော်အခုလုပ်သလိုမျိုး publisher နဲ့ subscriber က same computer ဆိုရင်တော့ ဒီအတိုင်းထားလိုက်လည်း ရပါတယ်။ same computer မဟုတ်ဘူးဆိုရင်တော့ ဒီနေရာမှာ netword share folder location ကိုထည့်ပေးရပါမယ်။ ဒီလိုမျိုးပေါ့ \\pub_computer\ReplData.

Pic_7
Pic_7

ပုံ(၇)-ဒီအဆင့်မှာ ကျွန်တော်တို့ distribution database ရဲ့ name နဲူ့location ကို ရိုက်ပေးရမှာပါ။ default ဒီအတိုင်းလေးပဲ ထားလိုက်ပြီး Next ပါမယ်။ ပုံ(ဂ)- ပုံ(၉)- ပုံ(၁၀)-မှာ Next တွေနှိပ်ပြီး Finished လိုက်ပါ။

Pic_8
Pic_8
Pic_9
Pic_9
Pic_10
Pic_10
Pic_11
Pic_11

ဒါဆို ကျွန်တော်တို့ ပုံ(၁၁) မှာ ပြထားတဲ့အတိုင်း Distributor ကို configure လုပ်တာ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

အခုကျွန်တော် Publisher စဆောက်ပါမယ်။ ပုံ(၁၂) မှာ ပြထားတဲ့အတိုင်း Publications Folder ကို right click လုပ်ပြီး New Publication ကိုရွေးပါ။ ဒါဆို ပုံ(၁၃) မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။

Pic_12

Pic_12

Pic_13

Pic_13

Pic_14

Pic_14

ပုံ(၁၄)-အဆင့်မှာတော့ ကျွန်တော်တို့ publication လုပ်ချင်တဲ့ database ကိုရွေးပေးရမှာပါ။ အခုကျွန်တော်တို့ db_A ကိုရွေးလိုက်ပါတယ်။ ပုံ(၁၅)-အဆင့်မှာတော့ ကျွန်တော်တို့ publication type ကိုရွေးပေးရမှာပါ။ publication type အဓိက ၃ မျိုးရှိပါတယ်။

-       Snapshot publication

-       Transactional publication

-       Merge publication

ကျွန်တော်အခု Transactional publication ကိုရွေးပြီး Next ပါမယ်။

Pic_15

Pic_15

Pic_16

Pic_16

ပုံ(၁၆)-အဆင့်မှာ ကျွန်တော်တို့ publish လုပ်ချင်တဲ့ Articles(table) တွေကိုရွေးရပါတယ်။ ပြီးရင် Article Properties ထဲကို ၀င်ပြီး၊ ပုံ(၁၇) မှာ ပြထားတဲ့အတိုင်း “Keep existing object unchanged” ကိုရွေးပေးလိုက်ပါမယ်။ ဆိုလိုတာကတော့ အကယ်လို့ subscriber table ထဲမှာ data တွေ ရှိနေရင် ဒီအတိုင်းပဲ ထားမယ်လို့ ပြောတာပါ။

Pic_17

Pic_17

Pic_18

Pic_18

ပုံ(၁၈)-အဆင့်မှာ ကျွန်တော်တို့ article တွေအတွက် row filter ပေးလို့ရပါတယ်။ table ထဲမှာ ရှိသမျှ row တွေအားလုံးကို publish မလုပ်ပဲ condition စစ်ပြီးမှ လုပ်ချင်ရင် ဒီနေရာမှာ Add button နှိပ်ပြီး filter ထည့်လို့ ရပါတယ်။ အခုကျွန်တော်ကတော့ မထည့်တော့ပါဘူး။

Pic_19

Pic_19

ပုံ(၁၉)-ဒီအဆင့်မှာတော့ အပေါ်checkbox လေးကို check လုပ်ပြီး Next ဆက်နှိပ်ပါ။ ဒါဆို နောက်အဆင့်မှာ ပုံ(၂၀)- မှာ ပြထားတဲ့အတိုင်း Agent Security setting လုပ်ပေးရပါမယ်။

Pic_20

Pic_20

Pic_21

Pic_21

ပုံ(၂၁)-မှာ ပြထားတဲ့အတိုင်း SQL Server Agent service account နဲ့ run မယ်လို့ ပြောလိုက်ပါတယ်။ နောက်ပြီး Publisher database ကို ၀င်ဖို့အတွက် SQL Server login account ထည့်ပေးရပါတယ်။ ကျွန်တော်တို့ SQL Server install လုပ်တုန်းက password မပေးခဲ့ဘူးဆိုရင်တော့၊ By impersonation the process account ဆိုတာကို ရွေးလိုက်ပါ။

Pic_22

Pic_22

Pic_23

Pic_23

Pic_24

Pic_24

ပုံ(၂၂)- မှာ Next နှိပ်၊ ပုံ(၂၃)- မှာ နံမည်ပေးပြီး Finished လိုက်ပါ။ ဒါဆို ပုံ(၂၄)-မှာ ပြထားသလိုမျိုး publisher ဆောက်တဲ့ ကိစ္စ အဆင်ပြေသွားပါပြီ။

အခု နောက်ဆုံး ကျွန်တော်တို့ Subscriber ဆောက်ဖို့ပဲ ကျန်ပါတော့တယ်။ ပုံ(၂၅) မှာ ပြထားတဲ့အတိုင်း ခုနကျွန်တော်တို့ ဆောက်လိုက်တဲ့ publisher ကို right click နှိပ်ပြီး New Subscription ကိုရွေးလိုက်ပါ။

Pic_25

Pic_25

Pic_26

Pic_26

ပုံ(၂၆) ကို Next လိုက်ရင် ပုံ(၂၇) မှာ ပြထားတဲ့အတိုင်း ကျွန်တော်တို့ အခုရွေးလိုက်တဲ့ publisher လေးကို တွေ့ရပါမယ်၊ Next ထပ်နှိပ်ပါ။ ဒါဆို နောက်တဆင့်(ပုံ-၂၈)မှာ Distribution Agent location ရွေးရပါတယ်။ Distribution Agent ဆိုတာက Transactional Replication မှာ publisher ထဲက data တွေ ဆွဲပေးတဲ့ process ကို ပြောတာပါ။ Transaction Replication မှာ PUSH နဲ့ PULL ဆိုပြီး type ၂ မျိုးရှိပါတယ်။ PUSH ကိုသုံးရင် distribution agent က publisher computer ပေါ်မှာနေပြီး subscriber ကို replicate data တွေ တွန်းပို့ပေးပါတယ်။ PULL ကိုရွေးလိုက်ရင်တော့ distribution agent က subscriber computer ပေါ်မှာနေပြီး publisher ဆီကနေ replication data တွေကို ဆွဲချပေးပါတယ်။ အခုကျွန်တော်ကတော့ PUSH ကိုပဲရွေးလိုက်ပါတယ်။

Pic_27

Pic_27

Pic_28

Pic_28

ပုံ(၂၉)-အဆင့်မှာတော့ ကျွန်တော်တို့ subscriber database ကိုရွေးပေးရပါတယ်။ အကယ်၍ subscriber က တခြားစက်မှာဆိုရင် “Add Subscriber” button လေးကိုနှိပ်ပြီး ရွေးပေးရပါမယ်။ အခုကျွန်တော်က db_B database ကိုရွေးပြီး Next လိုက်ပါမယ်။

ပုံ(၃၀)-အဆင့်မှာတော့ Subscriber အတွက် Distribution Agent Security Setting လုပ်ပေးရပါတယ်။ ပုံ(၃၁) မှာ ပြထားတဲ့အတိုင်း ရွေးပြီး Next လိုက်ပါဦး။

Pic_29

Pic_29

Pic_30

Pic_30

ပုံ(၃၃)၊ ပုံ(၃၄)၊ ပုံ(၃၅) အဆင့်ဆင့် Next တွေ နှိပ်သွားလိုက်ရင် နောက်ဆုံး ကျွန်တော်တို့ Subscription process အဆင်ပြေပြေနဲ့ ပြီးဆုံးသွားမှာပါ။

Pic_31

Pic_31

Pic_32

Pic_32

Pic_33

Pic_33

Pic_34

Pic_34

Pic_35

Pic_35

အခုကျွန်တော်တို့ database ၂ ခု(db_A and db_B)ကို replication လုပ်လို့ ပြီးသွားပါပြီ။ ဒီ replication တကယ်ရော အလုပ်လုပ်ပြီလား စမ်းကြည့်ရအောင်။ Databases folder အောက်က db_A database ကို right click လုပ်ပြီး new query ခေါ်လိုက်ပါ။ ပြီး ပုံ(၃၆)မှာ ပြထားတဲ့အတိုင်း အဲ့ဒီ query ထဲမှာ INSERT STATEMENT တစ်ကြောင်းရေးပြီး Run လိုက်ပါမယ်။

Pic_36

Pic_36

ပြီးရင် db_B ထဲမှာ ၀င်မ၀င်သွားစစ်ဖို့အတွက် db_B database အတွက်လည်း နောက်ထပ် query ထပ်ယူပါမယ်။ ပြီး SELECT STATEMENT လေး ရေးလိုက်ပြီး run လိုက်ပါ။ ကဲ.. db_A ထဲကို ကျွန်တော်ထည့်လိုက်တဲ့ record ကို db_B ထဲမှာပါ တွေ့နေရပါပြီ။

Pic_37

Pic_37

အခုကျွန်တော် ပြောသွားတာက database replication မှာ အရိုးရှင်းဆုံး၊ အလွယ်ဆုံး အပိုင်းလေးပါ။ အားလုံး နားလည်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ နောက်မှာ ပိုပြီး ရှုပ်ထွေးတဲ့ replication တွေ အကြောင်း ဆက်ရေးပါဦးမယ်။

October 16, 2009

Basic of ASP.NET (part 3)

Filed under: Basic of ASP.NET — Tags: , , , , , , , — sevenlamp @ 9:29 AM

State Handling

ဒီနေ့ ကျွန်တော်တို့ ASP.NET မှာ အရေးကြီးတဲ့ state handling အပိုင်းကို ပြောကြရအောင်။ asp.net မှာ server နဲ့ client ဆိုပြီး အလုပ်လုပ်တာကို ကျွန်တော်တို့ သိပြီးသားနော်။ browser ကနေ request လုပ်လိုက်တဲ့ အခါမှ web server ထဲကိုသွားပြီး အလုပ်လုပ်တာလေ၊ variable တွေ ကြေငြာတာတွေ ရှိမယ်၊ class တွေ object ဆောက်မယ်၊ စသည်ဖြင့်ပေါ့။ ဟုတ်ပြီ အဲ့ဒီလို web server ထဲမှာ client request ပေါ်မူတည်ပြီး process လုပ်လို့ ပြီးရင် client ဆီကို response ပြန်ပို့ပေးတယ်။ အဲ့ဒီလို request ကို response လုပ်ပြီးတာနဲ့ web server ထဲမှာ ဆောက်ထားသမျှကို အားလုံး ရှင်းလိုက်ပါတယ်။ ဒါဆို နောက်ထပ်တစ်ကြိမ် server ကို request ပြန်လာရင်၊ ပထမတစ်ကြိမ်တုန်းက ဆောက်ထားသမျှတွေ ရှိဦးမလား? မရှိတော့ပါဘူး။ ဒုတိယ request အတွက် နောက်ထပ်တစ်ကြိမ် ထပ်ပြီး object တွေ variable တွေ ပြန်ကြေငြာရပြန်ပါတယ်။ response ပြီးရင် ပြန်ဖျက်လိုက်ပြန်ပါတယ်။ ဒီနည်းအားဖြင့် request လာတိုင်း လာတိုင်း variable တွေက အမြဲပဲ အသစ်အသစ်တွေ ဖြစ်နေတာပါ။ ဒါဆိုရင် ပထမတစ်ကြိမ်တုန်းက variable ထဲမှာ သိမ်းထားခဲ့တဲ့ value တွေကို၊ ဒုတိယ အကြိမ်မှာ ပြန်ခေါ်မယ်ဆိုရင် ရပါဦးမလား? မရနိုင်တော့ပါဘူး။ ဒီအချက်က အရေးကြီးပါတယ်။ ကျွန်တော်တို့ variable တွေမှာ တန်ဖိုးတွေ သိမ်းတယ်ဆိုတာ အဲ့ဒီ variable က memory ပေါ်မှာ ရှိနေသရွှေ့ပဲ သိမ်းထားလို့ ရတာပါ။ window form application မှာ အဲ့ဒီ form(class) မှာ ကြေငြာထားတဲ့ variable တွေက အဲ့ဒီ form မပိတ်မခြင်း life time ရှိပါတယ်။ web form application(asp.net) မှာတော့ variable တစ်ခုရဲ့ သတ်တမ်းက request နဲ့ response ကြားထဲမှာပဲ ရှိပါတယ်။ ဥပမာဗျာ ကျွန်တော်က number အတိုးအလျှော့ လုပ်တဲ့ program လေး တစ်ခုရေးပြမယ်။

design

design

inc button ကိုနှိပ်ရင် label ထဲက value ကို ၁ တိုးမယ်။ dec ဆိုရင် ၁ လျှော့မယ်ပေါ့။ အိုကေ ဒီ ပုစ္ဆာလေးကို ကျွန်တော်တို့ window application မှာ ရေးသလိုပဲ ရေးကြည့်မယ်ဆိုရင်၊ ဒီလိုမျိုး ရေးပါမယ်…

public partial class state_handling : System.Web.UI.Page
{
    int value = 0;
    protected void Page_Load(object sender, EventArgs e)
    {
        Label1.Text = value.ToString();
    }
    protected void Button1_Click(object sender, EventArgs e)
    {
        value++;
        Label1.Text = value.ToString();
    }
    protected void Button2_Click(object sender, EventArgs e)
    {
        value--;
        Label1.Text = value.ToString();
    }
}

ရေးထားတာကို ကြည့်မယ်ဆိုရင်တော့ အားလုံး မှန်တယ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် run ပြီး button တွေကို နှိပ်ကြည့်လိုက်ပါဦး။ inc button ကိုနှိပ်တိုင်း 1 ပဲ ပြနေပြီး၊ dec button ကိုနှိပ်ရင်တော့ အမြဲပဲ -1 ဖြစ်နေပါလိမ့်မယ်။ ဘာလို့ ဒီလို ဖြစ်ရတာလဲ? ဟုတ်ကဲ့ ကျွန်တော်တို့ ကြေငြာထားတဲ့ class variable ကြောင့်ပါပဲ။ button နှိပ်လို့ server side ကို ပြန်လာတိုင်း ဒီ variable ကို အသစ်ပြန်ပြီး ကြေငြာပါတယ်။ ဒါကြောင့် အမြဲတမ်း 0 ပြန်ပြန်ဖြစ်သွားတာကြောင့်ပါ။ ဟုတ်ကဲ့ ဒါဆိုရင် ကျွန်တော်တို့ variable ထဲကတန်ဖိုး မပျောက်အောင် ဘယ်လိုသိမ်းမလဲ? State Variable တွေ အဖြစ်ကြေငြာပြီး သိမ်းရပါမယ်။ state variable အမျိုးအစား ၃ မျိုးရှိပါတယ်။

-       ViewState

-       Session

-       Application

1) ViewState

Web page တစ်ခုအတွင်းထဲမှာ တန်ဖိုး မပျောက်အောင် သိမ်းချင်ပြီဆိုရင် ကျွန်တော်တို့ ViewState variable အဖြစ်ကြေငြာပြီး သိမ်းလို့ရပါတယ်။ ViewState variable ကြေငြာတယ်ဆိုတာက တကယ်တော့ ViewState array ထဲမှာ နေရာ တစ်နေရာ သွားယူလိုက်တာပါပဲ။ ကဲ ဒီ program လေးကို ပြန်ပြင်ပြီး run ကြည့်ရအောင်။

public partial class state_handling : System.Web.UI.Page
{
    protected void Page_Load(object sender, EventArgs e)
    {
        if (ViewState["value"] == null)
            ViewState["value"] = 0;
        Label1.Text = ViewState["value"].ToString();
    }
    protected void Button1_Click(object sender, EventArgs e)
    {
        ViewState["value"] = Convert.ToInt32(ViewState["value"]) + 1;
        Label1.Text = ViewState["value"].ToString();
    }
    protected void Button2_Click(object sender, EventArgs e)
    {
        ViewState["value"] = Convert.ToInt32(ViewState["value"]) - 1;
        Label1.Text = ViewState["value"].ToString();
    }
}

အရင်ဆုံး pageload event မှာ ViewState variable ကြေငြာပါတယ်။ မကြေငြာခင်မှာ အဲ့ဒီ variable ရှိမရှိ အရင် စစ်ပါတယ်။ state variable တွေက object type ပါ။ ဒါကြောင့် null နဲ့ ညီနေရင် မကြေငြာရသေးပါဘူး။ ဒါကြောင့် ကျွန်တော်က viewstate array ထဲကို တန်ဖိုးတစ်ခု ထည့်လိုက်ပါတယ်။ ဒါဟာ variable ကြေငြာ လိုက်တာပါပဲ။ variable name ကို ကျွန်တော်တို့ ကြိုက်တာ ပေးလို့ရပါတယ်။ အခုကျွန်တော်က value လို့ ပေးလိုက်ပါတယ်။ inc button နှိပ်ရင် အဲ့ဒီ viewstate variable ထဲကတန်ဖိုးကို ၁ တိုးပါတယ်။ ပြီးအဲ့ဒီ variable ကို label မှာ ရိုက်ပြလိုက်တာပါပဲ။ dec button အတွက်လည်း ဒီအတိုင်းပါပဲ။ viewstate variable ကို သုံးခြင်းအားဖြင့် ကျွန်တော်တို့ form တစ်ခုထဲမှာ တန်ဖိုးမပျောက်အောင် သိမ်းလို့ ရသွားပါပြီ။

2) Session

ကျွန်တော်တို့ viewstate variable ထဲက တန်ဖိုးကို page တခုထဲမှာ သိမ်းထားနိုင်ပါတယ်။ ဒါပေမယ့် ဒီpage ကနေ တခြား page တခုကို သွားလိုက်ပြီဆိုတာနဲ့ အဲ့ဒီ viewstate variable ထဲကတန်ဖိုး မရှိတော့ပါဘူး။ ဒါဆို ကျွန်တော်က Project ထဲမှာ ရှိတဲ့ ဘယ်page ကိုသွားသွား တန်ဖိုးမပျောက်စေချင်ဘူး ဆိုရင်တော့ viewstate variable ကို သုံးလို့ မရတော့ပါဘူး။ ဒီလို အချိန်မျိုးမှာ Session variable ကိုသုံးရပါမယ်။ ဥပမာဗျာ.. အခုကျွန်တော်တို့ ရေးနေတာ default.aspx ဆိုပါတော့။ အဲ့ဒီမှာ button တစ်ခုထပ်ထည့်ပါမယ်။ go to page2 ပေါ့။ အဲ့ဒီ button click event မှာ ဒီလိုရေးရပါမယ်။

    protected void Button3_Click(object sender, EventArgs e)
    {
        Response.Redirect("Default2.aspx");
    }

Response.Redired function က server side မှာ page တခုကနေ နောက်တစ်ခုကို သွားဖို့အတွက် ရေးတာပါ။ အခုကျွန်တော်က Default2.aspx page ကိုသွားမယ်ပေါ့။ အရင်ဆုံး Defautl2.aspx page ကိုလည်း ဆောက်ပေးထားဦးနော်။ အဲ့ဒီ page ထဲမှာလည်း Default.aspx ကိုပြန်သွားဖို့အတွက် ပေါ်ကလိုပဲ button လေးထည့်ပြီး event ရေးပေးထားပေါ့။ ပြီးရင် program ကို ပြန်စမ်းကြည့်ပါဦး။ Default.aspx ထဲမှာ inc button ကို ၅ ခါနှိပ်လိုက်မယ်။ ဒါဆို ၅ လို့ ပေါ်နေပြီပေါ့၊ အဲ့ဒီ အချိန်မှာ go to page2 button ကိုနှိပ်လိုက်၊ Defaut2.aspx ကိုရောက်သွားမယ်။ go to page1 button ကိုပြန်နှိပ်လိုက်၊ ဒါဆို Default.aspx page ကိုပြန်ရောက်လာပြီ။ အခုကြည့်လိုက်ပါဦ။ ခုနတုန်းက ရောက်လက်စ ၅ ပေါ်နေသေးလား မပေါ်တော့ဘူးနော်။ 0 ကနေ ပြန်စသွားတာကို တွေ့ရပါလိမ့်မယ်။ ဒါကို ပြောချင်တာပါ၊ viewstate variable တွေက page တစ်ခုအတွင်းမှာပဲ တန်ဖိုးမပျောက်အောင် သိမ်းနိုင်ပါတယ်။ အိုကေ အခုကျွန်တော် Session variable နဲ့ ပြောင်းပြီး ပြန်စမ်းကြည့်ပါဦး။

public partial class _Default : System.Web.UI.Page
{
    protected void Page_Load(object sender, EventArgs e)
    {
        if (Session["value"] == null)
            Session["value"] = 0;
        Label1.Text = Session["value"].ToString();
    }
    protected void Button1_Click(object sender, EventArgs e)
    {
        Session["value"] = Convert.ToInt32(Session["value"]) + 1;
        Label1.Text = Session["value"].ToString();
    }
    protected void Button2_Click(object sender, EventArgs e)
    {
        Session["value"] = Convert.ToInt32(Session["value"]) - 1;
        Label1.Text = Session["value"].ToString();
    }
    protected void Button3_Click(object sender, EventArgs e)
    {
        Response.Redirect("Default2.aspx");
    }
}

3) Application

Session variable က user ကို ကိုယ်စားပြုပါတယ်။ user တစ်ယောက်ကို session တစ်ခုပေါ့။ ဒါဆို user ဆိုတာကရော ဘာကိုပြောတာလဲ? User ဆိုတာက client ကွန်ပျူတာရဲ့ browser ကို ရည်ညွှန်းပါတယ်။ ဥပမာ.. ကျွန်တော်အခု ရေးထားတဲ့ inc-dec program ကို client computer ၃ လုံးကနေ ခေါ်သုံးမယ် ဆိုပါတော့။ client A က inc လုပ်တယ်၊ ၃ အထိရောက်နေပြီ။ အဲ့ဒီ အချိန်မှာ client B က ၀င်လာတယ်၊ inc button ကိုနှိပ်တယ်၊ ၄ ကနေစပေါ်မလား? မပေါ်ပါဘူး။ ၁ ကနေပဲ စပြီး ပေါ်မှာပါ။ ဆိုလိုတာကတော့ client A နဲ့ client B က ဘာမှ မဆိုင်တဲ့ သီးခြား user(session) တွေဖြစ်လိုပါပဲ။ တခါတလေမှာ ကျွန်တော်တို့က session အားလုံးနဲ့ ဆိုင်တဲ့ variable မျိုး လိုချင်ပြီဆိုရင်တော့ Session variable နဲ့လည်း အဆင်မပြေတော့ပါဘူး။ ဒီအခါမျိုးမှာ application variable ကို သုံးလို့ ရပါတယ်။ ဒီလိုမျိုးပါ…

public partial class _Default : System.Web.UI.Page
{
    protected void Page_Load(object sender, EventArgs e)
    {
        if (Application["value"] == null)
            Application["value"] = 0;
        Label1.Text = Application["value"].ToString();
    }
    protected void Button1_Click(object sender, EventArgs e)
    {
        Application["value"] = Convert.ToInt32(Application["value"]) + 1;
        Label1.Text = Application["value"].ToString();
    }
    protected void Button2_Click(object sender, EventArgs e)
    {
        Application["value"] = Convert.ToInt32(Application["value"]) - 1;
        Label1.Text = Application["value"].ToString();
    }
    protected void Button3_Click(object sender, EventArgs e)
    {
        Response.Redirect("Default2.aspx");
    }
}

Note: application state test program ကို စမ်းဖို့အတွက် browser ၂ခု ၃ခု ဖွင့်ပြီး စမ်းကြည့်လို့ရပါတယ်။

October 14, 2009

basic of ASP.NET (part 2)

Filed under: Basic of ASP.NET — sevenlamp @ 10:53 AM

EVENT HANDLING

ဒီနေ့ ကျွန်တော်တို့ ASP.NET ရဲ့ event တွေ အလုပ်လုပ်ပုံကို လေ့လာလိုက်ရအောင်။ ASP.NET မှာ server-side event အမျိုးအစား ၃ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့…

၁) Page Events ( Page_Load, Page_Init, …. )

၂) Cache Events (TextChanged, CheckedChanged, … )  နဲ့

၃) Post-Back Events (Button1_Click) တိုဖြစ်ပါတယ်။

Server-side event တွေက အပေါ်မှာ ပြထားတဲ့ အတိုင်းပဲ အစီအစဉ်လိုက် အလုပ်လုပ်ပါတယ်။ server side ကိုရောက်တာနဲ့ အရင်ဆုံး Page Events တွေက အရင်လုပ်ပါတယ်။ ပြီးရင် cache events တွေရှိရင် cache events တွေ လုပ်ပါတယ်။ နောက်ဆုံးမှ Post-Back event က အလုပ်လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သိထားရမှာက web application မှာ button ကိုနှိပ်လိုက်ရင် အရင်ဆုံး အလုပ်လုပ်သွားမှာက အဲ့ဒီ button ရဲ့ click event မဟုတ်ဘူး ဆိုတာပါပဲ။ example program လေး တစ်ခုလောက် ကြည့်လိုက်ပါ။ ရှင်းသွားမှာပါ။ web from လေး တစ်ခု ယူပြီး TextBox တစ်ခုနဲ့ Button တစ်ခု ထည့်လိုက်ပါ။

<body><form id=”form1″ runat=”server”>

<asp:TextBox ID=”TextBox1″ runat=”server” ontextchanged=”TextBox1_TextChanged”> </asp:TextBox>

<asp:Button ID=”Button1″ runat=”server” onclick=”Button1_Click” Text=”Button” />

</form>

</body>

ပြီးရင် TextBox အတွက် TextChanged Event နဲ့ Button အတွက် ButtonClick Event ကို cs file မှာ သွားရေးပါမယ်။ Page_Load event မှာလည်း အောက်မှာ ပြထားတဲ့ အတိုင်း ရေးလိုက်ပါ။

protected void Page_Load(object sender, EventArgs e)
{
       Response.Write("--Page_Load--");
}
protected void TextBox1_TextChanged(object sender, EventArgs e)
{
       Response.Write("--TextBox1_TextChanged--");
}
protected void Button1_Click(object sender, EventArgs e)
{
       Response.Write("--Button1_Click--");
}

အိုကေ.. ဒါဆိုရပါပြီ အရင်ဆုံး run ကြည့်လိုက်ပါတယ်။ browser မှာ ဘာတွေ ပေါ်လာမလဲ။ –Page Load– ဆိုတဲ့ စာသား ပေါ်လာမှာပါ။ ဘာလို့လဲ ဆိုတော့ page ပေါ်ဖို့အတွက် server side ကို ပထမဆုံး request လုပ်တဲ့ အခါ page load event ဖြစ်သွားလို့ပါ။ အခု textbox မှာ စာရိုက်ကြည့်ပါ။ ကျွန်တော်တို့ ရေးထားတဲ့ Textchanged event ဖြစ်လား။ မဖြစ်ပါဘူး။ ဘာလို့လဲ ဆိုတော့ textchange event က cache event အမျိုးအစားဖြစ်တာကြောင့် server side ကို post back မပြန်မခြင်း အလုပ်မလုပ်ပါဘူး။ ပြီးတော့မှာ button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ server side ကို postback ပြန်သွားပါလိမ်မယ်။ buton click လုပ်လိုက်ပေမယ့် click event ကို အရင်လုပ်မှာ မဟုတ်ပါဘူး။ ပထမဆုံး PageLoad ပဲ အရင်လုပ်မှာပါ။ နောက် ခုနတုန်းက cache လုပ်ထားတဲ့ TextChanged Event ဆက်လုပ်ပါတယ်။ နောက်ဆုံးမှ PostBack event ဖြစ်တဲ့ Button Click အလုပ်လုပ်သွားတာ တွေ့ရမှာပါ။ ဒါကြောင့် page မှာ ဒါမျိုး ပေါ်သွားမှာပါ။

–Page_Load—-TextBox1_TextChanged—-Button1_Click–

October 13, 2009

basic of ASP.NET (part 1)

Filed under: Basic of ASP.NET — sevenlamp @ 11:42 AM

Basic of ASP.NET

Microsoft platform ပေါ်မှာ ကျွန်တော်တို့ web application တွေရေးတော့မယ်ဆိုရင် အရင်တုန်းက Active Server Page(ASP) ကိုသုံးခဲ့ကြပါတယ်။ classic ASP လို့လည်း ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ .net framework ကို အခြေခံတဲ့ ASP.NET ကိုပိုပြီး အသုံးများလာကြပါပြီ။ ASP.NET ဟာ classic ASP ရဲ့ next generation ဖြစ်ပေမယ့် လုံးဝ မတူတော့ သလောက် ပြောင်းလဲမှုတွေ အများကြီး လုပ်ထားပါတယ်။ အဓိကအားဖြင့်တော့ classic ASP က interpreted language ဖြစ်ပြီး၊ ASP.NET ကတော့ Compiled language ပါ။ ASP.NET က .NET Framework နဲ့ integrated လုပ်ထားပြီး Object-oriented လည်း ဖြစ်ပါတယ်။ classic ASP မှာ server side coding အတွက် VBScript ကိုသုံးရပြီး၊ ASP.NET မှာတော့ .NET Frameword ထဲက ကြိုက်တဲ့ language နဲ့ ရေးလို့ ရပါတယ်။ အသုံးများတာကတော့ C#.NET နဲ့ VB.NET ပေါ့။ ကျွန်တော်ကတော့ C#.NET language နဲ့ သုံးသွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ desktop application (window application) တွေရေးခဲ့တုန်းက ကျွန်တော်တို့ ရေးခဲ့တဲ့ program ကို computer တစ်လုံးမှာထည့်ထားလိုက်ရင် အဲ့ဒီ computer မှာပဲ သုံးခွင့်ရှိပါတယ်။ တခြား ကွန်ပျူတာတွေကနေ ခေါ်သုံးလို့ မရပါဘူး။ web application ကတော့ ဒီလို မဟုတ်ပါဘူး ကျွန်တော်က computer တစ်လုံးမှာ သွင်းထားလိုက်ရင် အဲ့ဒီ computer နဲ့ network ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ အားလုံးကနေ ခေါ်ပြီး သုံးခွင့်ရှိပါတယ်။ ဒီအခါမှာ ကျွန်တော် Program သွင်းထားတဲ့ computer ကို server computer လို့ ခေါ်ပြီး၊ တခြား ခေါ်သုံး ချင်တဲ့ computer တွေကတော့ client computer တွေပေါ့။ အဲ့ဒီ server computer မှာ ကျွန်တော်တို့ program ထည့်ဖို့အတွက် Internet Information Service (IIS) ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ program ကို IIS ထဲမှာ directory တစ်ခုအနေနဲ့ ထည့်ပေးထားရပါမယ်။ IIS က Microsoft window component တစ်ခု ဖြစ်ပါတယ်။ IIS ထဲမှာ ရှိတဲ့ ကျွန်တော်တို့ program ကို client computer တွေကနေ ခေါ်သုံးမယ်ဆိုရင်တော့ Internet Explorer ( or any browser ) ကိုသုံးရပါတယ်။


ဟုတ်ပြီ.. အခုကျွန်တော်တို့ ASP.NET အလုပ်လုပ်ပုံကို ဆက်ပြောရအောင်။ browser address bar မှာ ကျွန်တော်တို့ http://www.google.com ရိုက်လိုက်ပြီ ဆိုပါတော့၊ ဒါဆို google server computer ရဲ့ web server ကိုရောက်သွားပါမယ်။ ဒါကို request လုပ်တယ်လို့ ခေါ်ပါတယ်။ server က client ရဲ့ request ကို မူတည်ပြီး ပုံသော်လည်းကောင်း၊ html page အဖြစ်သော်လည်းကောင်း၊ client ကို ပြန်ပို့ပေးပါတယ်။ ဒါကို response ပြန်တယ်လို့ ခေါ်ပါတယ်။ ပြန်လာတဲ့ response ကိုမှ browser ကနေ ပြန်ပြပေးပါတယ်။ အိုကေ ဒါဆိုရင် google ရဲ့ default page ကျလာပြီပေါ့။ အဲ့ဒီမှာ ကျွန်တော်က ရှာချင်တဲ့ စာသားတစ်ခုကို ရိုက်ပြီး search ကို နှိပ်လိုက်တယ်ဆိုရင် browser ကနေ server ကို နောက်တစ်ကြိမ် request လုပ်ပါတယ်။ ဒီ request ထဲမှာ ပါလာတဲ့ search word ကို database ထဲမှာ ရှာမယ်၊ ပြီးရင် client ကို response ပြန်ပါမယ်။ ဒီနည်းအားဖြင့် server နဲ့ client အပြန်အလှန် အလုပ်လုပ်ပေးပါတယ်။ client ကနေ server ကိုသွားတဲ့ request object မှာ method ၂ ခုခွဲနိုင်ပါတယ်။ ပထမဆုံး အကြိမ် သွားတဲ့ အခါ get method နဲ့ သွားပြီး နောက်အကြိမ်တွေမှာတော့ post method နဲ့ သွားပါတယ်။ ကျွန်တော်တို့ server side မှာ အလုပ်လုပ်မယ့် coding တွေကို C# language နဲ့ cs file ထဲမှာ ရေးလေ့ရှိပါတယ်။ client side မှာ အလုပ်လုပ်မယ့် code တွေကိုတော့ aspx file ထဲမှာ ရေးပါတယ်။ cs file ထဲမှာ ကျွန်တော်တို့ ရေးထားတဲ့ code တွေက server ကို request လာတဲ့ အချိန်မှာ အလုပ်လုပ်ပေးပြီး၊ pure html အဖြစ် client ကို response ပြန်ပါတယ်။
အခု ကျွန်တော်တို့ ပထမဆုံး asp.net program တစ်ခု စရေးကြရအောင်။ VS 2008 ကိုဖွင့်လိုက်ပါ။ ပြီးရင် File -> New -> Web Site ကို ရွေးလိုက်ပါ။ ပြီးရင် localhost အောက်မှာ ကျွန်တော်တို့ website လေးကို နံမည်ပေးပြီး ok လုပ်ပါမယ်။ ကျွန်တော်ကတော့ website အတိုင်းပဲ ထားလိုက်ပါတယ်။ ဒီနေရာမှာ localhost ဆိုတာ ကျွန်တော်တို့ computer မှာ ရှိတဲ့ IIS ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။


ပြီးရင် Default.aspx.cs file ကိုဖွင့်လိုက်ပါ။ page load event ထဲမှာ ဒီ code ကိုရိုက်ပြီး run ကြည့်ပါဦး။

protected void Page_Load(object sender, EventArgs e)
{
       Response.Write("<h1>Hi everybody</h1><h3>welcome to you all</h3>");
}

ကျွန်တော်တို့ program ရဲ့ output ကို Internet Explorer ထဲမှာ ခုလိုမျိုး တွေ့ကြရမှာပါ။

October 7, 2009

create your database

Filed under: SQL Server 2005 — sevenlamp @ 10:24 AM

ကိုကျော်စွာရဲ့ cbox ထဲက မေးခွန်းလေးကို ဖြေပေးရင်းနဲ့ ကျွန်တော် SQL Server 2005 မှာ database တည်ဆောက်ပုံလေး ပြောပြပေးချင်ပါတယ်။ အရင်ဆုံး SQL Server 2005 ကို run ဖို့အတွက် START-> ALL PROGRAM -> MICROSOFT SQL SERVER 2005 -> SQL SERVER MANAGEMENT STUDIO ကို click လိုက်ပါ။ ဒါဆိုရင် sql server management studio ပွင့်လာပြီး database server login တောင်းပါလိမ့်မယ်။ server name နေရာမှာ ကျွန်တောတို့က ကိုယ့်စက်ကိုယ် ဖွင့်မှာဖြစ်လို့ computer name ဒါမှမဟုတ် local ဒါမှမဟုတ် (.) လေးထည့်ပေးရပါမယ်။ authentication အကောင့် အတွက်တော့ ၂ မျိုးရွေးလို့ရပါတယ်၊ window authentication နဲ့ ၀င်မယ်ဆိုရင် login name နဲ့ password ပေးစရာမလိုပါဘူး။ SQL Server Authentication နဲ့ ၀င်ရင်တော့ default login name က (sa) ပါ၊ password ကတော့ ကျွန်တော်တို့ SQL Server install လုပ်တုန်းက ပေးထားခဲ့တဲ့ password ကိုသုံးရပါမယ်။ တကယ်လို့ SQL Server install လုပ်တုန်းက မပေးခဲ့ဘူး ဆိုရင်တော့ window authentication ကိုပဲ ရွေးပြီး ၀င်လိုက်ပါ။

အခုကျွန်တော်တို့ server ထဲကို ရောက်ပါပြီ။ အဲ့ဒီမှာ object explorer ကိုတွေ့ရမှာပါ။ မတွေ့ရင် View Menu -> object explorer ကိုရွေးလိုက်ပါ။ object explorer ထဲမှာ Databases, Security, Replication စသည်ဖြင့် tree nodes လေးတွေ တွေ့ရပါမယ်။ အဲ့ဒီ ထဲက Databases nodes လေးထဲကို ထပ်ဝင်လိုက်ရင် ကျွန်တော်တို့ လက်ရှိ တည်ဆောက်ထားတဲ့ databases တွေကို တွေ့ရပါလိမ့်မယ်။ အခုကျွန်တော်တို့ database တစ်ခု အသစ်ဆောက်ဖို့အတွက် Databases node လေးကို right click လုပ်ပြီး new database ဆိုတာကို ရွေးလိုက်ပါ။ new Database window လေး ပေါ်လာပါမယ်။ အဲ့ဒီက database name textbox ထဲမှာ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ database အမည်လေးထည့်ပါ။ owner ကတော့ default ပဲထားလိုက်ပါ။ database တစ်ခုအတွက် .mdf file နဲ့ .ldf file ဆိုပြီး file ၂ ခု ဆောက်ပေးပါလိမ့်မယ်၊ ဆောက်ပေးမယ့် default location က C:\ အောက်က Sql server သွင်းထားတဲ့ location မှာပါ။ ဒါကို ကျွန်တော်တို့ ကြိုက်တဲ့ location မှာ သွားဆောက်လို့လည်း ရပါတယ်၊ database files ဇယားကွက်ထဲက Path ဆိုတဲ့ နေရာမှာ သွားရွေးပေးလိုက်ပါ။ ပြီးရင်တော့ OK လုပ်လိုက်ပါ၊ ဒါဆိုရင် အခု ကျွန်တော်တို့ ကိုယ်ပိုင် database လေးဆောက်လို့ ပြီးပါပြီ။

ဒီ database လေးထဲမှာ data တွေသိမ်းဖို့အတွက် table တွေ ထပ်ဆောက်ပေးဖို့ လိုအပ်ပါသေးတယ်။ အဲ့ဒီ အတွက် databases node လေးထဲက ကျွန်တော်တို့ အသစ်ဆောက်လိုက်တဲ့ database အမည်လေးကို ထပ်ဖွင့်လိုက်ရင် Database Diagrams, Tables, Views စသည်ဖြင့် ထပ်တွေ့ရပါမယ်။ အဲ့ဒီမှာ Tables nodes လေးကို right click လုပ်ပြီး new table ကို ရွေးလိုက်ပါ။ ဒါဆို ကျွန်တော်တို့ table အသစ်ဆောက်ဖို့ နေရာကို ရောက်ပါမယ်။ အဲ့ဒီ နေရာမှာ ကျွန်တော်တို့ table ထဲမှာ သိမ်းချင်တဲ့ record တွေအတွက် သိမ်းမယ့် column(field) တွေကြေငြာပေးရပါမယ်။ column name နေရာမှာ ကိုယ်ကြိုက်တယ် အမည်ပေးရမယ်၊ တခု သတိထားဖို့က အဲ့ဒီ အမည်အတွက် space တွေ မထည့်ပေးပါနဲ့။ ထည့်ပေးလို့ မရဘူးမဟုတ်ဘူးနော်၊ မထည့်ပေးတာက program တွေကနေ ပြန်ခေါ်သုံးမယ့် အခါ ပိုပြီး အဆင်ပြေစေပါတယ်။ ပြီးရင် အဲ့ဒီ column အတွက် သိမ်းမယ့် data type ကို ကြေငြာပေးရပါမယ်။ allow null ဆိုတဲ့ checkbox လေးကတော့ ကျွန်တော်တို့ အခုဆောက်လိုက်တဲ့ column လေးမှာ data မထည့်လို့ မရဘူး၊ ထည့်ကို ထည့်ရမယ်လို့ သက်မှတ်ချင်ရင် off လုပ်ရပြီး၊ မထည့်လည်း ရမယ်ဆိုရင် on ပေးရမှာပါ။ ဒီနည်းအားဖြင့် ကျွန်တော်တို့ စိတ်ကြိုက် ကော်လံတွေ ဆောက်ပေးရပါမယ်။
ဥပမာ အားဖြင့်

column name data type allow nulls
CategoryID int off
CategoryName varchar(50) on

စသည်ဖြင့်ပေါ့။

columns တွေ ဆောက်လို့ ပြီးပြီဆိုရင် table တစ်ခုမှာ လိုအပ်တဲ့ primary key ကိုသက်မှတ်ပေးရပါမယ်။ ကိုယ် သက်မှတ်ချင်တဲ့ column လေးကို ရွေးပြီး toolbar ပေါ်က သော့ပုံ icon လေးကို နှိပ်လိုက်ရုံပါပဲ။ ပြီး အဲ့ဒီ primary key ကို auto တိုးသွားစေချင်ရင်တော့ အောက်နားက column properties ထဲမှာ Identity Specification ဆိုတာ နေရာမှာ (Is Identity) ကို Yes လုပ်ပေးရပါမယ်။ အားလုံးပြီးသွားပြီဆိုရင် ကျွန်တော်တို့ အခုဆောက်လိုက်တဲ့ table လေးကို save လုပ်လိုက်ပါတော့။ အိုကေ ဒါဆိုရင် အခုကျွန်တော်တို့ table တွေ ဆောက်တက်ပါပြီ။

ကျွန်တော် နမူနာလေး ဆောက်ပြထားတဲ့ video training လေးကို ဒီမှာ ဒေါင်းပြီး ကြည့်ကြည့်လို့ ရပါတယ်။
http://www.sendspace.com/file/0i0j43

October 2, 2009

basic of C# (part 25)

Filed under: Basic of C# — Tags: , , , , , — sevenlamp @ 10:21 AM

Function Overloading Vs Function Overriding

ကျွန်တော်တို့ ဒီနေ့ function overloading နဲ့ function overriding အကြောင်းလေး ပြောကြရအောင်။ အရင်ဆုံး function overloading အကြောင်းပြောရအောင်။ overload ဆိုတာ အလုပ်တစ်ခုထက်ပိုပြီး လုပ်တာကို ပြောချင်တာပါ။ function overloading ဆိုတော့ ကျွန်တော်တို့ ရေးလိုက်တဲ့ function က တာဝန် တစ်ခုထက်ပိုပြီး လုပ်ဆောင်ပေးတာကိုရည်ရွယ်တာပါ။ function name က တစ်ခုထဲပဲ ဒါပေမယ့် လုပ်ဆောင်မှုအများကြီး လုပ်နိုင်အောင်ပေါ့။ ဥပမာဗျာ.. ကျွန်တော်က string ကနေ integer ပြောင်းတဲ့ function လေးတစ်ခုလောက် ရေးချင်တယ်။

static int ConvertToInteger(string st)
{
    try
    {
        return Convert.ToInt32(st);
    }
    catch
    {
        return 0;
    }
}

ကဲ.. ဒီ function လေး ရေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ string ကနေ integer ပြောင်းချင်တိုင်း လွယ်လွယ်ကူကူ ခေါ်လို့ ရသွားမယ်။ ဒါပေမယ့် တခြား type တွေကနေပြောင်းချင်ရင် ဒီ function သုံးလို့ ရမလား။ မရပါဘူး။ ဒါဆို ကျွန်တော်က တခြားtype တွေ အတွက်ကိုလည်း ဒီလိုမျိုး function တွေ ထပ်ရေးပေးဖို့ လိုပါလိမ့်မယ်။

static int ConvertToInteger(decimal dec)
{
    try
    {
        return Convert.ToInt32(dec);
    }
    catch
    {
        return 0;
    }
}
static int ConvertToInteger(long l)
{
    try
    {
        return Convert.ToInt32(l);
    }
    catch
    {
        return 0;
    }
}

ဟုတ်ပြီနော်.. အခုလိုမျိုး function name တူပြီး parameter မတူတဲ့ function တွေ တစ်ခုထက်ပိုပြီး ရေးလိုက်တာကို function overloading လုပ်တယ်လို့ ခေါ်ပါတယ်။ function overloading လုပ်ခြင်း အားဖြင့် ဘာပိုကောင်းလာမလဲ။ ဟုတ်ကဲ့ ကျွန်တော်တို့ program ရေးတဲ့နေရာမှာ အများကြီးပိုပြီး လွယ်ကူစေပါတယ်။ အကယ်လို့သာ function overload မလုပ်ရဘူးဆိုရင် ကျွန်တော်တို့ string ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု၊ decimal ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု၊ long ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု စသည်ဖြင့် name တွေ အများကြီး သုံးနေမှတ်နေရမှာပေါ့။ အခု overloading လုပ်ခြင်းအားဖြင့် function name တစ်ခုထဲကိုပဲ သိဖို့ လိုပါတော့တယ်။ Framework class library ထဲမှာလည်း overload လုပ်ထားတဲ့ function တွေ အများကြီး တွေရမှာပါ။ ကဲ အနှစ်ချုပ်ပြန်ပြောပါမယ် function overloading ဖြစ်ဖို့အတွက် function name တူရပါမယ်၊ argument (parameter) မတူရပါဘူး။ parameter မတူရဘူး ဆိုတာမှာ parameter ရဲ့ datatype ဖြစ်စေ၊ အရည်အတွက် ဖြစ်စေမတူရင် ရပါတယ်။

နောက်တစ်ခုကတော့ function overriding။ overriding လို့ ပြောတဲ့ အတိုင်းပါပဲ၊ function overrideing ဆိုတာက function တစ်ခုပေါ်မှာ နောက်ထပ် function တစ်ခုနဲ့ ထပ်ပြီး အုပ်လိုက်တာကို ပြောချင်တာပါ။ ဒီလိုလုပ်လိုက်ရင် function ၂ ခု ဖြစ်သွားမလား၊ မဖြစ်ပါဘူး။ override လုပ်ခြင်းခံရတဲ့ function က ပျောက်သွားမှာပါ။ function overrideing ကို အဓိကအားဖြင့် polymorphism နဲ့ တွဲပြီးသုံးလေ့ ရှိပါတယ်။ parent class ထဲမှာ ရှိပြီးသား function တစ်ခုကို child class ထဲမှာပြန်ပြီးရေးချင်တယ် ဆိုရင် override လုပ်ဖို့ လိုလာပါပြီ။ ဒီလို အချိန်မျိုးမှာ function overriding ကိုသုံးပါတယ်။ ဥပမာလေးနဲ့ ပြောရရင်… ကျွန်တော်မှာ animal ဆိုတဲ့ class ရှိတယ်ဗျာ၊ parent class ပေါ့၊ အဲ့ဒီ animal class ထဲမှာ eat() ဆိုတဲ့ function လေးပါတယ်။

class animal
{
    public void eat()
    {
        Console.WriteLine("Eat something");
    }
}

အိုကေ.. အဲ့ဒီ animal class မှာ child class ၂ ခုရှိတယ်။ dog class နဲ့ ant class ပေါ့။ အဲ့ဒီ dog class နဲ့ ant class က animal class ကနေ inheritance လုပ်ထားတာဖြစ်တဲ့ အတွက် သူတို့ဆီမှာ eat() function အလိုအလျှောက် ပါလာပါတယ်။ အဲ့ဒီ parent class ကနေပါလာတဲ့ eat() function ထဲက statement တွေကို child class မှာ မလိုချင်ဘူး။ ပိုပြီး detail ကြတဲ့ message နဲ့ အစားထိုးချင်တယ်ဆိုပါတော့ (ဥပမာ.. Eat something အစား၊ Eat Bone တို့ Eat sugur တို့နဲ့ အစားထိုးချင်ပြီဆိုရင်)၊ ဒါဆို ဘယ်လိုလုပ်မလဲ? နောက်ထပ် function တစ်ခုထပ်ဆောက်ချင်တာ မဟုတ်ဘူးနော်၊ parameter လည်း မပြောင်းတဲ့ အတွက် overloading လည်း လုပ်လို့ မရဘူး။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ မဖြစ်မနေ function overriding လုပ်ဖို့ လိုလာပါပြီ။

ဒါဆို function overriding လုပ်ဖို့ ဘာလိုမလဲ? Parent class ထဲမှာ ဒီတိုင်းရေးထားတဲ့ function တိုင်းကိုတော့ override လုပ်လို့ မရပါဘူး။ override လုပ်ဖို့ ခွင့်ပြုထားတဲ့ function တွေကိုပဲ လုပ်လို့ရတာပါ။ ဒီလို override လုပ်ဖို့ ခွင့်ပြုချင်တယ်ဆိုရင် parent class ထဲက function ရဲ့ရှေ့မှာ virtual ဆိုတဲ့ keyword လေးထည့်ရေးပေးလိုက်ရပါတယ်။

class animal
{
    public virtual void eat()
    {
        Console.WriteLine("Eat something");
    }
}

override ပြန်လုပ်မယ့် child class က function ရှေ့မှာတော့ override ဆိုတဲ့ keywordကို ထည့်ပေးရပါတယ်။

class dog : animal
{
    public override void eat()
    {
        Console.WriteLine("Eat Bone!");
    }
}

ကဲ… example program လေး တစ်ခုလောက်ရေးကြည့်ပါဦး။

class animal
{
    public virtual void eat()
    {
        Console.WriteLine("Animal: Eat something");
    }
}
class dog : animal
{
    public override void eat() // function overriding
    {
        Console.WriteLine("Dog: Eat Bone!");
    }
}
class ant : animal
{
    public override void eat()
    {
        Console.WriteLine("Ant: Eat Sugar");
    }
}
class Program
{
    static void Main()
    {
        animal obj;
        obj = new animal();
        obj.eat();

        obj = new dog(); //polymorphism
        obj.eat();

        obj = new ant();
        obj.eat();

        Console.Read();
    }
}

Basic of C# ကို ကျွန်တော်ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ အခုလောက်ဆိုရင် ကျွန်တော်တို့ C# ဆိုတာ ဘာလဲသိလောက်ပါပြီ။ OOP အကြောင်းလည်း နည်းနည်းတော့ နားလည်လောက်ပြီလို့ ယူဆပါတယ်။ နောက်ပိုဒ့်တွေမှာ window application အပိုင်းနဲ့ web application အပိုင်းကို ဆက်ရေးသွားပါ့မယ်ခင်ဗျာ။

Theme: Silver is the New Black. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.