ဘောလုံးလေး လှိုမ့်ရအောင်

pic1
ဒီတစ်ခေါက် ကျွန်တော်တို့ ဘောလုံးလေးကို form ပေါ်မှာ လှိုမ့်ကြရအောင်။ အရင်ဆုံး picturebox တစ်ခုယူလိုက်ပါ။ ပြီးရင် image property ကနေ ဘောလုံးပုံလေးကို import လုပ်ထားလိုက်ပါဦး။ picturebox ရဲ့ property တွေမှာ နောက်ထပ် သိဖို့ လိုတာ တစ်ခုက sizemode property ပါ။ sizemode property ကို လျှောက်ပြီး ပြောင်းပြီး စမ်းကြည့်လိုက်ရင် သိသွားမှာပါ။ ကဲ အခု ဘောလုံးပုံလေး ရသွားပါပြီ၊ ရွှေ့ဖို့ပဲ ကျန်တော့တယ်။ ကျွန်တော်က ပထမဆုံး အနေနဲ့တော့ keyboard က up – down, left – right keys လေးတွေကို အသုံးပြုပြီး ဘောလုံးကို ရွှေ့ချင်ပါတယ်။ ဒီတော့ keyboard က key နှိပ်ပါတယ်ဆိုတဲ့ event မှာ နှိပ်လိုက်တဲ့ key ကို ပြန်ပြီး စစ်ရပါမယ်။ picturebox မှာ key နဲ့ ပါတ်သက်တဲ့ event မရှိပါဘူး၊ ဒီတော့ ကျွန်တော်တို့ form ရဲ့ key events တွေကိုပဲ သုံးရပါမယ်။ KeyDown, KeyUp နဲ့ KeyPress event 3 ခုထဲကနေပြီး ကျွန်တော်တို့ KeyDown or KeyUp event ကိုသုံးရပါမယ်။ ဘာလို့လဲ ဆိုရင် KeyPress Event မှာ Arrow keys တွေကို ဖမ်းလို့ အဆင်မပြေတာကြောင့်ပါ။
private void Form2_KeyDown(object sender, KeyEventArgs e)
{
if (e.KeyCode == Keys.Up)
{
if(pictureBox1.Top > 0)
pictureBox1.Top -= 1;
}
else if (e.KeyCode == Keys.Down)
{
if(pictureBox1.Top+pictureBox1.Height < this.ClientSize.Height)
pictureBox1.Top += 1;
}
else if (e.KeyCode == Keys.Left)
{
if(pictureBox1.Left > 0)
pictureBox1.Left -= 1;
}
else if (e.KeyCode == Keys.Right)
{
if(pictureBox1.Left+pictureBox1.Width < this.ClientSize.Width)
pictureBox1.Left += 1;
}
}
keydown event မှာ user ရိုက်လိုက်တဲ့ keycode လေးကို ပြန်စစ်ရပါတယ်။ ပြီးတော့မှ up arrow ဆိုရင် picturebox လေးကို အပေါ်ကို ရွေ့ဖို့အတွက် picturebox ရဲ့ top property ကို လျှော့ပေးလိုက်တာပါ။ ဒီအတိုင်းပဲ down arrow ဆိုရင်တော့ top property ကို တိုးပေးရမှာပါ။ ဒီလို တိုးပေး လျှော့ပေးလုပ်တဲ့ နေရာမှာ form ရဲ့ အပြင်ဘက်ကို picturebox မရောက်သွားရလေအောင်ထိန်းထားပေးဖို့လဲ လိုပါသေးတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ up arrow နှိပ်တဲ့ နေရာမှာ picturebox ရဲ့ top ကို form ရဲ့ အပေါ်ဆုံးနေရာထက်ကြီးလား စစ်ရပါတယ်။ အပေါ်ဆုံးနေရာက 0 ပါ။ ဒီလိုပါပဲ down arrow နှိပ်တဲ့ နေရာမှာလည်း pictureboxရဲ့ အောက်ခြေက form ရဲ့ အောက်ခြေထက် ငယ်မှ ဆက်ပြီး ရွေ့ခွင့်ပေးတာပါ။ ဒါဆိုရင် left arrow နဲ့ right arrow မှာ ရေးထားတာကိုလည်း နားလည်မှာပါ။ ဘောလုံးလေးကို ပိုပြီး မြန်မြန်ရွေ့စေချင်ရင်တော့ ၁ တိုး၊ ၁လျှော့တဲ့ နေရာမှာ ၂ တို့ ၃ တို့ စသည်ဖြင့် တိုးပေးလို့ ရပါတယ်။
Automatic Moving the Ball
အခုကျွန်တော်က ဒုတိယ အဆင့်နေနဲ့ ဘောလုံးလေး အခုလို ရွှေ့တဲ့ ကိစ္စကို user key နှိပ်မှ မဟုတ်ပဲ၊ ဒီအတိုင်းထားရင်လည်း သူဟာသူ ရွေ့နေစေချင်ပါတယ်။ ဒါဆိုရင် ဘယ်လို လုပ်ရမှာပါလဲ။ user ရဲ့ action အတွက် reaction မဟုတ်ပဲ program ကနေ သူဟာသူ အလိုအလျှောက် အလုပ်လုပ်နေစေချင်တဲ့ ကိစ္စတိုင်းအတွက် ကျွန်တော်တို့ Timer Control ကို သုံးရပါမယ်။ ကဲ… timer control လေး form ထဲထည့်လိုက်ပါဦး။ Timer Control အကြောင်းကို ကျွန်တော် Screen Server Program လေးမှာ ပြောပြီးပါပြီ။ timer control ရဲ့ interval property မှာ ၁၀ လောက်ထား၊ enabled ကို true ပေးပြီး၊ Tick event ထဲမှာ ဘောလုံး ရွေ့ဖို့ လိုအပ်တဲ့ code တွေရေးပေးလိုက်ပါမယ်။
bool ToUp = true;
bool ToLeft = true;
private void timer1_Tick(object sender, EventArgs e)
{
if (ToUp)
pictureBox1.Top--;
else
pictureBox1.Top++;
if (ToLeft)
pictureBox1.Left--;
else
pictureBox1.Left++;
if (pictureBox1.Top <= 0)
ToUp = false;
if (pictureBox1.Top + pictureBox1.Height >= this.ClientSize.Height)
ToUp = true;
if (pictureBox1.Left <= 0)
ToLeft = false;
if (pictureBox1.Left + pictureBox1.Width >= this.ClientSize.Width)
ToLeft = true;
}
ဒီနေရာမှာ နည်းနည်း ရှင်းဖို့ လိုတာက အခုကျွန်တော်က ဘောလုံးလေး ရွှေ့တဲ့ အလုပ်တွေအားလုံး(အပေါ်၊အောက်… ) ကို event တစ်ခုထဲအတွင်းမှာ ရေးမှာ ဖြစ်တဲ့ အတွက်၊ လက်ရှိ အခြေအနေက အပေါ်ဖက်ကို သွားနေတဲ့ အချိန်လား၊ အောက်ဆင်းနေတဲ့ အချိန်လား ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ ဒီလို မှတ်ထားဖို့အတွက် ToUp ဆိုတဲ့ bool variable တစ်လုံးကို member variable အဖြစ်ကြောငြာထားလိုက်ပါတယ်။ အဲ့ဒီ ToUp ထဲမှာ true ဆိုရင် အပေါ်ကို ရွှေ့ဖို့အတွက် top ကို ၁ လျှော့တယ်။ မဟုတ်ဘူး false ဆိုရင်တော့ top ကို ၁ တိုးလိုက်ပါတယ်။ ပြီးတော့ ဘောလုံးလေးက form ရဲ့ အပေါ်ဆုံးကို ရောက်ပြီဆိုရင် အောက်ပြန်ဆင်းရမယ် ဒါကြောင့် အဲ့ဒီ ToUp ထဲကို false ထည့်ပါတယ်။ ဒီလိုပါပဲ အောက်ဆုံးရောက်ပြီဆိုရင်လည်း အပေါ်ပြန်တက်ဖို့အတွက် ToUp ထဲကို true ပြန်ထည့်ပေးလိုက်ပါတယ်။ ဒါဆို ကျွန်တော့် ဘောလုံးလေးက အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ အမြဲတမ်း ရွှေ့နေပါလိမ့်မယ်။ ဘယ်၊ညာ အတွက်လည်း ဒီသဘောအတိုင်းပါပဲ။
ဒီ program လေးမှာ ကျွန်တော် အဓိက သိစေချင်တာက Key Event တွေအကြောင်းနဲ့ Timer Control အကြောင်းလေးပါ။ နောက်ပြီး Event တစ်ခုအတွင်းမှာ ဆန့်ကျင်ဖက် အလုပ် ၂ ခုကို ရေးရတော့မယ်ဆိုရင် အခုလိုမျိုး variable လေးနဲ့ ထိန်းပြီးသုံးရမယ်ဆိုလည်း သိရပါမယ်။ နောက်ဆုံးတစ်ချက်ကတော့ အခုလိုမျိုးကိစ္စတွေအတွက် variable ကြောငြာမယ်ဆိုရင် local variable ကိုသုံးလို့ မရပါဘူး။ member variable ကိုကြောငြာမှသာလျှင် variable ထဲက တန်ဖိုးကို သိမ်းပေးထားနိုင်မှာပါ။