Event 2 (Mouse Event)
ဒီနေ့ ကျွန်တော်တို့ window form application ရဲ့ event တွေ အကြောင်းပဲ ဆက်ရအောင်။ အခုကျွန်တော်က program run လိုက်ပြီး form ပေါ်မှာ mouse ရွှေ့ရင် အဲ့ဒီ mouse pointer ရဲ့ location လေးကို form ရဲ့ caption မှာ ပြချင်တယ်ဆိုပါတော့။ ဒါဆိုရင် ကျွန်တော်က ဘယ် event ကိုသုံးရမလဲ ဆိုရင် Form ရဲ့ Mouse Move Event ကိုသုံးရပါမယ်။
private void Form1_MouseMove(object sender, MouseEventArgs e)
{
this.Text = e.Location.ToString();
}
ကျွန်တော်က form Title bar မှာ မပြချင်ဘူး mouse pointer လေးရဲ့ ဘေးမှာ ပဲ location လေးကို ပေါ်နေစေချင်တယ်ဆိုရင်တော့ Form ပေါ်မှာ စာသားတွေ ပြဖို့အတွက် Label Control ကိုသုံးပြီး အခုလိုရေးရပါမယ်။

pic1
private void Form1_MouseMove(object sender, MouseEventArgs e)
{
label1.Left = e.X + 10;
label1.Top = e.Y - 10;
label1.Text = e.Location.ToString();
}
အရင်ဆုံး Form ပေါ်မှာ Label တစ်ခုထည့်ရပါမယ်။ Mouse Move event မှာ အဲ့ဒီ Label လေးရဲ့ Location ကိုရွှေဖို့အတွက် Left နဲ့ Top ကို mouse pointer လက်ရှိရောက်နေတဲ့ location(x,y) သွားထည့်ပေးလိုက်ပါတယ်။ ဒီနေရာမှာ တစ်ခါတည်း သိလိုက်ဖို့လိုတာက form ပေါ်မှာ control တွေ နေရာရွှေ့ချင်ရင် အဲ့ဒီ control ရဲ့ left နဲ့ top ကို ပြောင်းခြင်းအားဖြင့် ရွှေ့နိုင်တယ်ဆိုတာလေးပါ။