our notes for our youngers

December 23, 2009

developing a site ( part 1 )

Filed under: ASP.NET, DataBase, developing website — Tags: , , , , — sevenlamp @ 4:47 PM

သူငယ်ချင်းတို့ရေ… မတွေ့တာလဲကြာပြီ :)   မင်္ဂလာရှိသော… သာယာအေးချမ်းသော… ပျော်ရွှင်စရာ Christmas ချိန်ခါလေး ဖြစ်ကြပါစေနော်။

ဒီ တစ်လော ကျွန်တော်လည်း အလုပ်ပိနေတာနဲ့ ဘလော့လေးကို ပစ်ထားသလိုတောင် ဖြစ်သွားတယ်။ လာလည်ကြတဲ့ သူငယ်ချင်းတွေကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော် ပိုဒ့်တွေ ပြန်တင်နိုင်အောင် ကြိုးစားပါ့မယ်။ ရန်ကုန်မှာက သိတဲ့ အတိုင်းပဲ ဒီ အချိန်ရောက်ရင် မီးက ဖောက်လာပြီလေ။ အဲဒီတော့ အိမ်မှာလည်း မီးလာတဲ့ အချိန်လေးမှာပဲ computer သုံးဖြစ်တာဆိုတော့၊ နည်းနည်းတော့ သည်းခံပြီး စောင့်ပေးကြပါလို့ အရင်ဆုံး တောင်းဆိုပါရစေ။

အခုကျွန်တော် စိတ်ထဲမှာ လုပ်ချင်စိတ်ပြင်းပြနေတာ တစ်ခုရှိတယ်ဗျ။ အဲ့ဒါ ဘာလဲဆိုတော့ ASP.NET နဲ့ CMS လေးတစ်ခုလောက် ဆောက်ချင်တာပါ။ CMS ဆိုရင် အရမ်းကျယ်နေမယ်ထင်တယ်။ ကျွန်တော်လည်း တစ်ခါမှ မလုပ်ဖူးဘူးဗျ။ :) ဒါကြောင့် အခု စလုပ်မလားလို့။ နည်းနည်းချင်းစီပေါ့ဗျာ။ အရင်ဆုံး ကိုယ်ပိုင် ဘလော့လေး တစ်ခုစပြီးတော့လုပ်ကြည့်ပါမယ်။ ဘယ်တော့ ပြီးမလဲတော့ မသိဘူးပေါ့။ ညီတို့လည်း ကျွန်တော်နဲ့ အတူတူ လိုက်ပြီး လုပ်ကြည့်စေချင်တယ်။ အနည်းဆုံးတော့ အတွေ့အကြုံလေးတွေ ရမှာပါ။

ဒီ project လေး လုပ်ဖို့ ဘာတွေ လုပ်မလဲပေါ့။ အရင်ဆုံး လိုတာက စလုပ်ဖို့လိုတာပါ။ :) ကဲ.. အခု အရင်ဆုံး ကျွန်တော်က ဘလော့လေးရဲ့ design အတွက် google ကနေ free template တွေ လိုက်ရှာလိုက်တယ်ဗျာ။ အခုကျွန်တော်သဘောကျတဲ့ template လေးက ဒီမှာပါ။

http://media.freewebtemplates.com/templates/zip/5650.zip

ညီတို့ စိတ်ကြိုက် template လေးတွေ ရှာလိုက်ပါ။ http://www.freewebsitetemplates.com/ မှာလည်း template လန်းလန်းလေးတွေ ရှိတယ်။ template တစ်ခု download လုပ်လိုက်ပြီဆိုရင် သူ့မှာ များသောအားဖြင့် html file တစ်ဖိုင်ရယ်၊ CSS file တစ်ဖိုင်ရယ်၊ Image folder တစ်ခုရယ် ပါလာလေ့ရှိပါတယ်။ အဲ့ဒါတွေကိုအခြေခံပြီး ကျွန်တော်လိုချင်တဲ့ design လေး ရလာအောင် ပြုပြင်ရမှာပါ။ အခုစပြီးပြင်ပါ့မယ်။ ကျွန်တော် VS2008 မှာ new website တစ်ခု ဆောက်လိုက်ပါတယ်။ Template မှာ ပါလာတဲ့ Image folder နဲ့ Css folder ကို project ထဲ copy – paste လုပ်ပြီး ထည့်လိုက်ပါတယ်။ ပြီးရင် index.htm file လေးကိုပါ project ထဲကိုထည့်လိုက်ပါတယ်။ ပြီးတော့ အဲ့ဒီထဲမှာ ပါတဲ့ html code တွေကို ကြည့်ပြီး အရင်ဆုံး Home page ကို စပြီး design ဆွဲပါတယ်။ အခုထိ ကျွန်တော် လုပ်ပြီးသမျှကို  http://www.sevenlamp.co.cc/home.aspx မှာ ၀င်ရောက်ကြည့် နိုင်ပါတယ်။ အားလုံး ပြီးသွားရင်တော့ ဒီ wordpress.com ကနေ အိမ်ပြောင်းတော့မယ်။ ( မျှော်မှန်းထားတာပါပဲ :) )

ကျွန်တော်လည်း ဆက်ပြီး design ပြင်လိုက်ဦးမယ်ဗျာ။ နောက်မှဆက်ကြတာပေါ့။

About these ads

3 Comments »

  1. ပရိုဂရမ်ကို ယောင်္ကျားလေးတွေပဲ ရေးတယ်လို့ ယူဆထားတာလားဟင် :( ရေးထားတာကောင်းလွန်းလို့ အားရပါးရဖတ်နေတာ ညီတို့ညီတို့နဲ့ ဖတ်နေရတာ အရမ်းနင်တာပဲ !_!

    Comment by agal — July 7, 2010 @ 11:23 PM

    • ဆောရီးဆောရီး… :)
      အဲ့လို မရည်ရွယ်ပါဘူးဗျာ…. နောက်ဆိုရင်… ညီတို့/ ညီမတို့ ဆိုပြီး ရေးပါ့မယ် :)

      Comment by sevenlamp — July 8, 2010 @ 9:30 AM

  2. အစ်ကိုကတော်တယ်နော် အစ်ကိုလိုရေးတတ်ချင်လိုက်တာဗျာ………

    Comment by 289s — January 9, 2011 @ 8:44 PM


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Theme: Silver is the New Black. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.

%d bloggers like this: