http://www.sevenlamp.co.cc ကို လာကြပါ ခင်ဗျ
ကျွန်တော် Template ပြင်တာတော့ Home Page အတွက် အကြမ်းထည်ပြီးသွားပါပြီ။ Home Page မှာ လောလောဆယ် Chat Box လေး ထည့်ထားပါတယ်။ www.cbox.ws လို site တွေကနေ chatbox တွေ အလွယ်တကူရနိုင်ပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ MS-SQLServer2008 ထဲမှာ chatbox အတွက် Table လေးသွားဆောက်လိုက်ပါတယ်။ Table structure ကတော့ ဒီလိုပါ….
| Column Name | Data Type | Allow Nulls |
| ChatLogID | int | Unchecked |
| ChatLog | nvarchar(MAX) | Checked |
| SenderName | nvarchar(50) | Checked |
| SenderLocation | nvarchar(50) | Checked |
| SendingTime | datetime | Checked |
| MemberID | int | Checked |
| Color | varchar(50) | Checked |
| Bold | bit | Checked |
| Italic | bit | Checked |
ChatLogID column ကို primary key ပေးပြီး auto increment လည်း လုပ်လိုက်ပါတယ်။
DataBase ပြီးသွားတော့ Program ကနေ ပြန်ခေါ်နိုင်ဖို့အတွက်။ DataSet ဆောက်ပါတယ်။ ပြီးတော့ Home Page ထဲမှာ လိုအပ်တဲ့ design တွေ ပြင်ပါတယ်။ ကျွန်တော် ဒီ program လေး မှာ ASP.NET MasterPage ကိုလည်း သုံးထားပါတယ်။ Program Code အသေးစိတ်ကို ကျွန်တော် ရှင်း ပြပေးချင်ပေမယ့်။ ကျွန်တော်မှာ အချိန်မလုံလောက်တဲ့ ပြဿနာဖြစ်နေလို့။ Source Code ကိုပဲ တင်ပေးလိုက်ပါတယ်။ ညီတို့ Run ကြည့်ပြီး သိချင်တဲ့ အပိုင်းလေးတွေကို ပြန်မေးစေချင်ပါတယ်။ညီတို့ ဆီမှာ database ပြန်ဆောက်ရပါမယ်။ ကျွန်တော်ပေါ်မှာ ပြောတဲ့ table structure အတိုင်းပေါ့။ ပြီးရင် program ရဲ့ connection string မှာ ပြင်ရပါဦးမယ်။ web.config file ထဲမှာ connectionstring ဆိုတဲ့ နေရာလေးမှာ ပြင်ရမှာပါ။
source code link -> http://www.sendspace.com/file/7rhq0x
နောက်တစ်ခုက ကျွန်တော် အခု လုပ်ပြီးသမျှကို http://www.sevenlamp.co.cc မှာ တင်ထားပါတယ်။ အဲ့ဒီကိုလည်း ၀င်ပြီးအားပေးကြပါဦး။ ပြီးရင် လိုအပ်တာလေးတွေ လည်း ပြောကြစေချင်ပါတယ်။ နောက်ပြီး ညီတို့ အနေနဲ့ ထပ်ပြီး ထည့်ချင်တာလေးတွေ ရှိရင်လည်း ပြောကြပါ။ အတူတူကြိုးစားကြတာပေါ့။ သြော် ဒါနဲ့ sevenlamp.co.cc ကိုရောက်ရင် chat box လေးမှာလည်း တခုခု ပြောထားခဲ့ပါဦးနော်။