our notes for our youngers

March 18, 2010

Formatted TextBox

Filed under: ASP.NET, Javascript — sevenlamp @ 4:52 PM

Formatted TextBox

ဒီနေ့ ရုံးမှာ program ရေးနေရင်းနဲ့ entry form မှာ သုံးမယ့် textbox တချို့မှာ ကိုယ်လိုချင်တဲ့ charactor ကိုပဲ ရွေးပြီး ရိုက်ခွင့်ပြုချင်တယ်။ ခွင့်မပြုတဲ့ charactor တွေကို ရိုက်ရင် ဘာမှ မပေါ်စေချင်ဘူး။ အဲ့ဒီလို လုပ်ဖို့ လိုလာတယ်။ ဥပမာဗျာ…. textbox ထဲမှာ ‘#’, ‘?’, ‘*’ only ပဲ ရိုက်ခွင့်ပြုချင်တယ်ပေါ့။ အရင်တုန်းက project အဟောင်းမှာတော့ numeric only ပဲရိုက်လို့ရတဲ့ textbox မျိုးလုပ်ထားတာ ရှိတယ်။ အဲ့ဒီမှာ လုပ်တုန်းက htc file ကို သုံးပြီးလုပ်ထားတာ။ htc က Firefox မှာ support မလုပ်ဘူး။ ဒါကြောင့် အခုတစ်ခေါက်တော့ ရိုးရိုး javascript နဲ့ပဲ ထိန်းဖို့ လုပ်လိုက်တယ်။ ဒါနဲ့ Google အားကိုးလို့ Internet ထဲမှာ ရှာဖွေဖတ်ရှုပြီး ရေးလိုက်ပါတယ်။ browser အားလုံး support လုပ်အောင် ရေးရတာလည်း နည်းနည်းတော့ လုပ်ပေါက်ကပ်သား။

function numericTextBox(e) {

e = e || window.event;

var key = e.which || e.keyCode;

if ((!e.shiftKey && (key > 47 && key < 58)) || key == 8 || key == 46 || key == 35 || key == 36 || key == 37 || key == 39) {

return true;

} else {

if (e.preventDefault) e.preventDefault();

e.returnValue = false;

return false;

}

}

function FormatedTextBox(e) {

e = e || window.event;

var key = e.which || e.keyCode;

if ((e.shiftKey && (key == 56 || key == 51 || key == 52)) || key == 8 || key == 46 || key == 35 || key == 36 || key == 37 || key == 39) {

return true;

} else {

if (e.preventDefault) e.preventDefault();

e.returnValue = false;

return false;

}

}

aspx code

<asp:TextBox runat=”server” Width=”200px” onkeydown=”return FormatedTextBox(event)“></asp:TextBox>

<asp:TextBox runat=”server” Width=”200px” onkeydown=”return numericTextBox(event)></asp:TextBox>

Javascript မှာ key code number တွေကို အသေးစိတ်သိချင်ရင် ဒီ(http://unixpapa.com/js/key.html) မှာ ကြည့်လို့ရပါတယ်။

Javascript event object အကြောင်းကိုတော့ ဒီ(http://www.exforsys.com/tutorials/javascript/javascript-event-object.html) ကနေကြည့်လို့ ရပါတယ်။

March 12, 2010

Simple Book Store (Part 2)

Filed under: ASP.NET — Tags: , — sevenlamp @ 10:22 AM

ကျွန်တော်တို့ DataBase ဆောက်လို့ ပြီးပြီဆိုတော့ အခု program နဲ့ ချိတ်ပါ့မယ်။ web application နဲ့ database ချိတ်ပြီး data input/output လုပ်ဖို့အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ ကျွန်တော်အခု ObjectDataSource သုံးပြီး ချိတ်ဆက်ပြပါမယ်။ ObjectDataSource သုံးမယ်ဆိုရင် အလွယ်ဆုံးနည်းကတော့ DataSet နဲ့ တွဲပြီးသုံးတဲ့ နည်းပဲ ဖြစ်ပါတယ်။ DataSet ဆောက်တာကို အရင်ပိုဒ့်တွေမှာ ကျွန်တော်ရှင်းပြပြီးသားဖြစ်တဲ့အတွက် အခုကျွန်တော် အကြမ်းပဲ ပြောသွားပါ့မယ်။

Dataset Creation Process

၁ – solution explorer ထဲက project name ကို right click လုပ်ပြီး ‘Add new items’ ကိုနှိပ်လိုက်ပါ။  ပေါ်လာတဲ့ window ထဲမှာ DataSet ကိုရွေးပြီး Add လုပ်လိုက်ပါ။ ( App_Code ထဲကို ထည့်မလား မေးရင် ထည့်မယ်လို့သာ ပြောလိုက်ပါ။ )

၂ – Dataset ရပြီးရင် ToolBox ထဲကနေ TableAdapter ဆောက်ပါ။ TableAdapter ဆောက်ရင် ပထမဆုံး Database နဲ့ connection ယူရပါတယ်။ ( ပထမဆုံး တစ်ကြိမ်မှာ new connection ယူပြီး save ထားလိုက်ရင် နောက်အကြိမ်တွေမှာ new connection ယူစရာ မလိုတော့ပါဘူး၊ Auto ရွေးပေးပါလိမ့်မယ်။)

၃ – connection ရပြီဆိုရင် SQL Statement ကိုရွေးပြီး နောက်တစ်ဆင့်မှာ ကျွန်တော်လိုချင်တဲ့ Table ကိုရွေးပြီး select query ရေးပေးရပါမယ်။ (ဒီနေရာမှာ တစ်ခုသတိထားဖို့လိုတာက TableAdapter ဆောက်တဲ့ အချိန်မှာ ရေးတဲ့ ပထမဆုံး select query မှာ (1) All Column(*) ကိုပဲရွေးပါ။ (2) Table မ join ပါနဲ့။) ဘာလို့လဲ ဆိုတော့ Table join လိုက်ရင် Insert, Update, Delete Query တွေကို compiler က auto မဆောက်ပေးတော့ပါဘူး။ Search Page တွေ၊ List Page တွေအတွက် Table Join ဖို့လိုအပ်ရင် နောက်မှ New Query ယူပြီး Select လုပ်ပါ။ ပထမဆုံး Query မှာတော့ Table မ Join ပါနဲ့။ အရေးကြီးတာ တစ်ခု ပြောဖို့ ကျန်သေးတယ်။ ကျွန်တော်တို့ Database ထဲမှာ table တွေ ဆောက်တုန်းက Primary Key ပေးဖို့လည်း မမေ့ခဲ့ပါနဲ့ဦး။ အကယ်လို့ primary key မပေးထားခဲ့ဘူးဆိုရင် TableAdapter ဆောက်တဲ့ အချိန်မှာ Insert Query ပဲ ရေးပေးသွားပါလိမ့်မယ်။ Update နဲ့ Delete တော့ ဆောက်ပေးမှာ မဟုတ်ပါဘူး။

၎ – ကျွန်တော်တို့ရေးလိုက်တဲ့ select query အတွက် function name ပေးရတဲ့ နေရာမှာ ကိုယ်ကြိုက်တဲ့ name ပေးလိုက်လို့ ရပါတယ်။ default အနေနဲ့ Fill နဲ့ GetData ဆိုပြီး function ၂ ခု ဆောက်ပေးပါလိမ့်မယ်။ ကျွန်တော်တို့ မသုံးချင်တဲ့ function ကို ဖြုတ်ထားလို့လဲ ရပါတယ်။ Fill function နဲ့ GetData function ဘာကွာလဲဆိုရင် အောက်မှာ ပြထားတဲ့ နမူနာ usage လေးကို ကြည့်လိုက်ရင် ရှင်းသွားမှာပါ။

Fill Function Usage

DataSetName ds = new DataSetName(); // data သိမ်းမယ့် dataset ကို object ဆောက်ပါတယ်။

TableAdapterName adp = new TableAdapterName(); // function(query) ရှိတဲ့ Table adapter ကို object ဆောက်ပါတယ်။

adp.Fill (ds.DataTableName); // Fill function က data သိမ်းမယ့် dataset ကို parameter အနေနဲ့ ထည့်ပေးရတယ်။

GetData Function Usage

DataSetName ds = new DataSetName();

TableAdapterName adp = new TableAdapterName();

ds.DataTableName.Merge( adp.GetData() ); // GetData Function ကတော့ datatable return ပြန်ပြီး အဲ့ဒါကို ကိုယ်သိမ်းမယ့် datasetထဲက table ထဲကို ပေါင်းထည့်ပေးရပါတယ်။

မှတ်ချက်။ ။ Database ထဲက table တွေအတွက် dataset ဆောက်တဲ့ အခါမှာ DataSet ကို တစ်ခုထဲဆောက်ပြီး အဲ့ဒီထဲမှာ table တစ်ခုစီအတွက် TableAdapter တစ်ခုနှုန်းနဲ့ TableAdapter တွေ အများကြီးဆောက်လို့လည်း ရပါတယ်။ (ဒါမှမဟုတ်) table တစ်ခုအတွက် DataSet တစ်ခုနှုန်းနဲ့ DataSet တွေ အများကြီး ဆောက်ပြီးတော့ သုံးလည်းရပါတယ်။

pic1

ဒါလေးက ကျွန်တော်စက်မှာ ဆောက်ပြီးသွားတဲ့ Dataset နဲ့ TableAdapter တွေပဲ ဖြစ်ပါတယ်။

March 9, 2010

Simple Book Store (Part 1)

Filed under: ASP.NET — sevenlamp @ 11:08 AM

Simple Book Store

ကျွန်တော့်ကို Cbox ထဲမှာ ကိုဇော်လင်းခိုင်က “Book Store တစ်ခုအတွက် Database Table တွေ ဘယ်လိုဆောက်ရမလဲ” ဆိုပြီး မေးထားတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒီလိုပဲ ကိုနိုင်အောင် ကလည်း Comment တစ်ခုမှာ “ASP.NET ကနေ Database ကို ချိတ်ဆတ်ပုံလေး ပြောပြပေးပါ” လို့ မေးထားပါတယ်။ ဒီမေးခွန်း ၂ ခုကိုလည်း ဖြေရင်းနဲ့ ကျွန်တော် Simple Book Store Program လေးတစ်ခု တည်ဆောက်ပြချင် ပါတယ်။ ဒီ Program လေးမှာ အဓိက အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ Book List နဲ့ Book Entry ပေါ့။

Database Normalization

Normalization လုပ်လို့ ကောင်းတဲ့ အချက်တွေကိုတော့ SQL Server Book Online ထဲမှာ ဒီလို ပြောထားပါတယ်။

Some of the benefits of normalization include the following:

  • Faster sorting and index creation.
  • A larger number of clustered indexes.
  • Narrower and more compact indexes.
  • Fewer indexes per table. This improves the performance of the INSERT, UPDATE, and DELETE statements.
  • Fewer null values and less opportunity for inconsistency. This increases database compactness.

read more…

The Silver is the New Black Theme. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.