Simple Book Store
ကျွန်တော့်ကို Cbox ထဲမှာ ကိုဇော်လင်းခိုင်က “Book Store တစ်ခုအတွက် Database Table တွေ ဘယ်လိုဆောက်ရမလဲ” ဆိုပြီး မေးထားတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒီလိုပဲ ကိုနိုင်အောင် ကလည်း Comment တစ်ခုမှာ “ASP.NET ကနေ Database ကို ချိတ်ဆတ်ပုံလေး ပြောပြပေးပါ” လို့ မေးထားပါတယ်။ ဒီမေးခွန်း ၂ ခုကိုလည်း ဖြေရင်းနဲ့ ကျွန်တော် Simple Book Store Program လေးတစ်ခု တည်ဆောက်ပြချင် ပါတယ်။ ဒီ Program လေးမှာ အဓိက အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ Book List နဲ့ Book Entry ပေါ့။
Database Normalization
Normalization လုပ်လို့ ကောင်းတဲ့ အချက်တွေကိုတော့ SQL Server Book Online ထဲမှာ ဒီလို ပြောထားပါတယ်။
Some of the benefits of normalization include the following:
- Faster sorting and index creation.
- A larger number of clustered indexes.
- Narrower and more compact indexes.
- Fewer indexes per table. This improves the performance of the INSERT, UPDATE, and DELETE statements.
- Fewer null values and less opportunity for inconsistency. This increases database compactness.