Database Replication (Synchronization)
ဒီနေ့ ကျွန်တော်တို့ database synchronization နဲ့ ပတ်သက်တဲ့ အကြောင်းလေး နည်းနည်း ပြောကြရအောင်ဗျာ။ database ကို synchronize လုပ်တယ်ဆိုတာဘာလဲ? တစ်ခုထက်ပိုတဲ့ database တွေထဲမှာ data တွေကိုအတူတူရှိနေအောင် ပြုလုပ်ခြင်းလို့ ပြောရမယ်ထင်တယ်။ ဒီလိုဗျာ.. ကျွန်တော်မှာ database 2 ခုရှိတယ် db_A နဲ့ db_B ဆိုပါတော့။ အဲ့ဒီ database ၂ ခုကို synchronization လုပ်ချင်တယ်။ db_A ထဲကို ထည့်လိုက်တဲ့ data တွေကို db_B ထဲမှာပါ ရောက်သွားစေချင်တာပေါ့။ ဒီလို လုပ်ထားခြင်း အားဖြင့် အကြောင်း တစ်ခုခုကြောင့် database တစ်ခုပျက်သွားခဲ့ရင် တခြား တစ်ခုကနေ data တွေကို ပြန်ရစေနိုင်မယ်လေ။ နောက် တခြား အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိဦးမယ်ဗျ။
Database replication မှာ publisher, distributor နဲ့ subscriber ဆိုပြီး အဓိက ဇာတ်လိုက် ၃ ယောက်ရှိတယ်ဗျ။

- pic_1
Publisher ဆိုတာက replication မှာ dataတွေ ပို့လွှတ်မယ့် database ပါ။
Subscriber ဆိုတာကတော့ publisherက ပို့လိုက်တဲ့ data တွေကို လက်ခံမယ့် database ပါ။
Distributor ဆိုတာကတော့ data တွေကို သယ်ယူပို့ဆောင်ပေးတဲ့သူလို့ ပြောရမယ်ထင်တယ်။ replication နဲ့ သက်ဆိုင်တဲ့ replication status data တွေကို သိမ်းထားပေးတဲ့ database ပါ။
အိုကေ အပေါ်မှာ ပြောခဲ့သလို db_A ကနေ db_B ကို replication လုပ်မယ်ဆိုရင်။ db_A က publisher, db_B က subscriber ပါ။ publisher နဲ့ subscriber က ကွန်ပျူတာ တစ်လုံးထဲမှာ ဖြစ်နိုင်သလို၊ local area network ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် internet ထဲမှာ ရှိတဲ့ server ၂ လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ distributor database ကိုလည်း publisher computer ထဲမှာ ဖြစ်ဖြစ်၊ subscriber computer ထဲမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း တခြား ကျွန်ပျူတာ တစ်လုံးမှာပဲ ဖြစ်ဖြစ် ထားလို့ ရပါတယ်။ အခုကျွန်တော်ပြောမယ့် example လေးမှာတော့ publisher ရော၊ subscriber ရော၊ distributor ရော ကို ကွန်ပျူတာ တစ်လုံးထဲမှာ ထားမှာပါ(ဒီတစ်လုံးပဲရှိတာလေ)
ကဲ အရင်ဆုံး Replication လုပ်မယ့် database ၂ ခုကို အရင်ဆောက်လိုက်ပါ။ publisher လုပ်မယ့်စက်မှာ db_A နဲ့ subscriber စက်မှာ db_B ကိုဆောက်လိုက်ပါ။ ပြီးရင် အဲ့ဒီ database တွေထဲမှာ table လည်းဆောက်ရဦးမယ်နော်။ table ဆောက်တဲ့နေရာမှာ database 2 ခုလုံးမှာ table အရေအတွက် အတိအကျ တူစရာမလိုပါဘူး။ ဒါပေမယ့် replicate လုပ်မယ့် table တော့ တူရမယ်။ အခု sample အနေနဲ့ ဒီလိုလေး ဆောက်ပေးလိုက်ပါ။
| Column Name |
Data Type |
Allow Nulls |
| ID |
int |
Unchecked |
| Name |
varchar(50) |
Checked |
| Remark |
varchar(250) |
Checked |
ဒီနေရာမှာ မှတ်ထားဖို့ လိုတာက replicate လုပ်မယ့် table မှာ primary key ပါကိုပါရှိရမယ်။ ဒါကြောင့် ID column ကို primary key အဖြစ်သက်မှတ်ပေးလိုက်ပါ။ database ဆောက် table တွေ create လုပ်ပြီးရင်တော့ replication လုပ်မယ့် အပိုင်းရောက်ပြီ။ replication လုပ်ဖို့အတွက် publisher computer ထဲမှာ Distributor configuration အရင် လုပ်ပေးရပါမယ်။
ပုံ(၂) မှာ ပြထားတဲ့အတိုင်း SQL Server Management Studio ထဲက replication folder ကို right click လုပ်ပြီး Configure Distribution ကိုရွေးပါ။

- pic_2
ဒါဆိုရင် ပုံ(၃)မှာ ပြထားတဲ့အတိုင်း Configure Distribution Wizard လေး ပေါ်လာပါလိမ့်မယ်။ Next ကို ဆက်နှိပ်လိုက်ပါ။

- Pic_3

- Pic_4
ပုံ(၄) ကတော့ distributor database location ရွေးခိုင်းတာပါ။ distributor ကို publisher စက်မှာ ထားမှာလား။ ဒါမှမဟုတ် တခြားစက်တစ်လုံးလုံးမှာ ထားမှာလားဆိုတာကို ဒီအဆင့်မှာ ရွေးနိုင်ပါတယ်။ အခုကျွန်တော်ကတော့ publisher စက်မှာပဲ distributor ကိုထားမှာ ဖြစ်တဲ့အတွက်ကြောင့် default အတိုင်းပဲ ထားပြီး Next ဆက်နှိပ်ပါမယ်။ replication လုပ်ဖို့အတွက် ကျွန်တော်တို့ computer မှာ SQL Server Agent Run နေဖို့လိုတယ်ဗျ။ အဲ့ဒီ agent မrun ရသေးဘူးဆိုရင် ပုံ(၅) မှာပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ်။ run ထားပြီးသာဆိုရင်တေ့ ပေါ်မှာ မဟုတ်ပါဘူး။

- Pic_5

- Pic_6
ပုံ(၆)-ဒီအဆင့်မှာတော့ snapshot folder location ရွေးခိုင်းပါတယ်။ snapshot folder ဆိုတာက publisher database မှာ changes လုပ်သမျှကို သိမ်းထားပေးတဲ့ transaction log folder လို့ ပြောလို့ရမယ်ထင်တယ်။ ဒီ folder ကို subscriber computer ကနေ လှမ်းပြီး ဖတ်မှာ ဖြစ်လို့ subscriber computer ကနေ access လုပ်လို့ရတဲ့ location မှာ ဖြစ်ရပါမယ်။ ကျွန်တော်အခုလုပ်သလိုမျိုး publisher နဲ့ subscriber က same computer ဆိုရင်တော့ ဒီအတိုင်းထားလိုက်လည်း ရပါတယ်။ same computer မဟုတ်ဘူးဆိုရင်တော့ ဒီနေရာမှာ netword share folder location ကိုထည့်ပေးရပါမယ်။ ဒီလိုမျိုးပေါ့ \\pub_computer\ReplData.

- Pic_7
ပုံ(၇)-ဒီအဆင့်မှာ ကျွန်တော်တို့ distribution database ရဲ့ name နဲူ့location ကို ရိုက်ပေးရမှာပါ။ default ဒီအတိုင်းလေးပဲ ထားလိုက်ပြီး Next ပါမယ်။ ပုံ(ဂ)- ပုံ(၉)- ပုံ(၁၀)-မှာ Next တွေနှိပ်ပြီး Finished လိုက်ပါ။

- Pic_8

- Pic_9

- Pic_10

- Pic_11
ဒါဆို ကျွန်တော်တို့ ပုံ(၁၁) မှာ ပြထားတဲ့အတိုင်း Distributor ကို configure လုပ်တာ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။
အခုကျွန်တော် Publisher စဆောက်ပါမယ်။ ပုံ(၁၂) မှာ ပြထားတဲ့အတိုင်း Publications Folder ကို right click လုပ်ပြီး New Publication ကိုရွေးပါ။ ဒါဆို ပုံ(၁၃) မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။

Pic_12

Pic_13

Pic_14
ပုံ(၁၄)-အဆင့်မှာတော့ ကျွန်တော်တို့ publication လုပ်ချင်တဲ့ database ကိုရွေးပေးရမှာပါ။ အခုကျွန်တော်တို့ db_A ကိုရွေးလိုက်ပါတယ်။ ပုံ(၁၅)-အဆင့်မှာတော့ ကျွန်တော်တို့ publication type ကိုရွေးပေးရမှာပါ။ publication type အဓိက ၃ မျိုးရှိပါတယ်။
- Snapshot publication
- Transactional publication
- Merge publication
ကျွန်တော်အခု Transactional publication ကိုရွေးပြီး Next ပါမယ်။

Pic_15

Pic_16
ပုံ(၁၆)-အဆင့်မှာ ကျွန်တော်တို့ publish လုပ်ချင်တဲ့ Articles(table) တွေကိုရွေးရပါတယ်။ ပြီးရင် Article Properties ထဲကို ၀င်ပြီး၊ ပုံ(၁၇) မှာ ပြထားတဲ့အတိုင်း “Keep existing object unchanged” ကိုရွေးပေးလိုက်ပါမယ်။ ဆိုလိုတာကတော့ အကယ်လို့ subscriber table ထဲမှာ data တွေ ရှိနေရင် ဒီအတိုင်းပဲ ထားမယ်လို့ ပြောတာပါ။

Pic_17

Pic_18
ပုံ(၁၈)-အဆင့်မှာ ကျွန်တော်တို့ article တွေအတွက် row filter ပေးလို့ရပါတယ်။ table ထဲမှာ ရှိသမျှ row တွေအားလုံးကို publish မလုပ်ပဲ condition စစ်ပြီးမှ လုပ်ချင်ရင် ဒီနေရာမှာ Add button နှိပ်ပြီး filter ထည့်လို့ ရပါတယ်။ အခုကျွန်တော်ကတော့ မထည့်တော့ပါဘူး။

Pic_19
ပုံ(၁၉)-ဒီအဆင့်မှာတော့ အပေါ်checkbox လေးကို check လုပ်ပြီး Next ဆက်နှိပ်ပါ။ ဒါဆို နောက်အဆင့်မှာ ပုံ(၂၀)- မှာ ပြထားတဲ့အတိုင်း Agent Security setting လုပ်ပေးရပါမယ်။

Pic_20

Pic_21
ပုံ(၂၁)-မှာ ပြထားတဲ့အတိုင်း SQL Server Agent service account နဲ့ run မယ်လို့ ပြောလိုက်ပါတယ်။ နောက်ပြီး Publisher database ကို ၀င်ဖို့အတွက် SQL Server login account ထည့်ပေးရပါတယ်။ ကျွန်တော်တို့ SQL Server install လုပ်တုန်းက password မပေးခဲ့ဘူးဆိုရင်တော့၊ By impersonation the process account ဆိုတာကို ရွေးလိုက်ပါ။

Pic_22

Pic_23

Pic_24
ပုံ(၂၂)- မှာ Next နှိပ်၊ ပုံ(၂၃)- မှာ နံမည်ပေးပြီး Finished လိုက်ပါ။ ဒါဆို ပုံ(၂၄)-မှာ ပြထားသလိုမျိုး publisher ဆောက်တဲ့ ကိစ္စ အဆင်ပြေသွားပါပြီ။
အခု နောက်ဆုံး ကျွန်တော်တို့ Subscriber ဆောက်ဖို့ပဲ ကျန်ပါတော့တယ်။ ပုံ(၂၅) မှာ ပြထားတဲ့အတိုင်း ခုနကျွန်တော်တို့ ဆောက်လိုက်တဲ့ publisher ကို right click နှိပ်ပြီး New Subscription ကိုရွေးလိုက်ပါ။

Pic_25

Pic_26
ပုံ(၂၆) ကို Next လိုက်ရင် ပုံ(၂၇) မှာ ပြထားတဲ့အတိုင်း ကျွန်တော်တို့ အခုရွေးလိုက်တဲ့ publisher လေးကို တွေ့ရပါမယ်၊ Next ထပ်နှိပ်ပါ။ ဒါဆို နောက်တဆင့်(ပုံ-၂၈)မှာ Distribution Agent location ရွေးရပါတယ်။ Distribution Agent ဆိုတာက Transactional Replication မှာ publisher ထဲက data တွေ ဆွဲပေးတဲ့ process ကို ပြောတာပါ။ Transaction Replication မှာ PUSH နဲ့ PULL ဆိုပြီး type ၂ မျိုးရှိပါတယ်။ PUSH ကိုသုံးရင် distribution agent က publisher computer ပေါ်မှာနေပြီး subscriber ကို replicate data တွေ တွန်းပို့ပေးပါတယ်။ PULL ကိုရွေးလိုက်ရင်တော့ distribution agent က subscriber computer ပေါ်မှာနေပြီး publisher ဆီကနေ replication data တွေကို ဆွဲချပေးပါတယ်။ အခုကျွန်တော်ကတော့ PUSH ကိုပဲရွေးလိုက်ပါတယ်။

Pic_27

Pic_28
ပုံ(၂၉)-အဆင့်မှာတော့ ကျွန်တော်တို့ subscriber database ကိုရွေးပေးရပါတယ်။ အကယ်၍ subscriber က တခြားစက်မှာဆိုရင် “Add Subscriber” button လေးကိုနှိပ်ပြီး ရွေးပေးရပါမယ်။ အခုကျွန်တော်က db_B database ကိုရွေးပြီး Next လိုက်ပါမယ်။
ပုံ(၃၀)-အဆင့်မှာတော့ Subscriber အတွက် Distribution Agent Security Setting လုပ်ပေးရပါတယ်။ ပုံ(၃၁) မှာ ပြထားတဲ့အတိုင်း ရွေးပြီး Next လိုက်ပါဦး။

Pic_29

Pic_30
ပုံ(၃၃)၊ ပုံ(၃၄)၊ ပုံ(၃၅) အဆင့်ဆင့် Next တွေ နှိပ်သွားလိုက်ရင် နောက်ဆုံး ကျွန်တော်တို့ Subscription process အဆင်ပြေပြေနဲ့ ပြီးဆုံးသွားမှာပါ။

Pic_31

Pic_32

Pic_33

Pic_34

Pic_35
အခုကျွန်တော်တို့ database ၂ ခု(db_A and db_B)ကို replication လုပ်လို့ ပြီးသွားပါပြီ။ ဒီ replication တကယ်ရော အလုပ်လုပ်ပြီလား စမ်းကြည့်ရအောင်။ Databases folder အောက်က db_A database ကို right click လုပ်ပြီး new query ခေါ်လိုက်ပါ။ ပြီး ပုံ(၃၆)မှာ ပြထားတဲ့အတိုင်း အဲ့ဒီ query ထဲမှာ INSERT STATEMENT တစ်ကြောင်းရေးပြီး Run လိုက်ပါမယ်။

Pic_36
ပြီးရင် db_B ထဲမှာ ၀င်မ၀င်သွားစစ်ဖို့အတွက် db_B database အတွက်လည်း နောက်ထပ် query ထပ်ယူပါမယ်။ ပြီး SELECT STATEMENT လေး ရေးလိုက်ပြီး run လိုက်ပါ။ ကဲ.. db_A ထဲကို ကျွန်တော်ထည့်လိုက်တဲ့ record ကို db_B ထဲမှာပါ တွေ့နေရပါပြီ။

Pic_37
အခုကျွန်တော် ပြောသွားတာက database replication မှာ အရိုးရှင်းဆုံး၊ အလွယ်ဆုံး အပိုင်းလေးပါ။ အားလုံး နားလည်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ နောက်မှာ ပိုပြီး ရှုပ်ထွေးတဲ့ replication တွေ အကြောင်း ဆက်ရေးပါဦးမယ်။