our notes for our youngers

December 28, 2009

developing a site ( part 2 )

Filed under: ASP.NET, developing website — Tags: , , , , — sevenlamp @ 10:54 AM

http://www.sevenlamp.co.cc ကို လာကြပါ ခင်ဗျ :)

ကျွန်တော် Template ပြင်တာတော့ Home Page အတွက် အကြမ်းထည်ပြီးသွားပါပြီ။ Home Page မှာ လောလောဆယ် Chat Box လေး ထည့်ထားပါတယ်။ www.cbox.ws လို site တွေကနေ chatbox တွေ အလွယ်တကူရနိုင်ပေမယ့် ကျွန်တော်ကတော့ ကိုယ်တိုင်လုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ MS-SQLServer2008 ထဲမှာ chatbox အတွက် Table လေးသွားဆောက်လိုက်ပါတယ်။ Table structure ကတော့ ဒီလိုပါ….

Column Name Data Type Allow Nulls
ChatLogID int Unchecked
ChatLog nvarchar(MAX) Checked
SenderName nvarchar(50) Checked
SenderLocation nvarchar(50) Checked
SendingTime datetime Checked
MemberID int Checked
Color varchar(50) Checked
Bold bit Checked
Italic bit Checked

ChatLogID column ကို primary key ပေးပြီး auto increment လည်း လုပ်လိုက်ပါတယ်။

DataBase ပြီးသွားတော့ Program ကနေ ပြန်ခေါ်နိုင်ဖို့အတွက်။ DataSet ဆောက်ပါတယ်။ ပြီးတော့ Home Page ထဲမှာ လိုအပ်တဲ့ design တွေ ပြင်ပါတယ်။ ကျွန်တော် ဒီ program လေး မှာ ASP.NET MasterPage ကိုလည်း သုံးထားပါတယ်။ Program Code အသေးစိတ်ကို ကျွန်တော် ရှင်း ပြပေးချင်ပေမယ့်။ ကျွန်တော်မှာ အချိန်မလုံလောက်တဲ့ ပြဿနာဖြစ်နေလို့။ Source Code ကိုပဲ တင်ပေးလိုက်ပါတယ်။ ညီတို့ Run ကြည့်ပြီး သိချင်တဲ့ အပိုင်းလေးတွေကို ပြန်မေးစေချင်ပါတယ်။ညီတို့ ဆီမှာ database ပြန်ဆောက်ရပါမယ်။ ကျွန်တော်ပေါ်မှာ ပြောတဲ့ table structure အတိုင်းပေါ့။ ပြီးရင် program ရဲ့ connection string မှာ ပြင်ရပါဦးမယ်။ web.config file ထဲမှာ connectionstring ဆိုတဲ့ နေရာလေးမှာ ပြင်ရမှာပါ။

source code link -> http://www.sendspace.com/file/7rhq0x

နောက်တစ်ခုက ကျွန်တော် အခု လုပ်ပြီးသမျှကို http://www.sevenlamp.co.cc မှာ တင်ထားပါတယ်။ အဲ့ဒီကိုလည်း ၀င်ပြီးအားပေးကြပါဦး။ ပြီးရင် လိုအပ်တာလေးတွေ လည်း ပြောကြစေချင်ပါတယ်။ နောက်ပြီး ညီတို့ အနေနဲ့ ထပ်ပြီး ထည့်ချင်တာလေးတွေ ရှိရင်လည်း ပြောကြပါ။ အတူတူကြိုးစားကြတာပေါ့။ သြော် ဒါနဲ့ sevenlamp.co.cc ကိုရောက်ရင် chat box လေးမှာလည်း တခုခု ပြောထားခဲ့ပါဦးနော်။

October 23, 2009

Question & Answer 1

Filed under: ADO in Window Application, Question&Answer — Tags: , , , , , — sevenlamp @ 4:06 PM

ကျွန်တော် သူငယ်ချင်းတို့ရဲ့ comment ထဲမှာ မေးတဲ့ မေးခွန်းလေးတွေကို အလျှင်းသင့်သလို ပြန်ဖြေနိုင်အောင်ဆိုပြီး Question and Answer ဆိုတဲ့ အပိုင်းလေး ထည့်ဖို့ စဉ်းစားမိတယ်။ ဒါနဲ့ ဒီ category လေးကို စလိုက်ပါတယ်။ သူငယ်ချင်းတို့ C# နဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ မေးနိုင်ပါတယ်။ ကျွန်တော် သိသလောက် ဖြေပေးပါ့မယ်။ အဲ မသိရင်လည်း ကြိုးစား ရှာဖတ်ပြီး ဖြေပေးနိုင်အောင် ကြိုးစားပါ့မယ်။

အရင်ဆုံး Ko Thet မေးတဲ့ မေးခွန်းလေးနဲ့ စလိုက်ရအောင်….

Q : How to populate data in text box by using combo box.Says, Chose ID in Combo Box, then Name, Add, City, Contact no and etc will be shown in respective text box control. If you have time, please show me.

Comment by Ko Thet — October 22, 2009

A : ဒီမေးခွန်းလေးအတွက် ကျွန်တော် example program လေး တစ်ခု ရေးပြပါမယ်။ အရင်ဆုံး အောက်မှာ ပြထားတဲ့ ပုံ(၁) အတိုင်း database ထဲမှာ table လေး တစ်ခုဆောက်လိုက်ပါတယ်။

Database name => Course_DB

Table name => EmployeeTable

pic_1

pic_1

Note: EmployeeID ကို ကျွန်တော်တို့ ထည့်စရာ မလိုပဲ database မှာ auto တိုးသွားချင်လို့ အဲ့ဒီ column properties မှာ (Is Identity) ကို Yes လို့ ပေးလိုက်ပါတယ်။ Identity Seed (1) ကနေစပြီး Identity Increment (1) စီ တိုးသွားမယ်လို့ ပြောတာပါ။

ပြီးရင် အဲ့ဒီ EmployeeTable ထဲကို Sample Data နည်းနည်း ဖြည့်ပေးထားလိုက်ပါမယ်။ ပုံ(၂) နဲ့ ပုံ(၃)မှာ ကြည့်ပါ။

pic_2

pic_2

pic_3

pic_3

database ဆောက်ပြီးတော့ အခုကျွန်တော်တို့ program ဘက်အပိုင်းကို ဆက်ပါမယ်။ New Window Application တစ်ခုယူပြီး ပုံ(၄) အတိုင်း design ချလိုက်ပါတယ်။

pic_4

pic_4

Database ထဲက data ကို window form မှာ ချိတ်ပြဖို့အတွက် ကျွန်တော် အခု ပုံ(၅) မှာပြထားသလို အဆင့်ဆင့် လုပ်သွားလိုက်ပါ။

pic_5

pic_5

pic_6

pic_6

Data Source Configuration Wizard မှာ ‘DataBase’ ကိုရွေးပြီး Next ထပ်နှိပ်လိုက်ပါ။ ဒါဆိုရင် ပုံ(၇) မှာ ပြထားသလို database connection ရွေးခိုင်းတဲ့ နေရာကိုရောက်ပါမယ်။ ကျွန်တော်တို့က အခုမှ connection အသစ်ဆောက်မှာ ဖြစ်လို့ New Connection button ကိုနှိပ်လိုက်ပါ။ Add connection wizard ရောက်ရင် ပုံ(ဂ) မှာ ပြထားသလိုမျိုး connection တစ်ခု ဆောက်လိုက်ပါ။

pic_7

pic_7

pic_8

pic_8

pic_9

pic_9

ပုံ(၉) မှာ ပြထားတဲ့ အတိုင်း ကျွန်တော်တို့ database connection တစ်ခုရပါပြီ။ အဲ့ဒီ connection string ထဲမှာ password ထည့်သိမ်းထားမယ်ဆိုရင် ဒုတိယ radio button လေးကို ရွေးပေးရပါမယ်။

pic_10

pic_10

နောက်တစ်ဆင့်မှာ connection setting လေးကို သိမ်းမလားလို့ မေးပါတယ်။ အိုကေ သိမ်းထားလိုက်ပါ… နာမည်ကိုလည်း မပြောင်းတာကောင်းပါတယ်။

pic_11

pic_11

အခုကျွန်တော်တို့ combobox ကနေတဆင့် dataset ဆောက်တဲ့ အဆင်ပြီးသွားပါပြီ။ အခု ပြောသလိုမဆောက်ချင်ဘူး ဒါမှမဟုတ်လည်း ကျွန်တော်တို့ form ထဲမှာ combobox မပါဘူးဆိုရင်လည်း dataset ကြီးပဲ ဒီတိုင်း ယူပြီး ဆောက်လို့လည်း ရပါတယ်။ (Project Menu -> Add New Items -> DataSet )

pic_12

pic_12

Code file ထဲမှာလည်း Form_Load event ကို auto ဆောက်ပေးသွားပါလိမ့်မယ်။

private void Form1_Load(object sender, EventArgs e)
{
      this.employeeTableTableAdapter.Fill(this.course_DBDataSet.EmployeeTable);
}

Database ထဲက data တွေကို ကျွန်တော်တို့ program ရဲ့ memory ပေါ်မှာ ယူပြီး သိမ်းပေးထားတဲ့ အလုပ်ကို DataSet က လုပ်ပေးပါတယ်။ အဲ့ဒီ dataset ထဲကို data တွေ ပို့ဆောင်ပေးတဲ့ အလုပ်ကိုတော့ tableadapter က တာဝန်ယူပါတယ်။ Form Load event ထဲမှာ ရေးပေးသွားတဲ့ အလုပ်က အဲ့ဒီ data fill လုပ်ပေးတဲ့ အလုပ်ပါ။ DataSet ထဲက data တွေကို UI Controls တွေမှာ ပြဖို့ အတွက်ကိုတော့ BindingSource ကိုသုံးရပါတယ်။

pic_13

pic_13

အခု program လေးကို အခုနေ run လိုက်ရင် combobox ထဲမှာ employee no တွေကိုတွေ့နေရမှာပါ။ ဒါပေမယ့် textbox တွေမှာတော့ ပေါ်မှာ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ textbox တွေနဲ့ မချိတ်ပေးရသေးဘူးလေ။ အိုကေ အခု textbox တွေနဲ့ bindingsource နဲ့ ချိတ်ပေးပါ့မယ်။

pic_14

pic_14

Textbox နဲ့ databind ဖို့အတွက် textbox ရဲ့ properties window ကိုသွားလိုက်ပါ။ အပေါ်ဆုံးနားမှာ (DataBindings) ဆိုတဲ့ property လေးကို ဖွင့်လိုက်ပြီး၊ Text property ကိုနှိပ်လိုက်ပါ။ အဲ့ဒီမှာ ကျွန်တော်တို့ form မှာ ရှိနေတဲ့ employeeTableBindingSource ကိုတွေရပါမယ်။ အဲ့ဒီ bindingsource ထဲကနေ ကျွန်တော်တို့ textbox မှာ ပြချင်တဲ့ column name ကိုရွေးပေးလိုက်ရုံပါပဲ။ ကဲ… ကျန်တဲ့ textbox တွေအားလုံးမှာလည်း ဒီတိုင်းပဲ လိုက်လုပ်လိုက်ပါ။ အခုဆိုရင်တော့ Ko Thet လိုချင်တဲ့ Program ပုံစံလေး ရပြီထင်ပါတယ်။

October 21, 2009

Database Replication (part 1)

Filed under: Database Replication — Tags: , , — sevenlamp @ 4:39 PM

Database Replication (Synchronization)

ဒီနေ့ ကျွန်တော်တို့ database synchronization နဲ့ ပတ်သက်တဲ့ အကြောင်းလေး နည်းနည်း ပြောကြရအောင်ဗျာ။ database ကို synchronize လုပ်တယ်ဆိုတာဘာလဲ? တစ်ခုထက်ပိုတဲ့ database တွေထဲမှာ data တွေကိုအတူတူရှိနေအောင် ပြုလုပ်ခြင်းလို့ ပြောရမယ်ထင်တယ်။ ဒီလိုဗျာ.. ကျွန်တော်မှာ database 2 ခုရှိတယ် db_A နဲ့ db_B ဆိုပါတော့။ အဲ့ဒီ database ၂ ခုကို synchronization လုပ်ချင်တယ်။ db_A ထဲကို ထည့်လိုက်တဲ့ data တွေကို db_B ထဲမှာပါ ရောက်သွားစေချင်တာပေါ့။ ဒီလို လုပ်ထားခြင်း အားဖြင့် အကြောင်း တစ်ခုခုကြောင့် database တစ်ခုပျက်သွားခဲ့ရင် တခြား တစ်ခုကနေ data တွေကို ပြန်ရစေနိုင်မယ်လေ။ နောက် တခြား အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိဦးမယ်ဗျ။

Database replication မှာ publisher, distributor နဲ့ subscriber ဆိုပြီး အဓိက ဇာတ်လိုက် ၃ ယောက်ရှိတယ်ဗျ။

pic_1
pic_1

Publisher ဆိုတာက replication မှာ dataတွေ ပို့လွှတ်မယ့် database ပါ။

Subscriber ဆိုတာကတော့ publisherက ပို့လိုက်တဲ့ data တွေကို လက်ခံမယ့် database ပါ။

Distributor ဆိုတာကတော့ data တွေကို သယ်ယူပို့ဆောင်ပေးတဲ့သူလို့ ပြောရမယ်ထင်တယ်။ replication နဲ့ သက်ဆိုင်တဲ့ replication status data တွေကို သိမ်းထားပေးတဲ့ database ပါ။

အိုကေ အပေါ်မှာ ပြောခဲ့သလို db_A ကနေ db_B ကို replication လုပ်မယ်ဆိုရင်။ db_A က publisher, db_B က subscriber ပါ။ publisher နဲ့ subscriber က ကွန်ပျူတာ တစ်လုံးထဲမှာ ဖြစ်နိုင်သလို၊ local area network ထဲမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် internet ထဲမှာ ရှိတဲ့ server ၂ လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ distributor database ကိုလည်း publisher computer ထဲမှာ ဖြစ်ဖြစ်၊ subscriber computer ထဲမှာ ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း တခြား ကျွန်ပျူတာ တစ်လုံးမှာပဲ ဖြစ်ဖြစ် ထားလို့ ရပါတယ်။ အခုကျွန်တော်ပြောမယ့် example လေးမှာတော့ publisher ရော၊ subscriber ရော၊ distributor ရော ကို ကွန်ပျူတာ တစ်လုံးထဲမှာ ထားမှာပါ(ဒီတစ်လုံးပဲရှိတာလေ) :)

ကဲ အရင်ဆုံး Replication လုပ်မယ့် database ၂ ခုကို အရင်ဆောက်လိုက်ပါ။ publisher လုပ်မယ့်စက်မှာ db_A နဲ့ subscriber စက်မှာ db_B ကိုဆောက်လိုက်ပါ။ ပြီးရင် အဲ့ဒီ database တွေထဲမှာ table လည်းဆောက်ရဦးမယ်နော်။ table ဆောက်တဲ့နေရာမှာ database 2 ခုလုံးမှာ table အရေအတွက် အတိအကျ တူစရာမလိုပါဘူး။ ဒါပေမယ့် replicate လုပ်မယ့် table တော့ တူရမယ်။ အခု sample အနေနဲ့ ဒီလိုလေး ဆောက်ပေးလိုက်ပါ။

Column Name Data Type Allow Nulls
ID int Unchecked
Name varchar(50) Checked
Remark varchar(250) Checked

ဒီနေရာမှာ မှတ်ထားဖို့ လိုတာက replicate လုပ်မယ့် table မှာ primary key ပါကိုပါရှိရမယ်။ ဒါကြောင့် ID column ကို primary key အဖြစ်သက်မှတ်ပေးလိုက်ပါ။ database ဆောက် table တွေ create လုပ်ပြီးရင်တော့ replication လုပ်မယ့် အပိုင်းရောက်ပြီ။ replication လုပ်ဖို့အတွက် publisher computer ထဲမှာ Distributor configuration အရင် လုပ်ပေးရပါမယ်။

ပုံ(၂) မှာ ပြထားတဲ့အတိုင်း SQL Server Management Studio ထဲက replication folder ကို right click လုပ်ပြီး Configure Distribution ကိုရွေးပါ။

pic_2
pic_2

ဒါဆိုရင် ပုံ(၃)မှာ ပြထားတဲ့အတိုင်း Configure Distribution Wizard လေး ပေါ်လာပါလိမ့်မယ်။ Next ကို ဆက်နှိပ်လိုက်ပါ။

Pic_3
Pic_3
Pic_4
Pic_4

ပုံ(၄) ကတော့ distributor database location ရွေးခိုင်းတာပါ။ distributor ကို publisher စက်မှာ ထားမှာလား။ ဒါမှမဟုတ် တခြားစက်တစ်လုံးလုံးမှာ ထားမှာလားဆိုတာကို ဒီအဆင့်မှာ ရွေးနိုင်ပါတယ်။ အခုကျွန်တော်ကတော့ publisher စက်မှာပဲ distributor ကိုထားမှာ ဖြစ်တဲ့အတွက်ကြောင့် default အတိုင်းပဲ ထားပြီး Next ဆက်နှိပ်ပါမယ်။ replication လုပ်ဖို့အတွက် ကျွန်တော်တို့ computer မှာ SQL Server Agent Run နေဖို့လိုတယ်ဗျ။ အဲ့ဒီ agent မrun ရသေးဘူးဆိုရင် ပုံ(၅) မှာပြထားတဲ့အတိုင်း ပေါ်လာလိမ့်မယ်။ run ထားပြီးသာဆိုရင်တေ့ ပေါ်မှာ မဟုတ်ပါဘူး။

Pic_5
Pic_5
Pic_6
Pic_6

ပုံ(၆)-ဒီအဆင့်မှာတော့ snapshot folder location ရွေးခိုင်းပါတယ်။ snapshot folder ဆိုတာက publisher database မှာ changes လုပ်သမျှကို သိမ်းထားပေးတဲ့ transaction log folder လို့ ပြောလို့ရမယ်ထင်တယ်။ ဒီ folder ကို subscriber computer ကနေ လှမ်းပြီး ဖတ်မှာ ဖြစ်လို့ subscriber computer ကနေ access လုပ်လို့ရတဲ့ location မှာ ဖြစ်ရပါမယ်။ ကျွန်တော်အခုလုပ်သလိုမျိုး publisher နဲ့ subscriber က same computer ဆိုရင်တော့ ဒီအတိုင်းထားလိုက်လည်း ရပါတယ်။ same computer မဟုတ်ဘူးဆိုရင်တော့ ဒီနေရာမှာ netword share folder location ကိုထည့်ပေးရပါမယ်။ ဒီလိုမျိုးပေါ့ \\pub_computer\ReplData.

Pic_7
Pic_7

ပုံ(၇)-ဒီအဆင့်မှာ ကျွန်တော်တို့ distribution database ရဲ့ name နဲူ့location ကို ရိုက်ပေးရမှာပါ။ default ဒီအတိုင်းလေးပဲ ထားလိုက်ပြီး Next ပါမယ်။ ပုံ(ဂ)- ပုံ(၉)- ပုံ(၁၀)-မှာ Next တွေနှိပ်ပြီး Finished လိုက်ပါ။

Pic_8
Pic_8
Pic_9
Pic_9
Pic_10
Pic_10
Pic_11
Pic_11

ဒါဆို ကျွန်တော်တို့ ပုံ(၁၁) မှာ ပြထားတဲ့အတိုင်း Distributor ကို configure လုပ်တာ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။

အခုကျွန်တော် Publisher စဆောက်ပါမယ်။ ပုံ(၁၂) မှာ ပြထားတဲ့အတိုင်း Publications Folder ကို right click လုပ်ပြီး New Publication ကိုရွေးပါ။ ဒါဆို ပုံ(၁၃) မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။ Next ကိုနှိပ်ပါ။

Pic_12

Pic_12

Pic_13

Pic_13

Pic_14

Pic_14

ပုံ(၁၄)-အဆင့်မှာတော့ ကျွန်တော်တို့ publication လုပ်ချင်တဲ့ database ကိုရွေးပေးရမှာပါ။ အခုကျွန်တော်တို့ db_A ကိုရွေးလိုက်ပါတယ်။ ပုံ(၁၅)-အဆင့်မှာတော့ ကျွန်တော်တို့ publication type ကိုရွေးပေးရမှာပါ။ publication type အဓိက ၃ မျိုးရှိပါတယ်။

-       Snapshot publication

-       Transactional publication

-       Merge publication

ကျွန်တော်အခု Transactional publication ကိုရွေးပြီး Next ပါမယ်။

Pic_15

Pic_15

Pic_16

Pic_16

ပုံ(၁၆)-အဆင့်မှာ ကျွန်တော်တို့ publish လုပ်ချင်တဲ့ Articles(table) တွေကိုရွေးရပါတယ်။ ပြီးရင် Article Properties ထဲကို ၀င်ပြီး၊ ပုံ(၁၇) မှာ ပြထားတဲ့အတိုင်း “Keep existing object unchanged” ကိုရွေးပေးလိုက်ပါမယ်။ ဆိုလိုတာကတော့ အကယ်လို့ subscriber table ထဲမှာ data တွေ ရှိနေရင် ဒီအတိုင်းပဲ ထားမယ်လို့ ပြောတာပါ။

Pic_17

Pic_17

Pic_18

Pic_18

ပုံ(၁၈)-အဆင့်မှာ ကျွန်တော်တို့ article တွေအတွက် row filter ပေးလို့ရပါတယ်။ table ထဲမှာ ရှိသမျှ row တွေအားလုံးကို publish မလုပ်ပဲ condition စစ်ပြီးမှ လုပ်ချင်ရင် ဒီနေရာမှာ Add button နှိပ်ပြီး filter ထည့်လို့ ရပါတယ်။ အခုကျွန်တော်ကတော့ မထည့်တော့ပါဘူး။

Pic_19

Pic_19

ပုံ(၁၉)-ဒီအဆင့်မှာတော့ အပေါ်checkbox လေးကို check လုပ်ပြီး Next ဆက်နှိပ်ပါ။ ဒါဆို နောက်အဆင့်မှာ ပုံ(၂၀)- မှာ ပြထားတဲ့အတိုင်း Agent Security setting လုပ်ပေးရပါမယ်။

Pic_20

Pic_20

Pic_21

Pic_21

ပုံ(၂၁)-မှာ ပြထားတဲ့အတိုင်း SQL Server Agent service account နဲ့ run မယ်လို့ ပြောလိုက်ပါတယ်။ နောက်ပြီး Publisher database ကို ၀င်ဖို့အတွက် SQL Server login account ထည့်ပေးရပါတယ်။ ကျွန်တော်တို့ SQL Server install လုပ်တုန်းက password မပေးခဲ့ဘူးဆိုရင်တော့၊ By impersonation the process account ဆိုတာကို ရွေးလိုက်ပါ။

Pic_22

Pic_22

Pic_23

Pic_23

Pic_24

Pic_24

ပုံ(၂၂)- မှာ Next နှိပ်၊ ပုံ(၂၃)- မှာ နံမည်ပေးပြီး Finished လိုက်ပါ။ ဒါဆို ပုံ(၂၄)-မှာ ပြထားသလိုမျိုး publisher ဆောက်တဲ့ ကိစ္စ အဆင်ပြေသွားပါပြီ။

အခု နောက်ဆုံး ကျွန်တော်တို့ Subscriber ဆောက်ဖို့ပဲ ကျန်ပါတော့တယ်။ ပုံ(၂၅) မှာ ပြထားတဲ့အတိုင်း ခုနကျွန်တော်တို့ ဆောက်လိုက်တဲ့ publisher ကို right click နှိပ်ပြီး New Subscription ကိုရွေးလိုက်ပါ။

Pic_25

Pic_25

Pic_26

Pic_26

ပုံ(၂၆) ကို Next လိုက်ရင် ပုံ(၂၇) မှာ ပြထားတဲ့အတိုင်း ကျွန်တော်တို့ အခုရွေးလိုက်တဲ့ publisher လေးကို တွေ့ရပါမယ်၊ Next ထပ်နှိပ်ပါ။ ဒါဆို နောက်တဆင့်(ပုံ-၂၈)မှာ Distribution Agent location ရွေးရပါတယ်။ Distribution Agent ဆိုတာက Transactional Replication မှာ publisher ထဲက data တွေ ဆွဲပေးတဲ့ process ကို ပြောတာပါ။ Transaction Replication မှာ PUSH နဲ့ PULL ဆိုပြီး type ၂ မျိုးရှိပါတယ်။ PUSH ကိုသုံးရင် distribution agent က publisher computer ပေါ်မှာနေပြီး subscriber ကို replicate data တွေ တွန်းပို့ပေးပါတယ်။ PULL ကိုရွေးလိုက်ရင်တော့ distribution agent က subscriber computer ပေါ်မှာနေပြီး publisher ဆီကနေ replication data တွေကို ဆွဲချပေးပါတယ်။ အခုကျွန်တော်ကတော့ PUSH ကိုပဲရွေးလိုက်ပါတယ်။

Pic_27

Pic_27

Pic_28

Pic_28

ပုံ(၂၉)-အဆင့်မှာတော့ ကျွန်တော်တို့ subscriber database ကိုရွေးပေးရပါတယ်။ အကယ်၍ subscriber က တခြားစက်မှာဆိုရင် “Add Subscriber” button လေးကိုနှိပ်ပြီး ရွေးပေးရပါမယ်။ အခုကျွန်တော်က db_B database ကိုရွေးပြီး Next လိုက်ပါမယ်။

ပုံ(၃၀)-အဆင့်မှာတော့ Subscriber အတွက် Distribution Agent Security Setting လုပ်ပေးရပါတယ်။ ပုံ(၃၁) မှာ ပြထားတဲ့အတိုင်း ရွေးပြီး Next လိုက်ပါဦး။

Pic_29

Pic_29

Pic_30

Pic_30

ပုံ(၃၃)၊ ပုံ(၃၄)၊ ပုံ(၃၅) အဆင့်ဆင့် Next တွေ နှိပ်သွားလိုက်ရင် နောက်ဆုံး ကျွန်တော်တို့ Subscription process အဆင်ပြေပြေနဲ့ ပြီးဆုံးသွားမှာပါ။

Pic_31

Pic_31

Pic_32

Pic_32

Pic_33

Pic_33

Pic_34

Pic_34

Pic_35

Pic_35

အခုကျွန်တော်တို့ database ၂ ခု(db_A and db_B)ကို replication လုပ်လို့ ပြီးသွားပါပြီ။ ဒီ replication တကယ်ရော အလုပ်လုပ်ပြီလား စမ်းကြည့်ရအောင်။ Databases folder အောက်က db_A database ကို right click လုပ်ပြီး new query ခေါ်လိုက်ပါ။ ပြီး ပုံ(၃၆)မှာ ပြထားတဲ့အတိုင်း အဲ့ဒီ query ထဲမှာ INSERT STATEMENT တစ်ကြောင်းရေးပြီး Run လိုက်ပါမယ်။

Pic_36

Pic_36

ပြီးရင် db_B ထဲမှာ ၀င်မ၀င်သွားစစ်ဖို့အတွက် db_B database အတွက်လည်း နောက်ထပ် query ထပ်ယူပါမယ်။ ပြီး SELECT STATEMENT လေး ရေးလိုက်ပြီး run လိုက်ပါ။ ကဲ.. db_A ထဲကို ကျွန်တော်ထည့်လိုက်တဲ့ record ကို db_B ထဲမှာပါ တွေ့နေရပါပြီ။

Pic_37

Pic_37

အခုကျွန်တော် ပြောသွားတာက database replication မှာ အရိုးရှင်းဆုံး၊ အလွယ်ဆုံး အပိုင်းလေးပါ။ အားလုံး နားလည်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။ နောက်မှာ ပိုပြီး ရှုပ်ထွေးတဲ့ replication တွေ အကြောင်း ဆက်ရေးပါဦးမယ်။

September 24, 2009

basic of SQL Statement (part 8)

Filed under: SQL Commands — Tags: , , , , — sevenlamp @ 9:32 AM

ဒီနေ့ ကျွန်တော်တို့ SQL Server 2005 မှာ function တွေကိုယ်တိုင် ဆောက်ပြီး သုံးတဲ့ ပုံစံလေး လေ့လာလိုက်ရအောင်ဗျာ။ function ၂ မျိုးဆောက်လို့ရတယ်ဗျ။ Table-valued function နဲ့ Scalar-valued function တိုဖြစ်ပါတယ်။ Table-valued function ရဲ့ return type က table တစ်ခုလိုမျိုး column တစ်ခုထက်ပိုတဲ့ data တွေကို return ပြန်ပါတယ်။ Scalar-valued function ကတော့ return value အနေနဲ့ column တစ်ခုပဲ return ပြန်ပါတယ်။ အရင်ဆုံး scalar-valued function လေး တစ်ခုလောက် ရေးကြည့်ရအောင်။ မနေ့တုန်းက ရေးခဲ့တဲ့ category တွေနဲ့ total balance ထုတ်တဲ့ query လေးကို ပြန်ရေးပါ့မယ်။

select category.*,
(
	select sum(balance)
	from item
	where item.categoryid = category.categoryid
) as totalbalance
from category

result:

CategoryID CategoryName Status totalbalance
1 Computer Active 16
2 Stationary Active 15
3 Electronic Active 4
4 Clothes Inactive NULL
5 Kitchen wares Inactive NULL

အိုကေ ဒီquery ထဲမှာ ရေးထားတဲ့ subquery လေးကို ကျွန်တော်က function လေးခွဲပြီး ရေးချင်တာပါ။ အဲ့ဒီလိုရေးလိုက်ခြင်းအားဖြင့် query ရေးတဲ့ နေရာမှာ ပိုပြီးရှင်းသွားမယ်။ ဒီနေရာမှာ ကျွန်တော်လိုချင်တာက totalbalance တစ်ခုထဲဖြစ်တဲ့ အတွက် scalar-valued function ဆောက်ပါမယ်။ ဒီလိုပါ…

CREATE FUNCTION GetTotalBalance (@CategoryID int)
RETURNS int
AS
BEGIN
	DECLARE @TotalBalance int
	SELECT @TotalBalance = SUM(balance)
	FROM Item
	WHERE CategoryID = @CategoryID
	RETURN @TotalBalance
END

Function ဆောက်ဖို့ CREATE FUNCTION keyword ကိုသုံးပါတယ်။ ပြန်ပြင်ဖို့အတွက်တော့ ALTER FUNCTION နဲ့

ALTER FUNCTION GetTotalBalance (@CategoryID int)
RETURNS int
AS
BEGIN
	DECLARE @TotalBalance int
	SELECT @TotalBalance = SUM(balance)
	FROM Item
	WHERE CategoryID = @CategoryID
	RETURN @TotalBalance
END

ဖျက်ဖို့အတွက်တော့ DROP FUNCTION keyword တို့ကို သုံးပါတယ်။

DROP FUNCTION GetTotalBalance

ဒီ function မှာ CategoryID ကို parameter လက်ခံပြီး item table ထဲမှာ အဲ့ဒီ categoryID ရဲ့ totalbalance ကို return ပြန်ပါတယ်။ အိုကေ အခုကျွန်တော်တို့ ဒီ function ကို create လုပ်ပြီးသွားပြီဆိုရင် ကျွန်တော်တို့ ရဲ့ query တွေမှာ ပြန်ခေါ်သုံးလို့ ရပါပြီ။

select category.*, dbo.GetTotalBalance(categoryID)
from category

result:

CategoryID CategoryName Status totalbalance
1 Computer Active 16
2 Stationary Active 15
3 Electronic Active 4
4 Clothes Inactive NULL
5 Kitchen wares Inactive NULL

ကဲ နောက်ထပ် FUNCTION တစ်မျိုးက Table-valued function. အခုကျွန်တော် categoryname, totalbalance နဲ့ totalamount တို့ကို ထုတ်ပြချင်ပါတယ်။ အဲ့ဒီ အတွက် Table-value function လေး ဆောက်ရအောင်။ သူလည်းပဲ Create function keyword ကိုပဲ သုံးပါတယ်။

CREATE FUNCTION GetItemByCategory()
RETURNS TABLE
AS
RETURN
(
    SELECT categoryname,
        sum(balance) as totalBalance,
        sum(price * balance) as totalamount
    FROM Item inner join category
	ON item.categoryID = category.categoryID
    GROUP BY categoryname
)

ပြီးရင် အဲ့ဒီ function လေးကို ဒီလို ခေါ်ပါမယ်

select * from GetItemByCategory()

result:

Categoryname totalBalance totalamount
Computer 16 105000
Electronic 4 960000
Stationary 15 7500

September 19, 2009

basic of SQL Statement (part 7)

Filed under: SQL Commands — Tags: , , — sevenlamp @ 2:10 PM

ဒီနေ့လည်း ကျွန်တော်တို့ SQL statement တွေအကြောင်းပဲ ဆက်ပြောရအောင်ဗျာ။ subquery အကြောင်းပြောချင်လို့ဗျ။ ကျွန်တော်က category table ထဲက categoryID 1, 3, 5 နဲ့ တူတာတွေ ထုတ်ချင်တယ်ဆိုရင်… OR ကိုသုံးရင် ဒီလိုရေးရမယ်…

select * from category
where categoryid = 1 or categoryid = 3 or categoryid = 5

result:

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active

categoryID အများကြီး ကိုခုလိုမျိုး စစ်မယ်ဆိုရင် OR ကိုသုံးရတာ အဆင်မပြေတော့ပါဘူး။ ဒီအခါမှာ In keyword ကိုသုံးပြီး ခုလိုရေးလို့ရပါတယ်…

select * from category
where categoryid in ( 1, 2, 3 )

result:

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active

အခုကျွန်တော်က စုစုပေါင်း ကုန်လက်ကျန် ၅ခု ထက်များတဲ့ category တွေကို ထုတ်ပြချင်တယ်ဆိုရင်…

select * from category
where categoryid in (
	select categoryid from item
	group by categoryid
	having SUM(balance)>5
)

result:

CategoryID CategoryName Status
1 Computer Active
2 Stationary Active

အပေါ်က ရေးထားတဲ့ query ကို တစ်ပိုင်းချင်း အရင် run ကြည့်လိုက်
select categoryid from item
group by categoryid
having SUM(balance)>5

ကို run ရင် အဖြေက 1,2 ဆိုပြီးထွက်လာမယ်၊ အဲ့ဒီ result ကိုမှ ပေါ်က query က in နဲ့ ပြန်စစ်ယူသွားတာ။ ဒီလို query တစ်ခုထဲမှာပါတဲ့ နောက်ထပ် query ကို subquery ဒါမှမဟုတ် inner query လို့ခေါ်ပါတယ်။ အခု where နောက်မှာ ရေးတဲ့ subquery မှာ column အများကြီးထုတ်လို့မရဘူး။ where နောက်က condition စစ်ထားတဲ့ column တစ်ခုကိုပဲထုတ်ပေးရတယ်။ select နောက်မှာ column တစ်ခုအနေနဲ့လည်း subquery ကိုသုံးလို့ရပါသေးတယ်။ ဥပမာဗျာ.. ကျွန်တော်က category အားလုံးနဲ့ သူတို့ရဲ့ ကုန်လက်ကျန်စုစုပေါင်းကိုပါ ပြချင်တယ်ဆိုရင်….။

select *, (
	select sum(balance)
	from item
	where category.categoryid = item.categoryid
	group by item.categoryid
) as totalbalance
from category

result:

CategoryID CategoryName Statius totalbalance
1 Computer Active 16
2 Stationary Active 15
3 Electronic Active 4
4 Clothes Inactive NULL
5 Kitchen wares Inactive NULL

ဒီ query လေးမှာ အဓိက ထုတ်တာကတော့ category table ပဲ၊ totalbalance column အတွက်မှ နောက်ထပ် query ကိုထပ်ခေါ်သွားတာ။ ဒီနေရာမှာ သတိထားရမှာက subquery ထဲကနေ ထွက်လာမယ့် value က only one row ပဲဖြစ်ရမယ်။ ဒါကြောင့် where category.categoryid = item.categoryid ဒီအပိုင်းလေး ထည့်ရေးပေးရတယ်။ ဟုတ်ပြီ… ဒါဆိုရင် ကျွန်တော်တို့ subquery ဘယ်လိုရေးရလဲဆိုတာ နည်းနည်း သိလောက်ပါပြီ။ အခု အပေါ်က query ကိုပဲ ကြည့်ပါ select ထဲမှာ နောက်ထပ် select တွေ ထပ်ရေးတော့ query ကိုကြည့်လိုက်ရင် ရှုပ်နေသလို ဖြစ်နေလိမ့်မယ်။ ဒီအခါမျိုးမှာ ပိုပြီး ရှင်းသွားဖို့အတွက် ကျွန်တော်တို့ ကိုယ်ပိုင် function တွေဆောက်ပြီး ရေးလို့ရပါတယ်။ အိုကေ.. function တွေအကြောင်းကို နောက်မှ ဆက်ပြောရအောင်။

September 18, 2009

basic of SQL Statement (part 6)

Filed under: SQL Commands — Tags: , , , , , , — sevenlamp @ 10:00 AM

Sql statement တွေဘက်ကိုတော့ မလှည့်ဖြစ်တာ တော်တော်ကြာသွားပြီ။ ကျွန်တော်လည်း ရေးချင်တာတွေကတော့ အများကြီး အချိန်ကမရှိဘူးဖြစ်နေတာနဲ့ ရှေ့မဆက်နိုင်ဘူးဖြစ်နေတာ။ ဘာဘဲဖြစ်ဖြစ် ရတဲ့အချိန်လေးလုပြီး ကျွန်တော်သိသလောက်တော့ ထပ်ရေးနေဦးမှာမို့ အားပေးကြပါဦးဗျာ။ ကဲ… ကျွန်တော်တို့ select statement ကို ပြောလက်စ ဆက်ပါဦးမယ်။ table တစ်ခုထဲက data ကို ထုတ်ကြည့်တာကိုတော့ နားလည်လောက်ပြီထင်ပါတယ်။ အခု ကျွန်တော်တို့ တစ်ခုထက်ပိုတဲ့ table တွေထဲက data တွေကို ထုတ်ကြည့်ရအောင်။ ဥပမာဗျာ… item table ထဲက record အားလုံးပြမယ်ဆိုပါတော့။ ဒါပေမယ့် categoryid အစား categoryname ကိုပြချင်တယ်ဆိုရင်၊ item table နဲ့ category table ၂ ခုကို ချိတ်ရတော့မှာပါ။ ဟုတ်ပြီ… ဒါဆိုရင် table တွေ ချိတ်ဖို့အတွက် ဘာတွေလိုလဲ… ?

ဟုတ်ကဲ့ table တစ်ခုနဲ့ တစ်ခုချိတ်ဆက်တာကို join လုပ်တယ်လို့ ခေါ်ပါတယ်။ join နည်း ၃ မျိုးရှိပါတယ်။

၁) cross join

Cross join ကတော့ table ၂ ခုကို comer(,) ခံပြီး join တာပါ။ ဒီလိုမျိုးပါ

select item.*, category.categoryName
from item, category

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Computer
5 SONY 32” TV 3 900000 1 - Computer
6 Moon 16” Stand Fan 3 20000 3 - Computer
1 Sony Optical Mouse 1 2500 10 - Stationary
2 A4 Tech Keyboard 1 5000 1 - Stationary
3 ViewSonic 17” Flat CRT 1 15000 5 - Stationary
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Stationary
6 Moon 16” Stand Fan 3 20000 3 - Stationary
1 Sony Optical Mouse 1 2500 10 - Electronic
2 A4 Tech Keyboard 1 5000 1 - Electronic
3 ViewSonic 17” Flat CRT 1 15000 5 - Electronic
4 First Eleven Book 2 500 15 - Electronic
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
1 Sony Optical Mouse 1 2500 10 - Clothes
2 A4 Tech Keyboard 1 5000 1 - Clothes
3 ViewSonic 17” Flat CRT 1 15000 5 - Clothes
4 First Eleven Book 2 500 15 - Clothes
5 SONY 32” TV 3 900000 1 - Clothes
6 Moon 16” Stand Fan 3 20000 3 - Clothes
1 Sony Optical Mouse 1 2500 10 - Kitchen wares
2 A4 Tech Keyboard 1 5000 1 - Kitchen wares
3 ViewSonic 17” Flat CRT 1 15000 5 - Kitchen wares
4 First Eleven Book 2 500 15 - Kitchen wares
5 SONY 32” TV 3 900000 1 - Kitchen wares
6 Moon 16” Stand Fan 3 20000 3 - Kitchen wares

cross join လို့ ဆိုတဲ့ အတိုင်းပါပဲ။ ဒီပုံစံက table ၂ ခုကို မြှောက်လို့ရတဲ့ အတိုင်း result ထွက်ပါတယ်။ item ထဲမှာက record ၆ ကြောင်း၊ category ထဲမှာက record ၅ ကြောင်း ရှိပါတယ်။ ဒါကြောင့် အပေါ်က query ကို run လိုက်ရင် record စုစုပေါင်း အကြောင်း ၃၀ ထွက်ပါလိမ့်မယ်။ item table ထဲက record ၁ကြောင်းစီ အတွက် category table ထဲမှာ record ရှိသလောက်ကို ထုတ်ပြသွားတာပါ။ ကျွန်တော်က့  အကုန်မထုတ်ပဲ item table ထဲမှာ ပါတဲ့ categoryID နဲ့ category table ထဲမှာပါတဲ့ categoryID တူတဲ့ record တွေပဲ ထုတ်ပြချင်တယ်ဆိုရင်တော့ ထွက်လာတဲ့ result ကို condition ပြန်စစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ where ကို သုံးပြီး အခုလို ရေးရပါမယ်။

select item.*, category.categoryName
from item, category where item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic

၂) inner join
Inner join က cross join ကို where ထည့်ထားတဲ့ ပုံစံနဲ့ တူပါတယ်။ table ၂ ခုကို join ဖို့အတွက် On keyword ကိုသုံးပါတယ်။ ဒီလိုမျိုးပါ..

select item.*, category.categoryName
from item inner join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic

inner join နဲ့ရေးထားတဲ့အတွက် item table ထဲက categoryID က category table ထဲမှာ ရှိမနေဘူးဆိုရင် အဲဒီ record ကို ထုတ်ပြပေးမှာမဟုတ်ပါဘူး။ ဟုတ်ပြီ တစ်ခါတလေမှာ ကျွန်တော်က item table ထဲက အားလုံးထုတ်ပြချင်တယ်၊ category table ထဲမှာ ရှိရင် category name ပြပြီး၊ မရှိရင်တော့ null ပဲပေါ်လာချင်တယ်ဆိုရင်။ တနည်းအားဖြင့် table တခုခုကို မူတည်ပြီး ပြချင်တယ်ဆိုရင် ကျွန်တော်တို့ inner join ကိုသုံးလို့ မရတော့ပါဘူး။ ဒီအခါမှာ outer join ကိုသုံးရတော့မှာပါ။

၃) outer join
Outer join ကို ၂ ပိုင်းထပ်ခွဲနိုင်ပါတယ်။ Left outer join နဲ့ Right outer join ပါ။ join keyword ရဲ့ ဘယ်ဖက်က table ကို အကုန်ပြမယ်ဆိုရင် left join နဲ့ ရေးရပြီး။ join keyword ရဲ့ ညာဖက်က table ကို အကုန်ပြချင်ရင်တော့ right join နဲ့ ရေးပါမယ်။

select item.*, category.categoryName
from item left join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
select item.*, category.categoryName
from item right join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
NULL NULL NULL NULL NULL NULL Clothes
NULL NULL NULL NULL NULL NULL Kitchen wares

left join လို့ရေးရေး left outer join လို့ပဲ ရေးရေး တူတူပါပဲ။ right join နဲ့ right outer join လည်း တူတယ်နော်။ နောက်ဆုံး query result မှာ null တွေထွက်လာတာ တွေ့ရတယ်နော်၊ ဘာလို့လဲဆိုတော့ category table ကို မူတည်ပြီး ယူလိုက်တော့ item table ထဲမှာ မရှိတာတွေအတွက် null တွေထွက်လာတာပါ။

September 16, 2009

ADO.NET in C# (part 3)

Filed under: ADO in Window Application — Tags: , , , , — sevenlamp @ 10:21 AM

ကဲ ဒီနေ့တော့ ကျွန်တော်တို့ မနေ့က program လေးကိုပဲ ပိုပြီးလွယ်တဲ့ နည်းလေးသုံးပြီး ပြန်ရေးလိုက်ရအောင်ဗျာ။ dataset ကို အရင်မဆောက်ပဲ datagrid ကနေတဆင့် ဆောက်မှာဖြစ်ပါတယ်။
1
ပုံ(၁)
ပုံ(၁)မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ။ ကျွန်တော်တို့ dataset ကြိုမဆောက်ထားတဲ့အတွက် choose data source ထဲမှာ ဘာမှ တွေ့ရမှာ မဟုတ်ပါဘူး။ ကဲ Add Project Data Source လင့်လေးကို click လိုက်ပါ။ 2
ပုံ(၂)
ဒါဆိုရင် Data Source အမျိုးအစားရွေးခိုင်းတဲ့ window လေးပေါ်လာပါ့မယ်။ ကျွန်တော်က databaseထဲကနေ ယူချင်တာဖြစ်လို့ Database ကိုရွေးပြီး Next ပါမယ်။3
ပုံ(၃)
ဒါဆိုရင် connection ရွေးခိုင်းတဲ့ နေရာကိုရောက်ပါပြီ။ အရင်က ချိတ်ဖူးတဲ့ connection တွေရှိနေရင် ပုံ(၃)မှာ ပြထားသလို combobox လေးထဲကနေရွေးပေးလိုက်ပါ။ မရှိဘူးဆိုရင်တော့ ဟိုနေ့က ပြောခဲ့သလို New Connection လုပ်ရမှာပါ။ Next ထပ်နှိပ်ပါဦး၊ ဒါဆို connection ကိုသိမ်းမလား မေးလိမ့်မယ်။ သိမ်းမယ်ပြောပြီး Next ထပ်နှိပ်ပါ။4
ပုံ(၄)
Database object ရွေးခိုင်းတဲ့ နေရာရောက်ရင် Tables အောက်က Category Table ကိုရွေးရပါမယ်။ DataSet name နေရာမှာ CategoryDataSet လို့ ပြောင်းချင်ရင် ပြောင်းလို့ ရပါတယ်။ ဒီတိုင်းထားလည်း ပြဿနာမရှိပါဘူး။ ကဲ Finished လိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ datagrid နဲ့ database ချိတ်ဆက်တဲ့ လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ dataSet ကိုလည်း ဆောက်ပေးသွားမှာပါ။ form load event မှာလည်း data fill လုပ်ပေးသွားပါလိမ့်မယ်။ အခု ကျွန်တော်တို့က data update လုပ်ဖို့ code ၂ ကြောင်းပဲ ရေးပေးစရာ လိုအပ်ပါတော့တယ်။ ကဲ… ဘယ်လိုလဲ… 5
ပုံ(၅)

private void CategoryList_Load(object sender, EventArgs e)
{
   this.categoryTableAdapter.Fill(this.mySaleDBDataSet.Category);
}
private void button1_Click(object sender, EventArgs e)
{
   categoryBindingSource.EndEdit();
   this.categoryTableAdapter.Update(mySaleDBDataSet.Category);
}

September 15, 2009

ADO.NET in C# (part 2)

Filed under: ADO in Window Application — Tags: , , , , — sevenlamp @ 9:42 AM

ကဲ မနေ့က ကျွန်တော်တို့ categoryDataSet ဆောက်ခဲ့ပြီးပြီဆိုတော့ အခုကျွန်တော်တို့ datagrid မှာ ပြဖို့ လုပ်ရအောင်။ အရင်ဆုံး window form တစ်ခုယူလိုက်ပါ၊ နာမည်ကိုတော့ CategoryList လို့ ပေးလိုက်ပါ။ အဲ့ဒီ form ထဲကို ပုံမှာ ပြထားတဲ့ အတိုင်း label တစ်ခု၊ button တစ်ခုနဲ့ datagrid တစ်ခုထည့်လိုက်ပါဦး။ control တွေမှာ ပြင်ရမယ့် property setting ကိုလည်း ပြထားပါတယ်။
1ပုံ (၁)

Datagrid ကို click နှိပ်လိုက်ရင် ညာဖက်အပေါ်ဒေါင့်မှာ arrow icon လေးတစ်ခုတွေ့ရပါလိမ့်မယ်။ အဲ့ဒါလေးကို နှိပ်လိုက်ရင် datasource ရွေးဖို့ combobox လေးကိုတွေ့မှာပါ။ အဲ့ဒီ combobox လေးကို နှိပ်ပြီး ဒီ form လေးမှာ ရှိနေတဲ့ datasource တွေကိုရွေးလို့ရပါတယ်။ အခုကျွန်တော်တို့က datasource မထည့်ရသေးလို့ ဘာမှ တွေ့ရမှာမဟုတ်ပါဘူး။ datasource တစ်ခု create လုပ်ဖို့နည်းလမ်း ၂ခုရှိပါတယ်။ နည်းလမ်း (၁) က အောက်က ပုံ (၂) မှာ ပြထားသလို combobox ထဲမှာ အဆင့်ဆင့်သွားပြီး ကျွန်တော်တို့ ဆောက်ထားတဲ့ CategoryDataSet ထဲက category table လေးကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ပုံ (၃) မှာ ပြထားသလို categoryBindingSource object, categoryDataSet object နဲ့ categoryTableAdapter တို့ကို ဆောက်ပေးသွားပါလိမ့်မယ်။ datagrid မှာလည်း category table ထဲက column တွေ ပေါ်လာတာ တွေ့ရမှာပါ။ ဒါဆိုရင် datagrid နဲ့ dataset ချိတ်တဲ့ အပိုင်းပြီးသွားပါပြီ။ အခု ဒီ program လေးကို run လိုက်ရင် data တွေပေါ်လာပြီလား။ မပေါ်ဘူးနော်… ဘယ်ပေါ်မလဲ category table ထဲမှာ data မှ မရှိတာကိုး :D
2

ပုံ (၂)

3ပုံ (၃)

ကဲ အခု ကျွန်တော်တို့ dataset နဲ့ ချိတ်ဆက်မှု ပြီးသွားပြီ ဆိုတော့။ data အသွင်းအထုတ်လုပ်လို့ ရပါပြီ။ ဒီလိုလုပ်လို့ ရဖို့အတွက် အရင်ဆုံး ပုံ (၃)မှာ ပြထားသလို datagrid မှာ Enable Adding, Enable Editing နဲ့ Enable Deleting တို့ကို check လုပ်ပေးခဲ့ရပါမယ်။ အခု ကျွန်တော်တို့ လုပ်ရမှာက program ကို run လိုက်ပြီး category တွေထည့်ရပါမယ်။ ဒီလိုထည့်တဲ့ အခါမှာ categoryID ကို ထည့်ပေးစရာ မလိုပါဘူး။ primary key ဖြစ်တဲ့ categoryID ကို autoincrement လုပ်ထားတဲ့ အတွက် ကျွန်တော်တို့ data ဖြည့်ပေးစရာ မလိုပါဘူး။ save လုပ်ရင် အလိုလိုထည့်ပေးသွားပါလိမ့်မယ်။ အခုကျွန်တော်တို့ data ဖြည့်ပြီးလို့ database ထဲကို သိမ်းတော့မယ်ဆိုရင် update button ကိုနှိပ်ပါ့မယ်။ ဒါဆို update button ရဲ့ click event မှာ dataset ထဲက data တွေကို database ထဲသွားသိမ်းဖို့ အတွက် code ရေးပေးရပါမယ်။ ကျွန်တော်တို့ အခု datagrid ထဲမှာ ထည့်နေတဲ့ data တွေက memory ပေါ်က categoryDataSet ထဲမှာ ရှိနေပါတယ်။ အဲ့ဒီ data တွေကို database ထဲရောက်ဖို့အတွက် Adapter ကနေတဆင့် Update function ကိုခေါ်ရမှာပါ။ မခေါ်ခင်အရင်ဆုံး datagrid နဲ့ ချိတ်ထားတဲ့ datasource ကို ပြင်နေတာ ပြီးပါပြီလို့ ပြောပေးရပါမယ်။ ဒီလိုမျိုးပါ…

private void button1_Click(object sender, EventArgs e)
{
        this.categoryBindingSource.EndEdit();
      	this.categoryTableAdapter.Update(this.categoryDataSet.Category);
}

အခု ကျွန်တော်ခေါ်လိုက်တဲ့ update function က dataset ဆောက်တုန်းက compiler က auto ဆောက်ပေးသွားတဲ့ function ဖြစ်ပါတယ်။
4ပုံ (၄)
5ပုံ (၅)

ပုံ (၄) မှာ ပြထားတဲ့ အတိုင်း ကျွန်တော် category ၂ကြောင်းဖြည့်လိုက်ပါတယ်။ categoryID က -1 နဲ့ -2 ဆိုပြီး temporary assign လုပ်ပေးသွားပါတယ်။ update button ကို နှိပ်ပြီး update လုပ်လိုက်ပြီးတဲ့ အချိန်မှာတော့ ပုံ(၅) အတိုင်း ဖြစ်သွားမှာပါ။ categoryID က database ထဲကအတိုင်း refresh ဖြစ်သွားပါတယ်။ program ကို ပိတ်ပြီး ပြန်ဖွင့်တဲ့ အခါမှာလည်း ဒီအတိုင်းပဲ ပေါ်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ form_load event မှာ ရေးထားတဲ့ ဒီ code ကြောင့်ပါ။

private void CategoryList_Load(object sender, EventArgs e)
{
      this.categoryTableAdapter.Fill(this.categoryDataSet.Category);
}

ဒီ code ကို ကျွန်တော်တို့ datagrid နဲ့ dataset ထဲက table နဲ့ ချိတ်လိုက်တဲ့ အချိန်မှာ auto ရေးပေးသွားတာပါ။ dataset ထဲမှာ ရှိတဲ့ categoryTableAdapter ထဲမှာ ကျွန်တော်တို့ရေးခဲ့တဲ့ Fill function ကိုသုံးပြီး dataset ထဲက category table ထဲကို data ဖြည့်ပေးပါတယ်။ table ထဲမှာ dataရှိသွားတဲ့ အတွက် table နဲ့ ချိတ်ထားတဲ့ datagridview မှာပါ data တွေ ပေါ်လာတာပါ။ အဲ့ဒီ formload event ထဲက data fill လုပ်တဲ့ code ကို comment ပိတ်ပြီး ပြန် run ရင် data ပေါ်မှာ မဟုတ်တော့ပါဘူး။ အိုကေ ဒီလောက်ဆိုရင် object datasource သုံးပြီး datagridview နဲ့ data အသွင်းအထုတ်လုပ်တာ နားလည်ပြီထင်ပါတယ်။

July 31, 2009

basic of SQL Statement (part 4)

Filed under: SQL Commands — Tags: , , , — sevenlamp @ 2:21 PM

ဒီနေ့ Select Statement အကြောင်းပဲ ဆက်ရအောင်ဗျာ။ WHERE အကြောင်းပဲ ဆက်ပြောပါ့မယ်။ အခုကျွန်တော်က ကုန်လက်ကျန် ၁၀ ခုထက်နည်းပြီး ဈေးနှုန်းကလည်း ၁၀၀၀၀ အထက်ရှိတဲ့ item တွေရဲ့ list ကိုကြည့်ချင်တယ်။ ဒါဆိုရင် ဒီလိုရေးရမှာပေါ့…

SELECT * FROM item
WHERE balance < 10 AND price > 10000

Result :

ItemID ItemName CategoryID Price Balance Description
3 ViewSonic 17” Flat CRT 11 15000 5 -
5 SONY 32” TV 3 900000 1 -
6 Moon 16” Stand Fan 3 20000 3 -

ဒီ query လေးမှာ ကျွန်တော်စစ်ချင်တဲ့ condition က ၂ ခုရှိနေတယ်။ balance ၁၀ ခုထက်နည်းရမှာရယ်၊ price ၁၀၀၀၀ ထက်များရမှာရယ်။ အဲ့ဒီ condition ၂ ခုလုံးမှန်တာကိုပဲ လိုချင်တာ ဖြစ်တော့ Where နောက်မှာ condition ၂ ခုကို AND နဲ့ဆက်ပြီးရေးရပါတယ်။ ကျွန်တော်တို့ စစ်ချင်တဲ့ condition တွေ ၁ခုထက်ပိုများလာပြီဆိုရင် အဲ့ဒီ condition တွေကြားမှာ AND ဒါမှမဟုတ် OR ဆိုတဲ့ keyword လေးတွေထည့်ရေးပေးရမယ်။ အပေါ်က query လိုမျိုး condition ၂ ခုလုံးမှန်မှ result ထွက်ချင်တယ်ဆိုရင် AND ကိုသုံးရပြီး။ condition တစ်ခုမဟုတ် တစ်ခုမှန်ရုံနဲ့ result ထွက်ချင်တယ်ဆိုရင်တော့ OR ကိုသုံးရမှာပါ။ ဥပမာ အနေနဲ့ ကျွန်တော်က electronic ပစ္စည်းတွေနဲ့ computer ပစ္စည်းတွေကိုပဲ ကြည့်ချင်တယ် ဆိုပါစို။ ဒါဆို ဒီလိုရေးရမှာပါ…

SELECT * FROM item
WHERE CategoryID = 1 OR CategoryID = 3

Result :

ItemID ItemName CategoryID Price Balance Description
1 Sony Optical Mouse 1 2500 10 -
2 A4 Tech Keyboard 1 5000 1 -
5 SONY 32” TV 3 900000 1 -
6 Moon 16” Stand Fan 3 20000 3 -

တခါတလေမှာ ကျွန်တော်တို့စစ်ချင်တဲ့ condition က value ၂ ခုကြားဖြစ်ခဲ့ရင် BETWEEN ကိုလည်း သုံးလို့ရပါတယ်။ ဥပမာ balance ၂ ခုကနေ ၁၀ ခု ကြားထဲက record တွေ လိုချင်တယ်ဆိုရင်…

SELECT * FROM item
WHERE balance BETWEEN 2 AND 10

Result :

ItemID ItemName CategoryID Price Balance Description
1 Sony Optical Mouse 1 2500 10 -
3 ViewSonic 17” Flat CRT 11 15000 5 -
6 Moon 16” Stand Fan 3 20000 3 -

ထွက်လာတဲ့ result ရဲ့ ဆန်ကျင်ဘက် ပြောင်းပြန်ကို လိုချင်တယ် ဆိုရင်တော့ NOT ကို တွဲသုံးလို့ ရပါတယ်။

SELECT * FROM item
WHERE balance NOT BETWEEN 2 AND 10

Result:

ItemID ItemName CategoryID Price Balance Description
2 A4 Tech Keyboard 1 5000 1 -
4 First Eleven Book 2 500 15 -
5 SONY 32” TV 3 900000 1 -

တစ်ခါတစ်လေ ကျွန်တော်တို့ လိုချင်တဲ့ record တွေက အစီအစဉ်လိုက်မဟုတ်ဘူး ဆိုရင်တော့ condition စစ်တဲ့အခါ OR တွေအများကြီးသုံးရမယ့် အနေအထားတွေ ရှိလာနိုင်ပါတယ်။ ဥပမာ ကျွန်တော်က ItemID 1,3,5 ကိုထုတ်ကြည့်မယ်ဆိုရင် OR သုံးပြီးစစ်ရင် ဒီလိုမျိုးဖြစ်ပါမယ်။

SELECT * FROM item
WHERE ItemID = 1 OR ItemID = 3 OR ItemID = 5

ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ IN ကိုသုံးပြီးရေးရင် ပိုလွယ်မှာပါ။

SELECT * FROM item
WHERE ItemID IN ( 1,3,5 )

Result:

ItemID ItemName CategoryID Price Balance Description
1 Sony Optical Mouse 1 2500 10 -
3 ViewSonic 17” Flat CRT 11 15000 5 -
5 SONY 32” TV 3 900000 1 -

ItemID 1,3,5 ကလွဲပြီး ကျန်တာတွေ ပြမယ်ဆိုရင်တော့

SELECT * FROM item
WHERE ItemID NOT IN ( 1,3,5 )

Result:

ItemID ItemName CategoryID Price Balance Description
2 A4 Tech Keyboard 1 5000 1 -
4 First Eleven Book 2 500 15 -
6 Moon 16” Stand Fan 3 20000 3 -

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ WHERE Condition တော်တော်လေးစစ်တက်ပြီလို့ ပြောလို့ရပါပြီ။ အခုနောက်ထပ် ORDER BY အကြောင်း ဆက်ပြောပါ့မယ်။ Select Query ကနေထွက်လာတဲ့ result record တွေကို sorting လုပ်ချင်ရင် Order By keyword ကိုသုံးရမှာပါ။ အိုကေ အခုကျွန်တော် Item table ထဲက record တွေအားလုံးကြည့်ချင်တယ်။ ကုန်လက်ကျန်အနည်းဆုံးက အပေါ်ဆုံးမှာပြချင်တယ်ဆိုရင်….

SELECT * FROM item
ORDER BY balance

Result:

ItemID ItemName CategoryID Price Balance Description
2 A4 Tech Keyboard 1 5000> 1 -
5 SONY 32” TV 3 900000 1 -
6 Moon 16” Stand Fan 3 20000 3 -
3 ViewSonic 17” Flat CRT 11 15000 5 -
1 Sony Optical Mouse 1 2500 10 -
4 First Eleven Book 2 500 15 -

Order by keyword က default အားဖြင့် ငယ်စဉ်ကြီးလိုက်(Ascending) စီပေးပါတယ်။ ကြီးစဉ်ငယ်လိုက်(Descending) စီချင်တယ်ဆိုရင်တော့ ကိုယ်စီချင်တဲ့ column name နောက်မှာ DESC ဆိုပြီးထည့်ပေးရပါမယ်။ ဥပမာ ကုန်လက်ကျန်အများဆုံးကို အပေါ်ဆုံးကနေ ပြချင်ရင်…

SELECT * FROM item
ORDER BY balance DESC

Result:

ItemID ItemName CategoryID Price Balance Description
4 First Eleven Book 2 500 15 -
1 Sony Optical Mouse 1 2500 10 -
3 ViewSonic 17” Flat CRT 11 15000 5 -
6 Moon 16” Stand Fan 3 20000 3 -
2 A4 Tech Keyboard 1 5000 1 -
5 SONY 32” TV 3 900000 1 -

အခုလို sorting စီတဲ့နေရာမှာ Column တစ်ခုထက်ပိုပြီး စီချင်ရင် comer(,) လေးတွေ ခြားသွားရုံပါပဲ။ ကုန်လက်ကျန် အနည်းဆုံးကို အရင်စီမယ်၊ ကုန်လက်ကျန် အရေအတွက်ချင်း တူရင် ဈေးနှုန်းအများဆုံးကို အပေါ်ကထားချင်တယ်ဆိုရင်….

SELECT * FROM item
ORDER BY Balance ASC, Price DESC

(*** ASC ကို ထည့်ရေးရေး၊ မရေးရေး ရပါ၏ ***)

Result:

ItemID ItemName CategoryID Price Balance Description
5 SONY 32” TV 3 900000 1 -
2 A4 Tech Keyboard 1 5000 1 -
6 Moon 16” Stand Fan 3 20000 3 -
3 ViewSonic 17” Flat CRT 11 15000 5 -
1 Sony Optical Mouse 1 2500 10 -
4 First Eleven Book 2 500 15 -

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ Simple Select Query တွေ ရေးတက်ပါပြီ။

July 30, 2009

basic of SQL Statement (part 3)

Filed under: SQL Commands — Tags: , — sevenlamp @ 6:16 PM

Select Statement

SELECT [ALL | DISTINCT] columnname1 [,columnname2]
FROM tablename1 [,tablename2]
[WHERE condition] [ and|or condition...]
[GROUP BY column-list]
[HAVING "conditions]
[ORDER BY "column-list" [ASC | DESC] ]

SQL Statement ၄ မျိုးမှာဖြင့် ဒီ select က အရှုပ်ဆုံးပါပဲဗျာ။ user ကြည့်ချင်တဲ့ result ရဖို့အတွက် ကျွန်တော်တို့ select command ကို နည်းလမ်းမျိုးစုံနဲ့ သုံးရမှာပါ။ အရှုပ်ဆုံးဆိုလို့လည်း လန့်မသွားနဲ့ဦးနော်၊ ဘယ်အရာမဆို မသိရင်ခက်ပြီး သိသွားရင်တော့ လွယ်ပါတယ်။ ကဲ.. အလွယ်ဆုံးကနေ စလိုက်ရအောင်။ ပထမဆုံး ကျွန်တော်က Category Table ထဲက record တွေအားလုံးကို user ကို ထုတ်ပြချင်တယ် ဆိုပါတော့။ ဒါဆိုရင် ဒီလိုရေးရမှာပါ။

SELECT * FROM Category

Result :

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active
4 Clothes Inactive
5 Kitchen wares Inactive

Select command ရဲ့ နောက်မှာ ကိုယ်ထည့်ကြည့်ချင်တဲ့ column name တွေပေးရမှာပါ။ ရှိသမျှ ကော်လံအားလုံးကို ထုတ်ပြမယ်ဆိုရင် ကျွန်တော်အခုရေးလိုက်သလို (*) ကို သုံးလို့လည်း ရပါတယ်။ ဒါဆို အခုကျွန်တော်က CategoryID နဲ့ CategoryName ၂ ခုပဲ ကြည့်ချင်တယ်ဆိုရင် ဒီလိုဖြစ်သွားမယ်။

SELECT CategoryID,CategoryName FROM Category

Result :

CategoryID CategoryName
1 Computer
2 Stationary
3 Electronic
4 Clothes
5 Kitchen wares

ဘယ်လိုလဲ လွယ်ပါတယ်နော်။ လွယ်မှာပေါ့ ဒါက အရိုးရှင်းဆုံး select ပုံစံကို။ ကဲ အခုကျွန်တော်က category table ထဲက record အားလုံးမကြည့်ချင်ဘူး Status က Active ဖြစ်တဲ့ Category တွေပဲ ကြည့်ချင်တယ် ဆိုရင် Condition ပြန်စစ်ဖို့လိုလာပါပြီ။ select command မှာ condition စစ်ဖို့အတွက် where ရယ်၊ having ရယ် ၂ ခု ကြိုက်တာသုံးခွင့်ရှိပါတယ်။ ဒီ ၂ ခုဘာကွာလဲဆိုတာ နောက်မှပြောပြပါမယ်။ လောလောဆယ်တော့ ကျွန်တော်က where ကိုပဲ သုံးပြီး စစ်လိုက်ပါမယ်။

SELECT * FROM Category WHERE Status = ‘Active’

Result :

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active

ဒါဆိုရင်တော့ record ၃ ကြောင်းပဲ ပြပါတော့မယ်။

နက်ဖန်မှဆက်ရေးတော့မယ်ဗျာ။ ဒီနေ့ ပြန်ရတော့မှာမို့လို့။

Older Posts »

Theme: Silver is the New Black. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.