our notes for our youngers

November 5, 2009

Exercise One Video

ကျွန်တော် exercise အနေနဲ့ ပေးခဲ့တဲ့ Screen Saver Program လေးကို မနေ့ညက ကျွန်တော် Video Training လေး လုပ်လာခဲ့တယ်။ သေသေချာချာလေးတော့ လုပ်ပေးထားပါတယ်။ ညီတို့ ဒေါင်းပြီး ကြည့်ကြည့်ပါဦး။ မရှင်းတာရှိရင် ပြန်မေးစေချင်ပါတယ်။ ကျွန်တော် Video Training လုပ်ဖို့ သုံးတဲ့ software က SnapIt9 ပါ။ အဲ့ဒီ software ရဲ့ အားနည်းချက်ကြောင့်ထင်တယ် ပြောနေရင်း အချိန်ကြာလာရင် အသံက မြန်ပြီး ရုပ်ပုံက နှေးနေတာလေး တစ်ခုတော့ ရှိတယ်။ အဲ့ဒါလေး သည်းခံပြီး နားထောင်ပေးကြပါခင်ဗျာ။ အဲ… နောက်တစ်ခုက ကျွန်တော်ရဲ့ အသံဆိုးဆိုးလေးကိုလည်း သည်းခံပေးပါနော် :)

ကျွန်တော် အပိုင်း ၅ ပိုင်း ခွဲပြီး တင်ပါမယ်။ ၁ပိုင်းစီကို rar file ဖြေပြီး နားထောင်လို့ရတယ်နော်။ အားလုံး ဒေါင်းပြီးမှ ကြည့်စရာမလိုဘူး။ Source Code ကိုလည်း ထည့်ပေးလိုက်ပါတယ်။ အဲ့ဒါလေးကို ကြည့်ပြီး ကိုယ်တိုင် ပြန်လုပ်ကြည့်ပါ။ ရသွားရင်… ဒါမျိုး ဆင်တူလေးတွေကို ကိုယ်တိုင်စမ်းလုပ်ကြည့်ပါ။ (ဥပမာ.. အခုကျွန်တော်က line ဆွဲပြထားတယ် အဲ့ဒီအစား စက်ဝိုင်းတို့ ဘာတို့ လုပ်ကြည့်ပေါ့နော် )

ညီ၊ညီမ တို့ အားလုံး programming ကို အခက်အခဲမရှိ လေ့လာနိုင်ကြပါစေ….

Part One :

http://www.sendspace.com/file/5yrx3u

 

Part Two :

http://www.sendspace.com/file/t3wji1

 

Part Three :

http://www.sendspace.com/file/6gbway

 

Part Four :

http://www.sendspace.com/file/r58ep8

 

Part Five :

http://www.sendspace.com/file/cxwb2y

 

Source Code :

http://www.sendspace.com/file/we1wb9

October 31, 2009

Graphics And Random

Filed under: Window Form Application — Tags: , , , , — sevenlamp @ 2:32 PM

Graphics Class

ကျွန်တော်တို့ ပုံတွေဆွဲချင်ပြီဆိုရင် ဘာတွေလိုအပ်မလဲ။ အရင်ဆုံး ဆွဲဖို့အတွက် နောက်ခံတစ်ခုလိုပါမယ်။ စာရွက်သော်လည်းကောင်း၊ နံရံသော်လည်းကောင်း၊ ပိတ်ကား သော်လည်းကောင်းပေါ့။ နောက်ပြီး ဆွဲမယ့် ခဲတံဖြစ်ဖြစ် စုတ်တံဖြစ်ဖြစ်လိုပါမယ်။ ဒီ ၂ ခုရှိပြီဆိုရင်တော့ ကျွန်တော်တို့ ပုံတွေ ဆွဲလို့ရပါပြီ။ ဒီအတိုင်းပါပဲ ကျွန်တော်တို့ C# window application မှာ graphic ပုံတွေ ဆွဲဖို့ လိုအပ်လာပြီဆိုရင်လည်း ဆွဲချင်တဲ့ နောက်ခံ object နဲ့ ဆွဲမယ့် pen or brush လိုအပ်ပါတယ်။ တကယ်ဆွဲတဲ့ အလုပ်ကိုတော့ graphics object ကနေတဆင့်လုပ်ပေးရပါမယ်။ အရင်ဆုံး Graphics Class ကို object ဆောက်ရပါမယ့်။ ဒီလို ဆောက်တဲ့အခါ ကျွန်တော်တို့ ဆွဲချင်တဲ့ နောက်ခံobject ကနေတဆင့် CreateGraphic() ဆိုတဲ့ function ကိုသုံးပြီးဆောက်ရမှာပါ။ ဒီလိုမျိုးပါ..

Graphics g = this.CreateGraphics();          // form ပေါ်မှာ ဆွဲရန်…

Graphics g = label1.CreateGraphics();       // label ပေါ်မှာ ဆွဲရန်…

နောက်ခံကိုရွေးပြီးပြီဆိုရင် အခုလိုအပ်တာက ဆွဲမယ့် ခဲတံပါ။ ကျွန်တော်ဆွဲမယ့်ပုံမှာ outline အနားသပ်ပဲ ပါမယ်ဆိုရင် Pen class ကိုသုံးရပြီး။ အတွင်းသား ကိုပါ အရောင်ဖြည့်မယ်ဆိုရင်တော့ Brush class ကိုသုံးရပါမယ်။ ကျွန်တော်လိုချင်တဲ့ အရောင်ကိုလည်း တခါတည်း ပြောပေးလိုက်ပါမယ်။

Pen p = new Pen (Color.Red);                 // အနီရောင် ခဲတံလေး တစ်ခုယူလိုက်တာပါ။

လိုင်းရဲ့ အထူအပါးကိုပါ ချိန်ပေးလို့လည်း ရပါတယ်။ pen class မှာ width property မှာ ပြင်ပေးလို့ရပါတယ်။

p.Width = 2;            // line အထူ 2 pixel ယူပါမယ်။

ဒါမှမဟုတ်… Pen object ဆောက်တုန်းမှာပဲ constructor ထဲမှာတခါတည်း ထည့်ပေးလိုက်လည်း ရပါတယ်။

Pen p = new Pen (Color.Red, 2);

Brush object ဆောက်ရင်တော့ တစ်ချက်သတိထားရမှာက Brush class ကိုယ်တိုင်ကို object ဆောက်လို့ မရပါဘူး။ သူ့ရဲ့ child class (SolidBrush, LinearGradientBrush,…) တွေကိုပဲ object ဆောက်လို့ရပါတယ်။

Brush b = new SolidBrush (Color.Green);   // အစိမ်းရောင် စုတ်တံလေးတစ်ခုယူလိုက်တာပါ။

ကဲ.. အခုနောက်ဆုံး ကျွန်တော်တို့ တကယ်ဆွဲပါတော့မယ်။ Pen ကိုသုံးမယ်ဆိုရင် Draw function တွေကိုသုံးရပြီး၊ Brush ကိုသုံးမယ်ဆိုရင်တော့ Fill Function ကို သုံးရပါတယ်။ အခုကျွန်တော် width 100, height 100 ရှိတဲ့ အစိမ်းရောက် box လေးကို အနီရောင်အနားကွပ်လေးနဲ့ လိုချင်တယ်ဆိုရင်…..

Graphics g = this.CreateGraphics();

Pen p = new Pen(Color.Red, 2);

Brush b = new SolidBrush(Color.Green);

g.FillRectangle(b, 10, 10, 100, 100);

g.DrawRectangle(p, 10, 10, 100, 100);

နောက်သိဖို့ တစ်ခုလိုသေးတာက ဒီကုဒ်တွေရေးရမယ့် event ပါ။ Form စပေါ်လာလာချင်းမှာ ပေါ်ချင်ရင် Form_Paint event မှာ ရေးရပါမယ်။ Button တစ်ခုခုကိုနှိပ်မှ ဆွဲမယ်ဆိုရင်တော့ အဲ့ဒီ button_click event မှာ ရေးရမှာပေါ့။ Paint event မှာ မရေးထားတာတွေ အားလုံးက form ကို Minimax လုပ်လိုက်ရင် အကုန် ပျောက်သွားမှာပါ။

Random Class

ကျွန်တော်တို့ C# programming language မှာ random ခေါက်ချင်ပြီဆိုရင် Random Class ကိုသုံးရပါတယ်။ Random ခေါက်တယ်ဆိုတာက သက်မှတ်ထားတဲ့ range တစ်ခုအတွင်းမှာ ဖြစ်ချင်တာဖြစ်ဆိုပြီး တစ်ခုကို ရွေးလိုက်တာပါ။

Random rnd = new Random();

rnd.Next();              // Integer value တစ်ခု return ပြန်ပါတယ်။

rnd.Next(10);           // 0 – 9 ထဲက value တစ်ခု return ပြန်ပါတယ်။

rnd.Next(2, 6);         // 2 – 5 ထဲက value တစ်ခု return ပြန်ပါတယ်။

ကဲ ဟုတ်ပြီ အခုကျွန်တော်က ခုန rectangle လေးရဲ့ location လေးကိုကို form ပေါ်မှာ random ပေါ်အောင် ရေးကြည့်ရအောင်။

Random rnd = new Random();

int x = rnd.Next(this.ClientSize.Width);

int y = rnd.Next(this.ClientSize.Height);

Graphics g = this.CreateGraphics();

Pen p = new Pen(Color.Red, 2);

Brush b = new SolidBrush(Color.Green);

g.FillRectangle(b, x, y, 100, 100);

g.DrawRectangle(p, x, y, 100, 100);

The Silver is the New Black Theme Blog at WordPress.com.

Follow

Get every new post delivered to your Inbox.