our notes for our youngers

October 2, 2009

basic of C# (part 25)

Filed under: Basic of C# — Tags: , , , , , — sevenlamp @ 10:21 AM

Function Overloading Vs Function Overriding

ကျွန်တော်တို့ ဒီနေ့ function overloading နဲ့ function overriding အကြောင်းလေး ပြောကြရအောင်။ အရင်ဆုံး function overloading အကြောင်းပြောရအောင်။ overload ဆိုတာ အလုပ်တစ်ခုထက်ပိုပြီး လုပ်တာကို ပြောချင်တာပါ။ function overloading ဆိုတော့ ကျွန်တော်တို့ ရေးလိုက်တဲ့ function က တာဝန် တစ်ခုထက်ပိုပြီး လုပ်ဆောင်ပေးတာကိုရည်ရွယ်တာပါ။ function name က တစ်ခုထဲပဲ ဒါပေမယ့် လုပ်ဆောင်မှုအများကြီး လုပ်နိုင်အောင်ပေါ့။ ဥပမာဗျာ.. ကျွန်တော်က string ကနေ integer ပြောင်းတဲ့ function လေးတစ်ခုလောက် ရေးချင်တယ်။

static int ConvertToInteger(string st)
{
    try
    {
        return Convert.ToInt32(st);
    }
    catch
    {
        return 0;
    }
}

ကဲ.. ဒီ function လေး ရေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ string ကနေ integer ပြောင်းချင်တိုင်း လွယ်လွယ်ကူကူ ခေါ်လို့ ရသွားမယ်။ ဒါပေမယ့် တခြား type တွေကနေပြောင်းချင်ရင် ဒီ function သုံးလို့ ရမလား။ မရပါဘူး။ ဒါဆို ကျွန်တော်က တခြားtype တွေ အတွက်ကိုလည်း ဒီလိုမျိုး function တွေ ထပ်ရေးပေးဖို့ လိုပါလိမ့်မယ်။

static int ConvertToInteger(decimal dec)
{
    try
    {
        return Convert.ToInt32(dec);
    }
    catch
    {
        return 0;
    }
}
static int ConvertToInteger(long l)
{
    try
    {
        return Convert.ToInt32(l);
    }
    catch
    {
        return 0;
    }
}

ဟုတ်ပြီနော်.. အခုလိုမျိုး function name တူပြီး parameter မတူတဲ့ function တွေ တစ်ခုထက်ပိုပြီး ရေးလိုက်တာကို function overloading လုပ်တယ်လို့ ခေါ်ပါတယ်။ function overloading လုပ်ခြင်း အားဖြင့် ဘာပိုကောင်းလာမလဲ။ ဟုတ်ကဲ့ ကျွန်တော်တို့ program ရေးတဲ့နေရာမှာ အများကြီးပိုပြီး လွယ်ကူစေပါတယ်။ အကယ်လို့သာ function overload မလုပ်ရဘူးဆိုရင် ကျွန်တော်တို့ string ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု၊ decimal ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု၊ long ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု စသည်ဖြင့် name တွေ အများကြီး သုံးနေမှတ်နေရမှာပေါ့။ အခု overloading လုပ်ခြင်းအားဖြင့် function name တစ်ခုထဲကိုပဲ သိဖို့ လိုပါတော့တယ်။ Framework class library ထဲမှာလည်း overload လုပ်ထားတဲ့ function တွေ အများကြီး တွေရမှာပါ။ ကဲ အနှစ်ချုပ်ပြန်ပြောပါမယ် function overloading ဖြစ်ဖို့အတွက် function name တူရပါမယ်၊ argument (parameter) မတူရပါဘူး။ parameter မတူရဘူး ဆိုတာမှာ parameter ရဲ့ datatype ဖြစ်စေ၊ အရည်အတွက် ဖြစ်စေမတူရင် ရပါတယ်။

နောက်တစ်ခုကတော့ function overriding။ overriding လို့ ပြောတဲ့ အတိုင်းပါပဲ၊ function overrideing ဆိုတာက function တစ်ခုပေါ်မှာ နောက်ထပ် function တစ်ခုနဲ့ ထပ်ပြီး အုပ်လိုက်တာကို ပြောချင်တာပါ။ ဒီလိုလုပ်လိုက်ရင် function ၂ ခု ဖြစ်သွားမလား၊ မဖြစ်ပါဘူး။ override လုပ်ခြင်းခံရတဲ့ function က ပျောက်သွားမှာပါ။ function overrideing ကို အဓိကအားဖြင့် polymorphism နဲ့ တွဲပြီးသုံးလေ့ ရှိပါတယ်။ parent class ထဲမှာ ရှိပြီးသား function တစ်ခုကို child class ထဲမှာပြန်ပြီးရေးချင်တယ် ဆိုရင် override လုပ်ဖို့ လိုလာပါပြီ။ ဒီလို အချိန်မျိုးမှာ function overriding ကိုသုံးပါတယ်။ ဥပမာလေးနဲ့ ပြောရရင်… ကျွန်တော်မှာ animal ဆိုတဲ့ class ရှိတယ်ဗျာ၊ parent class ပေါ့၊ အဲ့ဒီ animal class ထဲမှာ eat() ဆိုတဲ့ function လေးပါတယ်။

class animal
{
    public void eat()
    {
        Console.WriteLine("Eat something");
    }
}

အိုကေ.. အဲ့ဒီ animal class မှာ child class ၂ ခုရှိတယ်။ dog class နဲ့ ant class ပေါ့။ အဲ့ဒီ dog class နဲ့ ant class က animal class ကနေ inheritance လုပ်ထားတာဖြစ်တဲ့ အတွက် သူတို့ဆီမှာ eat() function အလိုအလျှောက် ပါလာပါတယ်။ အဲ့ဒီ parent class ကနေပါလာတဲ့ eat() function ထဲက statement တွေကို child class မှာ မလိုချင်ဘူး။ ပိုပြီး detail ကြတဲ့ message နဲ့ အစားထိုးချင်တယ်ဆိုပါတော့ (ဥပမာ.. Eat something အစား၊ Eat Bone တို့ Eat sugur တို့နဲ့ အစားထိုးချင်ပြီဆိုရင်)၊ ဒါဆို ဘယ်လိုလုပ်မလဲ? နောက်ထပ် function တစ်ခုထပ်ဆောက်ချင်တာ မဟုတ်ဘူးနော်၊ parameter လည်း မပြောင်းတဲ့ အတွက် overloading လည်း လုပ်လို့ မရဘူး။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ မဖြစ်မနေ function overriding လုပ်ဖို့ လိုလာပါပြီ။

ဒါဆို function overriding လုပ်ဖို့ ဘာလိုမလဲ? Parent class ထဲမှာ ဒီတိုင်းရေးထားတဲ့ function တိုင်းကိုတော့ override လုပ်လို့ မရပါဘူး။ override လုပ်ဖို့ ခွင့်ပြုထားတဲ့ function တွေကိုပဲ လုပ်လို့ရတာပါ။ ဒီလို override လုပ်ဖို့ ခွင့်ပြုချင်တယ်ဆိုရင် parent class ထဲက function ရဲ့ရှေ့မှာ virtual ဆိုတဲ့ keyword လေးထည့်ရေးပေးလိုက်ရပါတယ်။

class animal
{
    public virtual void eat()
    {
        Console.WriteLine("Eat something");
    }
}

override ပြန်လုပ်မယ့် child class က function ရှေ့မှာတော့ override ဆိုတဲ့ keywordကို ထည့်ပေးရပါတယ်။

class dog : animal
{
    public override void eat()
    {
        Console.WriteLine("Eat Bone!");
    }
}

ကဲ… example program လေး တစ်ခုလောက်ရေးကြည့်ပါဦး။

class animal
{
    public virtual void eat()
    {
        Console.WriteLine("Animal: Eat something");
    }
}
class dog : animal
{
    public override void eat() // function overriding
    {
        Console.WriteLine("Dog: Eat Bone!");
    }
}
class ant : animal
{
    public override void eat()
    {
        Console.WriteLine("Ant: Eat Sugar");
    }
}
class Program
{
    static void Main()
    {
        animal obj;
        obj = new animal();
        obj.eat();

        obj = new dog(); //polymorphism
        obj.eat();

        obj = new ant();
        obj.eat();

        Console.Read();
    }
}

Basic of C# ကို ကျွန်တော်ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ အခုလောက်ဆိုရင် ကျွန်တော်တို့ C# ဆိုတာ ဘာလဲသိလောက်ပါပြီ။ OOP အကြောင်းလည်း နည်းနည်းတော့ နားလည်လောက်ပြီလို့ ယူဆပါတယ်။ နောက်ပိုဒ့်တွေမှာ window application အပိုင်းနဲ့ web application အပိုင်းကို ဆက်ရေးသွားပါ့မယ်ခင်ဗျာ။

September 18, 2009

basic of SQL Statement (part 6)

Filed under: SQL Commands — Tags: , , , , , , — sevenlamp @ 10:00 AM

Sql statement တွေဘက်ကိုတော့ မလှည့်ဖြစ်တာ တော်တော်ကြာသွားပြီ။ ကျွန်တော်လည်း ရေးချင်တာတွေကတော့ အများကြီး အချိန်ကမရှိဘူးဖြစ်နေတာနဲ့ ရှေ့မဆက်နိုင်ဘူးဖြစ်နေတာ။ ဘာဘဲဖြစ်ဖြစ် ရတဲ့အချိန်လေးလုပြီး ကျွန်တော်သိသလောက်တော့ ထပ်ရေးနေဦးမှာမို့ အားပေးကြပါဦးဗျာ။ ကဲ… ကျွန်တော်တို့ select statement ကို ပြောလက်စ ဆက်ပါဦးမယ်။ table တစ်ခုထဲက data ကို ထုတ်ကြည့်တာကိုတော့ နားလည်လောက်ပြီထင်ပါတယ်။ အခု ကျွန်တော်တို့ တစ်ခုထက်ပိုတဲ့ table တွေထဲက data တွေကို ထုတ်ကြည့်ရအောင်။ ဥပမာဗျာ… item table ထဲက record အားလုံးပြမယ်ဆိုပါတော့။ ဒါပေမယ့် categoryid အစား categoryname ကိုပြချင်တယ်ဆိုရင်၊ item table နဲ့ category table ၂ ခုကို ချိတ်ရတော့မှာပါ။ ဟုတ်ပြီ… ဒါဆိုရင် table တွေ ချိတ်ဖို့အတွက် ဘာတွေလိုလဲ… ?

ဟုတ်ကဲ့ table တစ်ခုနဲ့ တစ်ခုချိတ်ဆက်တာကို join လုပ်တယ်လို့ ခေါ်ပါတယ်။ join နည်း ၃ မျိုးရှိပါတယ်။

၁) cross join

Cross join ကတော့ table ၂ ခုကို comer(,) ခံပြီး join တာပါ။ ဒီလိုမျိုးပါ

select item.*, category.categoryName
from item, category

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Computer
5 SONY 32” TV 3 900000 1 - Computer
6 Moon 16” Stand Fan 3 20000 3 - Computer
1 Sony Optical Mouse 1 2500 10 - Stationary
2 A4 Tech Keyboard 1 5000 1 - Stationary
3 ViewSonic 17” Flat CRT 1 15000 5 - Stationary
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Stationary
6 Moon 16” Stand Fan 3 20000 3 - Stationary
1 Sony Optical Mouse 1 2500 10 - Electronic
2 A4 Tech Keyboard 1 5000 1 - Electronic
3 ViewSonic 17” Flat CRT 1 15000 5 - Electronic
4 First Eleven Book 2 500 15 - Electronic
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
1 Sony Optical Mouse 1 2500 10 - Clothes
2 A4 Tech Keyboard 1 5000 1 - Clothes
3 ViewSonic 17” Flat CRT 1 15000 5 - Clothes
4 First Eleven Book 2 500 15 - Clothes
5 SONY 32” TV 3 900000 1 - Clothes
6 Moon 16” Stand Fan 3 20000 3 - Clothes
1 Sony Optical Mouse 1 2500 10 - Kitchen wares
2 A4 Tech Keyboard 1 5000 1 - Kitchen wares
3 ViewSonic 17” Flat CRT 1 15000 5 - Kitchen wares
4 First Eleven Book 2 500 15 - Kitchen wares
5 SONY 32” TV 3 900000 1 - Kitchen wares
6 Moon 16” Stand Fan 3 20000 3 - Kitchen wares

cross join လို့ ဆိုတဲ့ အတိုင်းပါပဲ။ ဒီပုံစံက table ၂ ခုကို မြှောက်လို့ရတဲ့ အတိုင်း result ထွက်ပါတယ်။ item ထဲမှာက record ၆ ကြောင်း၊ category ထဲမှာက record ၅ ကြောင်း ရှိပါတယ်။ ဒါကြောင့် အပေါ်က query ကို run လိုက်ရင် record စုစုပေါင်း အကြောင်း ၃၀ ထွက်ပါလိမ့်မယ်။ item table ထဲက record ၁ကြောင်းစီ အတွက် category table ထဲမှာ record ရှိသလောက်ကို ထုတ်ပြသွားတာပါ။ ကျွန်တော်က့  အကုန်မထုတ်ပဲ item table ထဲမှာ ပါတဲ့ categoryID နဲ့ category table ထဲမှာပါတဲ့ categoryID တူတဲ့ record တွေပဲ ထုတ်ပြချင်တယ်ဆိုရင်တော့ ထွက်လာတဲ့ result ကို condition ပြန်စစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ where ကို သုံးပြီး အခုလို ရေးရပါမယ်။

select item.*, category.categoryName
from item, category where item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic

၂) inner join
Inner join က cross join ကို where ထည့်ထားတဲ့ ပုံစံနဲ့ တူပါတယ်။ table ၂ ခုကို join ဖို့အတွက် On keyword ကိုသုံးပါတယ်။ ဒီလိုမျိုးပါ..

select item.*, category.categoryName
from item inner join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic

inner join နဲ့ရေးထားတဲ့အတွက် item table ထဲက categoryID က category table ထဲမှာ ရှိမနေဘူးဆိုရင် အဲဒီ record ကို ထုတ်ပြပေးမှာမဟုတ်ပါဘူး။ ဟုတ်ပြီ တစ်ခါတလေမှာ ကျွန်တော်က item table ထဲက အားလုံးထုတ်ပြချင်တယ်၊ category table ထဲမှာ ရှိရင် category name ပြပြီး၊ မရှိရင်တော့ null ပဲပေါ်လာချင်တယ်ဆိုရင်။ တနည်းအားဖြင့် table တခုခုကို မူတည်ပြီး ပြချင်တယ်ဆိုရင် ကျွန်တော်တို့ inner join ကိုသုံးလို့ မရတော့ပါဘူး။ ဒီအခါမှာ outer join ကိုသုံးရတော့မှာပါ။

၃) outer join
Outer join ကို ၂ ပိုင်းထပ်ခွဲနိုင်ပါတယ်။ Left outer join နဲ့ Right outer join ပါ။ join keyword ရဲ့ ဘယ်ဖက်က table ကို အကုန်ပြမယ်ဆိုရင် left join နဲ့ ရေးရပြီး။ join keyword ရဲ့ ညာဖက်က table ကို အကုန်ပြချင်ရင်တော့ right join နဲ့ ရေးပါမယ်။

select item.*, category.categoryName
from item left join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
select item.*, category.categoryName
from item right join category
on item.categoryID = category.categoryID

result

ItemID ItemName CategoryID Price Balance Remark CategoryName
1 Sony Optical Mouse 1 2500 10 - Computer
2 A4 Tech Keyboard 1 5000 1 - Computer
3 ViewSonic 17” Flat CRT 1 15000 5 - Computer
4 First Eleven Book 2 500 15 - Stationary
5 SONY 32” TV 3 900000 1 - Electronic
6 Moon 16” Stand Fan 3 20000 3 - Electronic
NULL NULL NULL NULL NULL NULL Clothes
NULL NULL NULL NULL NULL NULL Kitchen wares

left join လို့ရေးရေး left outer join လို့ပဲ ရေးရေး တူတူပါပဲ။ right join နဲ့ right outer join လည်း တူတယ်နော်။ နောက်ဆုံး query result မှာ null တွေထွက်လာတာ တွေ့ရတယ်နော်၊ ဘာလို့လဲဆိုတော့ category table ကို မူတည်ပြီး ယူလိုက်တော့ item table ထဲမှာ မရှိတာတွေအတွက် null တွေထွက်လာတာပါ။

August 3, 2009

basic of SQL Statement (part 5)

Filed under: SQL Commands — Tags: , , — sevenlamp @ 2:15 PM

အခု ကျွန်တော်တို့ Select quary တွေမှာ count တို့ sum တို့ စသည့်ဖြင့် function တွေထည့်သုံးကြည်ရအောင်။ အဲ့ဒီ function တွေကို aggregate function တွေလို့ ခေါ်တယ်။ ဒီလို aggregate function တွေပါတဲ့ query တွေကိုလည်း aggregate query လို့ခေါ်ပါတယ်။

Aggregate Functions List

AVG MIN
CHECKSUM SUM
CHECKSUM_AGG STDEV
COUNT STDEVP
COUNT_BIG VAR
GROUPING VARP
MAX

ဒီ function တွေကို ကျွန်တော်တို့ Select ရဲ့ နောက်မှာ ဖြစ်စေ၊ Having ရဲ့နောက်မှာ ဖြစ်စေ၊ သုံးနိုင်ပါတယ်။ ဥပမာ အခုကျွန်တော်က ItemTable ထဲမှာ ရှိတဲ့ record အရေအတွက်ကို သိချင်တယ်ဆိုပါစို့။ ဒါဆိုရင် Count ဆိုတဲ့ aggregate function ကိုသုံးပြီး ခုလိုရေးရမှာပါ။

SELECT count(*) AS ItemCount FROM item

Result:

ItemCount
6

Count ဆိုတဲ့ function က ကျွန်တော်တို့ Table ထဲမှာ ရှိတဲ့ record အရေအတွက်ကိုစစ်ပေးပါတယ်။ အဲ့ဒီ function ထဲမှာ * ဒါမှမဟုတ် ကြိုက်ရာ column name ထည့်ပေးရပါမယ်။ ဒီ function တွေကိုသုံးရင် ထွက်လာတဲ့ result မှာ column name မရှိပါဘူး။ ဒါကြောင့် ကျွန်တော်က column name ထည့်ပေးဖို့အတွက် AS keyword ကိုသုံးပါတယ်၊ AS နောက်မှာ ကျွန်တော်ပေးချင်တဲ့ ItemCount ဆိုတဲ့ နံမည်လေးထည့်ပေးလိုက်ပါတယ်။ တခြား Function တွေကိုလည်း စမ်းကြည့်ရအောင်။ ကျွန်တော်အခု စုစုပေါင်းကုန်လက်ကျန်ကို သိချင်တယ်ဆိုရင်။

SELECT sum(balance) AS TotalBalance FROM item

Result:

TotalBalance
35

အခုကျွန်တော်တို့ aggregate function တွေကိုသုံးတဲ့အခါမှာ table ထဲက record အားလုံးအတွက် result တစ်ခုထဲထွက်တာကို တွေ့ရလိမ့်မယ်။ ဟုတ်ပြီ ဒါဆိုရင် အခုကျွန်တော်က Category တစ်ခုစီအတွက် ကုန်လက်ကျန်ကို ကြည့်ချင်တယ်ဆိုရင်ရော။ ဒီလိုလုပ်ဖို့ဆိုရင်တော့ ကျွန်တော်တို့ Group By keyword နဲ့ တွဲသုံးပေးဖို့လိုလာပါပြီ။

SELECT categoryid,sum(balance) AS TotalBalance
FROM item
GROUP BY categoryid

Result:

categoryID TotalBalance
1 16
2 15
3 4

*** မှတ်ထားစရာ အချက်တစ်ချက်ရှိသေးတယ်ဗျ။ select ထဲမှာ aggregate function တွေ ပါပြီဆိုရင်၊ Group By လုပ်ထားတဲ့ column တွေကလွဲပြီး တခြား column တွေကို ထည့်ရေးခွင့် မရှိပါဘူး***
အခု Having keyword အကြောင်းဆက်ပြောရအောင်။ ကျွန်တော်တို့ရေးတဲ့ query မှာ condition စစ်စရာတွေ ရှိရင် where ကိုသုံးရတယ်ဆိုတာ သိပြီးကြပြီနော်။ ဟုတ်ပြီ အဲ့ဒီ where keyword က database ထဲမှာ ရှိတဲ့ column name တွေကိုပဲ စစ်လို့ရပါတယ်။ တခါတလေကျွန်တော်တို့က aggregate function ကထွက်လာတဲ့ result တွေကို စစ်ဖို့လိုလာပြီဆိုရင်တော့ Having ကိုသုံးရတော့မှာပါပဲ။ ဥပမာ ကုန်လက်ကျန် စုစုပေါင်း ၁၀ ခုထက်နည်းနဲ့ category ကိုကြည့်ချင်တယ်ဆိုရင်။

SELECT categoryid,sum(balance) AS TotalBalance
FROM item
GROUP BY categoryid
HAVING sum(balance) < 10

Result:

categoryID TotalBalance
3 4

Having ကို where လိုမျိုးလဲ column တွေစစ်ဖို့အတွက် သုံးလို့လည်း ရပါတယ်။ category id 1 ရဲ့ totalbalance ကိုပြဖို့အတွက်

SELECT categoryid,sum(balance) AS TotalBalance
FROM item
GROUP BY categoryid
HAVING categoryid = 1

Result:

categoryID TotalBalance
1 16

July 31, 2009

basic of SQL Statement (part 4)

Filed under: SQL Commands — Tags: , , , — sevenlamp @ 2:21 PM

ဒီနေ့ Select Statement အကြောင်းပဲ ဆက်ရအောင်ဗျာ။ WHERE အကြောင်းပဲ ဆက်ပြောပါ့မယ်။ အခုကျွန်တော်က ကုန်လက်ကျန် ၁၀ ခုထက်နည်းပြီး ဈေးနှုန်းကလည်း ၁၀၀၀၀ အထက်ရှိတဲ့ item တွေရဲ့ list ကိုကြည့်ချင်တယ်။ ဒါဆိုရင် ဒီလိုရေးရမှာပေါ့…

SELECT * FROM item
WHERE balance < 10 AND price > 10000

Result :

ItemID ItemName CategoryID Price Balance Description
3 ViewSonic 17” Flat CRT 11 15000 5 -
5 SONY 32” TV 3 900000 1 -
6 Moon 16” Stand Fan 3 20000 3 -

ဒီ query လေးမှာ ကျွန်တော်စစ်ချင်တဲ့ condition က ၂ ခုရှိနေတယ်။ balance ၁၀ ခုထက်နည်းရမှာရယ်၊ price ၁၀၀၀၀ ထက်များရမှာရယ်။ အဲ့ဒီ condition ၂ ခုလုံးမှန်တာကိုပဲ လိုချင်တာ ဖြစ်တော့ Where နောက်မှာ condition ၂ ခုကို AND နဲ့ဆက်ပြီးရေးရပါတယ်။ ကျွန်တော်တို့ စစ်ချင်တဲ့ condition တွေ ၁ခုထက်ပိုများလာပြီဆိုရင် အဲ့ဒီ condition တွေကြားမှာ AND ဒါမှမဟုတ် OR ဆိုတဲ့ keyword လေးတွေထည့်ရေးပေးရမယ်။ အပေါ်က query လိုမျိုး condition ၂ ခုလုံးမှန်မှ result ထွက်ချင်တယ်ဆိုရင် AND ကိုသုံးရပြီး။ condition တစ်ခုမဟုတ် တစ်ခုမှန်ရုံနဲ့ result ထွက်ချင်တယ်ဆိုရင်တော့ OR ကိုသုံးရမှာပါ။ ဥပမာ အနေနဲ့ ကျွန်တော်က electronic ပစ္စည်းတွေနဲ့ computer ပစ္စည်းတွေကိုပဲ ကြည့်ချင်တယ် ဆိုပါစို။ ဒါဆို ဒီလိုရေးရမှာပါ…

SELECT * FROM item
WHERE CategoryID = 1 OR CategoryID = 3

Result :

ItemID ItemName CategoryID Price Balance Description
1 Sony Optical Mouse 1 2500 10 -
2 A4 Tech Keyboard 1 5000 1 -
5 SONY 32” TV 3 900000 1 -
6 Moon 16” Stand Fan 3 20000 3 -

တခါတလေမှာ ကျွန်တော်တို့စစ်ချင်တဲ့ condition က value ၂ ခုကြားဖြစ်ခဲ့ရင် BETWEEN ကိုလည်း သုံးလို့ရပါတယ်။ ဥပမာ balance ၂ ခုကနေ ၁၀ ခု ကြားထဲက record တွေ လိုချင်တယ်ဆိုရင်…

SELECT * FROM item
WHERE balance BETWEEN 2 AND 10

Result :

ItemID ItemName CategoryID Price Balance Description
1 Sony Optical Mouse 1 2500 10 -
3 ViewSonic 17” Flat CRT 11 15000 5 -
6 Moon 16” Stand Fan 3 20000 3 -

ထွက်လာတဲ့ result ရဲ့ ဆန်ကျင်ဘက် ပြောင်းပြန်ကို လိုချင်တယ် ဆိုရင်တော့ NOT ကို တွဲသုံးလို့ ရပါတယ်။

SELECT * FROM item
WHERE balance NOT BETWEEN 2 AND 10

Result:

ItemID ItemName CategoryID Price Balance Description
2 A4 Tech Keyboard 1 5000 1 -
4 First Eleven Book 2 500 15 -
5 SONY 32” TV 3 900000 1 -

တစ်ခါတစ်လေ ကျွန်တော်တို့ လိုချင်တဲ့ record တွေက အစီအစဉ်လိုက်မဟုတ်ဘူး ဆိုရင်တော့ condition စစ်တဲ့အခါ OR တွေအများကြီးသုံးရမယ့် အနေအထားတွေ ရှိလာနိုင်ပါတယ်။ ဥပမာ ကျွန်တော်က ItemID 1,3,5 ကိုထုတ်ကြည့်မယ်ဆိုရင် OR သုံးပြီးစစ်ရင် ဒီလိုမျိုးဖြစ်ပါမယ်။

SELECT * FROM item
WHERE ItemID = 1 OR ItemID = 3 OR ItemID = 5

ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ IN ကိုသုံးပြီးရေးရင် ပိုလွယ်မှာပါ။

SELECT * FROM item
WHERE ItemID IN ( 1,3,5 )

Result:

ItemID ItemName CategoryID Price Balance Description
1 Sony Optical Mouse 1 2500 10 -
3 ViewSonic 17” Flat CRT 11 15000 5 -
5 SONY 32” TV 3 900000 1 -

ItemID 1,3,5 ကလွဲပြီး ကျန်တာတွေ ပြမယ်ဆိုရင်တော့

SELECT * FROM item
WHERE ItemID NOT IN ( 1,3,5 )

Result:

ItemID ItemName CategoryID Price Balance Description
2 A4 Tech Keyboard 1 5000 1 -
4 First Eleven Book 2 500 15 -
6 Moon 16” Stand Fan 3 20000 3 -

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ WHERE Condition တော်တော်လေးစစ်တက်ပြီလို့ ပြောလို့ရပါပြီ။ အခုနောက်ထပ် ORDER BY အကြောင်း ဆက်ပြောပါ့မယ်။ Select Query ကနေထွက်လာတဲ့ result record တွေကို sorting လုပ်ချင်ရင် Order By keyword ကိုသုံးရမှာပါ။ အိုကေ အခုကျွန်တော် Item table ထဲက record တွေအားလုံးကြည့်ချင်တယ်။ ကုန်လက်ကျန်အနည်းဆုံးက အပေါ်ဆုံးမှာပြချင်တယ်ဆိုရင်….

SELECT * FROM item
ORDER BY balance

Result:

ItemID ItemName CategoryID Price Balance Description
2 A4 Tech Keyboard 1 5000> 1 -
5 SONY 32” TV 3 900000 1 -
6 Moon 16” Stand Fan 3 20000 3 -
3 ViewSonic 17” Flat CRT 11 15000 5 -
1 Sony Optical Mouse 1 2500 10 -
4 First Eleven Book 2 500 15 -

Order by keyword က default အားဖြင့် ငယ်စဉ်ကြီးလိုက်(Ascending) စီပေးပါတယ်။ ကြီးစဉ်ငယ်လိုက်(Descending) စီချင်တယ်ဆိုရင်တော့ ကိုယ်စီချင်တဲ့ column name နောက်မှာ DESC ဆိုပြီးထည့်ပေးရပါမယ်။ ဥပမာ ကုန်လက်ကျန်အများဆုံးကို အပေါ်ဆုံးကနေ ပြချင်ရင်…

SELECT * FROM item
ORDER BY balance DESC

Result:

ItemID ItemName CategoryID Price Balance Description
4 First Eleven Book 2 500 15 -
1 Sony Optical Mouse 1 2500 10 -
3 ViewSonic 17” Flat CRT 11 15000 5 -
6 Moon 16” Stand Fan 3 20000 3 -
2 A4 Tech Keyboard 1 5000 1 -
5 SONY 32” TV 3 900000 1 -

အခုလို sorting စီတဲ့နေရာမှာ Column တစ်ခုထက်ပိုပြီး စီချင်ရင် comer(,) လေးတွေ ခြားသွားရုံပါပဲ။ ကုန်လက်ကျန် အနည်းဆုံးကို အရင်စီမယ်၊ ကုန်လက်ကျန် အရေအတွက်ချင်း တူရင် ဈေးနှုန်းအများဆုံးကို အပေါ်ကထားချင်တယ်ဆိုရင်….

SELECT * FROM item
ORDER BY Balance ASC, Price DESC

(*** ASC ကို ထည့်ရေးရေး၊ မရေးရေး ရပါ၏ ***)

Result:

ItemID ItemName CategoryID Price Balance Description
5 SONY 32” TV 3 900000 1 -
2 A4 Tech Keyboard 1 5000 1 -
6 Moon 16” Stand Fan 3 20000 3 -
3 ViewSonic 17” Flat CRT 11 15000 5 -
1 Sony Optical Mouse 1 2500 10 -
4 First Eleven Book 2 500 15 -

ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့ Simple Select Query တွေ ရေးတက်ပါပြီ။

July 30, 2009

basic of SQL Statement (part 3)

Filed under: SQL Commands — Tags: , — sevenlamp @ 6:16 PM

Select Statement

SELECT [ALL | DISTINCT] columnname1 [,columnname2]
FROM tablename1 [,tablename2]
[WHERE condition] [ and|or condition...]
[GROUP BY column-list]
[HAVING "conditions]
[ORDER BY "column-list" [ASC | DESC] ]

SQL Statement ၄ မျိုးမှာဖြင့် ဒီ select က အရှုပ်ဆုံးပါပဲဗျာ။ user ကြည့်ချင်တဲ့ result ရဖို့အတွက် ကျွန်တော်တို့ select command ကို နည်းလမ်းမျိုးစုံနဲ့ သုံးရမှာပါ။ အရှုပ်ဆုံးဆိုလို့လည်း လန့်မသွားနဲ့ဦးနော်၊ ဘယ်အရာမဆို မသိရင်ခက်ပြီး သိသွားရင်တော့ လွယ်ပါတယ်။ ကဲ.. အလွယ်ဆုံးကနေ စလိုက်ရအောင်။ ပထမဆုံး ကျွန်တော်က Category Table ထဲက record တွေအားလုံးကို user ကို ထုတ်ပြချင်တယ် ဆိုပါတော့။ ဒါဆိုရင် ဒီလိုရေးရမှာပါ။

SELECT * FROM Category

Result :

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active
4 Clothes Inactive
5 Kitchen wares Inactive

Select command ရဲ့ နောက်မှာ ကိုယ်ထည့်ကြည့်ချင်တဲ့ column name တွေပေးရမှာပါ။ ရှိသမျှ ကော်လံအားလုံးကို ထုတ်ပြမယ်ဆိုရင် ကျွန်တော်အခုရေးလိုက်သလို (*) ကို သုံးလို့လည်း ရပါတယ်။ ဒါဆို အခုကျွန်တော်က CategoryID နဲ့ CategoryName ၂ ခုပဲ ကြည့်ချင်တယ်ဆိုရင် ဒီလိုဖြစ်သွားမယ်။

SELECT CategoryID,CategoryName FROM Category

Result :

CategoryID CategoryName
1 Computer
2 Stationary
3 Electronic
4 Clothes
5 Kitchen wares

ဘယ်လိုလဲ လွယ်ပါတယ်နော်။ လွယ်မှာပေါ့ ဒါက အရိုးရှင်းဆုံး select ပုံစံကို။ ကဲ အခုကျွန်တော်က category table ထဲက record အားလုံးမကြည့်ချင်ဘူး Status က Active ဖြစ်တဲ့ Category တွေပဲ ကြည့်ချင်တယ် ဆိုရင် Condition ပြန်စစ်ဖို့လိုလာပါပြီ။ select command မှာ condition စစ်ဖို့အတွက် where ရယ်၊ having ရယ် ၂ ခု ကြိုက်တာသုံးခွင့်ရှိပါတယ်။ ဒီ ၂ ခုဘာကွာလဲဆိုတာ နောက်မှပြောပြပါမယ်။ လောလောဆယ်တော့ ကျွန်တော်က where ကိုပဲ သုံးပြီး စစ်လိုက်ပါမယ်။

SELECT * FROM Category WHERE Status = ‘Active’

Result :

CategoryID CategoryName Status
1 Computer Active
2 Stationary Active
3 Electronic Active

ဒါဆိုရင်တော့ record ၃ ကြောင်းပဲ ပြပါတော့မယ်။

နက်ဖန်မှဆက်ရေးတော့မယ်ဗျာ။ ဒီနေ့ ပြန်ရတော့မှာမို့လို့။

Theme: Silver is the New Black. Blog at WordPress.com.

Follow

Get every new post delivered to your Inbox.