ကျွန်တော် exercise အနေနဲ့ ပေးခဲ့တဲ့ Screen Saver Program လေးကို မနေ့ညက ကျွန်တော် Video Training လေး လုပ်လာခဲ့တယ်။ သေသေချာချာလေးတော့ လုပ်ပေးထားပါတယ်။ ညီတို့ ဒေါင်းပြီး ကြည့်ကြည့်ပါဦး။ မရှင်းတာရှိရင် ပြန်မေးစေချင်ပါတယ်။ ကျွန်တော် Video Training လုပ်ဖို့ သုံးတဲ့ software က SnapIt9 ပါ။ အဲ့ဒီ software ရဲ့ အားနည်းချက်ကြောင့်ထင်တယ် ပြောနေရင်း အချိန်ကြာလာရင် အသံက မြန်ပြီး ရုပ်ပုံက နှေးနေတာလေး တစ်ခုတော့ ရှိတယ်။ အဲ့ဒါလေး သည်းခံပြီး နားထောင်ပေးကြပါခင်ဗျာ။ အဲ… နောက်တစ်ခုက ကျွန်တော်ရဲ့ အသံဆိုးဆိုးလေးကိုလည်း သည်းခံပေးပါနော်
ကျွန်တော် အပိုင်း ၅ ပိုင်း ခွဲပြီး တင်ပါမယ်။ ၁ပိုင်းစီကို rar file ဖြေပြီး နားထောင်လို့ရတယ်နော်။ အားလုံး ဒေါင်းပြီးမှ ကြည့်စရာမလိုဘူး။ Source Code ကိုလည်း ထည့်ပေးလိုက်ပါတယ်။ အဲ့ဒါလေးကို ကြည့်ပြီး ကိုယ်တိုင် ပြန်လုပ်ကြည့်ပါ။ ရသွားရင်… ဒါမျိုး ဆင်တူလေးတွေကို ကိုယ်တိုင်စမ်းလုပ်ကြည့်ပါ။ (ဥပမာ.. အခုကျွန်တော်က line ဆွဲပြထားတယ် အဲ့ဒီအစား စက်ဝိုင်းတို့ ဘာတို့ လုပ်ကြည့်ပေါ့နော် )
ညီ၊ညီမ တို့ အားလုံး programming ကို အခက်အခဲမရှိ လေ့လာနိုင်ကြပါစေ….
Part One :
http://www.sendspace.com/file/5yrx3u
Part Two :
http://www.sendspace.com/file/t3wji1
Part Three :
http://www.sendspace.com/file/6gbway
Part Four :
http://www.sendspace.com/file/r58ep8
Part Five :
http://www.sendspace.com/file/cxwb2y
Source Code :