our notes for our youngers

July 23, 2009

basic of C# (part 3)

Filed under: Basic of C# — Tags: , , — sevenlamp @ 11:27 AM

.NET Framework

C# language စပြီးပါလာတဲ့ Visual Studio .NET 2002 မှာပဲ Microsoft က .NET Framework ဆိုတာကြီးကိုပါ မိတ်ဆက်ပေးခဲ့တယ်ဗျ။ အဲ့ဒီ .NET Frameworkကြီးထဲမှာ အဓိကကတော့ အပိုင်း ၂ပိုင်းပါတယ်ဗျ။ Common Language Runtime (CLR) နဲ့ Framework Class Library(FCL) ဆိုပြီးတော့။

CLR က ကျွန်တော်တို့ .NET Platform မှာ ရေးတဲ့ ဘယ်language codeကိုမဆို Microsoft Intermediate Language အဖြစ်ပြောင်းပေးပြီး Run လို့ ရအောင်လုပ်ပေးတယ်ပေါ့ဗျာ။ FCL ကတော့ predefined class library အစုအဝေးကြီးလို့ပဲ နားလည်ထားတယ်ဗျ။ .NET Framework အလုပ်လုပ်ပုံ လေးကြည့်ကြည့်ရအောင်ဗျာ။

အရင်ဆုံးကျွန်တော်တို့ Programတစ်ခုရေးလိုက်တယ်ဗျာ။ အဲ့ဒါကို source code လို့ ခေါ်တယ်။ source code ကို ကျွန်တော်တို့ ကွန်ပျူတာကြီးက နားမလည်ပါဘူး။ ဒီတော့ ကွန်ပျူတာနားလည်မယ့် machine code အဖြစ်ကို ပြောင်းဖို့လိုပါတယ်။ ဒီအလုပ်ကို .NET Framework အတွင်းမှာ ရှိတဲ့ သက်ဆိုင်ရာ Language အလိုက် compiler တွေက ဘာသာပြန်အလုပ်လုပ်ပါတယ်။ ဒီနေရာမှာ သိထားရမှာက .NET Framework ကိုသုံးပြီးရေးထားတဲ့ code တွေကို compile လုပ်ရင် machine code တန်းမထွက်ပါဘူး။ .NET Framework ကပဲနားလည်နိုင်တဲ့ MSIL လို့ခေါ်တဲ့ Microsoft Intermediate Language Code အဖြစ်ပဲထွက်ပါတယ်။ အဲ့ဒီ code ကိုမှတဖန် CLR ထဲမှာ ရှိတဲ့ Jet In-time Compilier (JIT) လေးက ထပ်ပြီး Compile လုပ်ပါတယ်။ ဒီလိုလုပ်လိုက်မှ Operating System ကနားလည်တဲ့ code အဖြစ်ကိုရောက်ရှိပါတယ်။ ဆိုလိုတာကတော့ဗျာ .NET Framework မရှိရင် .NET program တွေ run လိုတောင်မရဘူးပေါ့။ နောက်ပိုင်း Microsoft က ထုတ်တဲ့ OS တွေမှာ .NET Framework ကို build-in ထည့်ပေးပါတယ်။ ဒါမှမဟုတ်လည်း internet ကနေ framework ကို အလကားပေးပါတယ်။ Visual Studio .NET ကြီးတစ်ခုလုံး ၀ယ်မယ်ဆိုရင်တော့ ဈေးတော်တော်ကြီးတယ်ကြားတယ်ဗျ။ (ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ပေါပါတယ် J) FCL အကြောင်းတောင် မေ့တော့မလို့။ ဒီလိုဗျ Framework Class Library ဆိုတာ ကျွန်တော်တို့ program ထဲမှာ user monitor ပေါ် ‘hello’ ဆိုပြီး ရိုက်ထုတ်ပြချင်တယ်ဆိုပါတော့။ အဲ့ဒါကို C နဲ့ ရေးရင်

printf(“hello”);

ဆိုပြီး ရိုက်တယ်ဗျာ။ အဲ့ဒီကုဒ်ထဲမှာ ရေးလိုက်တဲ့ printf ဆိုတဲ့ဟာလေးကို function လို့ခေါ်တယ်ဗျ။ အဲ့ဒီ function က ကျွန်တော်တို့ကိုယ်တိုင်ရေးတာမဟုတ်ဘူးဗျာ၊ library ထဲကနေခေါ်သုံးတာပေါ့။ အဲ့ဒီလို predefined function တွေရေးပြီး သိမ်းထားတဲ့ class အစုအဝေးကြီးကို Framework Class Library လို့ ခေါ်ကြောင်းပါဗျား။

ကဲ ဒီဇယားလေးကတော့ .NET Framework version history ပါဗျာ။

Version Release Visual Studio Default in Window
1.0 2002 Visual Studio .NET
1.1 2003 Visual Studio .NET 2003 Window Server 2003
2.0 2005 Visual Studio 2005
3.0 2006 Window Vista, Window Server 2008
3.5 2007 Visual Studio 2008 Window 7, Window Server 2008 RC2
4.0 Beta1 2009 Visual Studio 2010

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: