our notes for our youngers

July 23, 2009

basic of C# (part 4)

Filed under: Basic of C# — Tags: , , — sevenlamp @ 12:54 PM

Hello World from C#

ကဲ အခုကျွန်တော်တို့ C# programming language နဲ့ program တစ်ခုလောက် စရေးကြရအောင်ဗျာ။ programming language တိုင်းရဲ့ first time program လေး helloworld နဲ့ပဲ စလိုက်ရအောင်။ C# program စရေးဖို့အတွက် ခင်ဗျားတို့ စက်မှာ .NET Framework install လုပ်ထားပြီးသားဖြစ်ဖို့တော့ လိုတယ်ဗျ။ Visual Studio install လုပ်ထားပြီးသားဆိုရင် framework ထပ်သွင်းစရာမလိုတော့ဘူးနော်။ မသွင်းရသေးဘူးဆိုရင်တော့ ဒီမှာ (http://www.microsoft.com/downloads/details.aspx?FamilyId=333325FD-AE52-4E35-B531-508D977D32A6&displaylang=en) သွားပြီး download လုပ်ပြီးသွင်းလိုက်ဗျာ။ framework သွင်းပြီးရင်တော့ ကျွန်တော်တို့ program စရေးလို့ ရပြီ။

C# program တွေ ရေးချင်တယ်ဆိုရင် Microsoft Visual Studio(IDE) ကို သုံးပြီးရေးမှာလား။ မသုံးပဲရေးမှာလား နည်းလမ်း ၂ ခုရှိတယ်။ အခုပထမဆုံး program ကို java လို Visual Studio IDE မသုံးပဲရေးကြရအောင်။ program ရေးဖို့အတွက် Text Editor တစ်ခုတော့လိုတယ်ဗျ။ ခင်ဗျားတို့စက်မှာ Notepad တော့ ရှိပြီးသား ဖြစ်မှာပါ။ ကဲ Notepad ဖွင့်ဗျာ။

window key + R နှိပ်ပြီး Run Box ကိုခေါ်လိုက်ဗျာ ပြီးရင် အဲ့ဒီ Box ထဲမှာ notepad လို့သာရိုက်ထည့်လိုက်၊ ဒါဆို Notepad ပွင့်လာလိမ့်မယ်။ ဟုတ်ပြီ… program စရေးရအောင်။ ဒီအတိုင်းရေးလိုက်ဗျာ ပြီးမှ ပြန်ရှင်းမယ်။

class Hello
{
	static void Main()
	{
		System.Console.Write("Hello World");
	}
}

ရေးပြီးပြီနော်… အိုကေ ပြန်ရှင်းရအောင်။ C တို့ java တို့လိုပဲ C# program တွေကလည်း Main function ကနေစပြီး အလုပ်လုပ်တယ်ဗျ။ ဒါပေမယ့် C# မှာတော့ Main ကို M အကြီးနဲ့ ရေးရတယ်နော်။ ပြီးတော့ static ဆိုတဲ့ keyword လည်းထည့်ရတယ်။ အိုကေ ကျွန်တော်တို့ ဒီအတိုင်းရေးလိုက်ပြီ static void Main() ပေါ့။ အဲ့ဒီ Main function ရဲ့ scope ကိုသက်မှတ်ဖို့ { နဲ့ } ကို သုံးတယ်။ ဒါလည်း C တို့ java တို့နဲ့ တူတူပဲ။ အဲ့ဒီ scope ထဲမှာမှ ကျွန်တော်တို့ computer ကို ခိုင်းစေချင်တဲ့ statement တွေကို ရေးရမယ်။ statement တစ်ကြောင်း ပြီးပြီဆိုတိုင်းမှာ semicomar(;) ပိတ်ဖို့လည်း မမေ့နဲ့ဦးနော်။

monitor မှာ စာရိုက်ခိုင်းဖို့ အတွက် C# မှာ Write or WriteLine function ကို သုံးရတယ်ဗျ။ အဲ့ဒီ Write function ကိုလည်း ဒီတိုင်းခေါ်ခွင့်မရှိဘူးဗျ၊ function ရှိနေတဲ့ class name နဲ့ တဆင့်ခေါ်ရတယ်။ Write function က Console class ထဲမှာ ရှိတယ်လေ၊ ဒါကြောင့် ရေးတဲ့အခါ Console.Write လို့ရေးမှမှန်မယ်။ ဟုတ်ပြီ ဒါဆို ရှေမှာ ဘာလို့ System ဆိုတာကြီးပါရတာလဲ။ ဒါက ဒီလိုရှိတယ်ဗျ အဲ့ဒီ System ဆိုတာကို Namespace လို့ ခေါ်တယ်။ Namespace ဆိုတာ class တွေ စုထားတဲ့ class အစုအဝေးကြီး class library ပေါ့ဗျာ။ Console class က System namespace ထဲမှာ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က System.Console.Write လို့ ရေးရတာဗျ။ ဒီလိုမျိုး class name ရဲ့ ရှေ့မှာ ထည့်မရေးချင်ဘူး ဆိုလည်း နောက်တစ်နည်းရှိသေးတယ်။ class မဆောက်ခင်မှာ library file အနေနဲ့ ကြိုပြီး ကြေငြာပေးထားလို့ ရတယ်။ C မှာ #include၊ java မှာ import ဆိုပြီး ကြေငြာသလို C# မှာလည်း using ဆိုပြီး ကြေငြာရတယ်။ ဒီလိုမျိုးဗျာ…

using System;
class Hello
{
	static void Main()
	{
		Console.Write("Hello World");
	}
}

ခုလို့ class အပေါ်မှာ System namespace ကို using လုပ်လိုက်ရင်။ ဒီ class အတွင်းမှာ အဲ့ဒီ System namespace ထဲက class တွေကို စိတ်ကြိုက်ခေါ်သုံးလို့ ရပြီ။ နောက်ထပ်ထပ်ရေးနေစရာ မလိုတော့ဘူး။ မဟုတ်ရင် Console.Write တစ်ခါရိုက်ချင်တိုင်း ရှေ့မှာ System ဆိုတာကြီးကို ပြန်ပြန်ထည့်ပေးနေရလိမ့်မယ်။
ကဲ Main function ရေးပြီတော့ ပြီးရောလားဆိုတော့ မပြီးသေးဘူးဗျ။ C# က OOP language လေ။ ဒီတော့ ဒီfunction ကိုလည်း class တစ်ခုခုအထဲမှာပဲ ထည့်ရေးခွင့်ရှိတယ်ဗျ။ function ကြီးပဲ ဒီတိုင်းရေးလို့ မရဘူး။ ဒါကြောင့် ကျွန်တော်က Hello ဆိုတဲ့ class ထဲမှာ ထည့်ရေးလိုက်တာ။ class name က ကိုယ်ကြိုက်တာပေးခွင့်ရှိပါတယ်။ java မှာလိုမျိုး file name နဲ့ class name နဲ့ တူစရာ မလိုဘူး။
ဒီလောက်ဆိုရင် အပေါ်က program ထဲမှာ ရေးထားတဲ့ coding တွေကို နားလည်ပြီထင်တယ်နော်။ အဓိကနားလည်စေချင်တာကတော့ ဘာလုပ်ချင်လို့ ဘယ်ကုဒ်ကိုရေးရတယ် ဆိုတာကို နားလည်စေချင်တာ။ ကဲ ကျွန်တော်တို့ ရေးလို့ ပြီးပြီဆိုတော့ ဒီ source code တွေကို သိမ်းရမယ်။ Ctrl + S နှိပ်ပြီး C: Drive အောက်မှာ ခင်ဗျားတို့ ကြိုက်တဲ့ နာမည်နဲ့ သိမ်းဗျာ၊ အဲ file extension ကတော့ (.cs) ဖြစ်ရမယ်နော်။ ဥပမာ ကျွန်တော်က filename ကို Test1 လို့ ပေးချင်တယ်ဆိုရင် Test1.cs ဆိုပြီးပေးရမယ်။ ရတယ်နော်… အိုကေ အခုကျွန်တော်တို့ ဒီ C# source file လေးကို compile လုပ်ပြီး run ကြည့်ရအောင်။ compile လုပ်ဖို့ အတွက် command prompt ထဲသွားဖို့လိုတယ်။ ကဲ့ Run Box ကိုခေါ်ပြီး cmd လို့ ရိုက်လိုက်ဗျာ ဒါဆို command prompt ပေါ်လာမယ်။ command prompt ထဲမှာ လက်ရှိ cursor location က C: အောက်က document and setting အောက်က login ၀င်ထားတဲ့ username အောက်ကို ရောက်နေလိမ့်မယ်ထင်တယ်။ ဒါဆိုအဆင်မပြေဘူး ကျွန်တော်တို့ Root Directory အောက်ကို ပြန်သွားရအောင်။ CD\ ရိုက်ပြီး Enter ခေါက်လိုက်။ ဒါဆို C: အောက်ကို ပြန်ရောက်သွားပြီ။ အဲ့ဒီမှာမှ ကျွန်တော်က .NET Framework သွင်းထားတဲ့ location ကို ရှာရအောင်။ ဒီနေရာမှာ ကျွန်တော် တစ်ခုပြောဖို့ကျန်သွားတယ်။ အပေါ်ပိုစ့်မှာ ပြောခဲ့တဲ့ အတိုင်း ကျွန်တော်တို့ ရေးထားတဲ့ source file တွေကို သက်ဆိုင်ရာ language ရဲ့ compilier နဲ့ compile လုပ်ရတယ်။ C# အတွက်တော့ C Sharp Compiler (csc.exe) ပေါ့ဗျာ။ ဒါကြောင့် csc.exe file လေးကို ရှာမယ်ဗျာ။ ကဲ command prompt ထဲမှာ ဒီလိုလေးရိုက်လိုက်ပါဦး။

dir csc.exe /s

ခဏတော့ စောင့်ရမယ့်ထင်တယ်။ ရှာလိုတွေ့ပြီဆိုရင် အဲ့ဒီ compiler လေးရှိတဲ့ နေရာကို path ပေးရမယ်ဗျ။ ခက်တာက ကျွန်တော်က path ပေးတာကို မေ့နေပြီ။ ဒါကြောင့် အဲ့ဒီ compiler ရှိတဲ့ location ကိုပဲ CD command သုံးပြီး သွားလိုက်မယ်ဗျာ။ သြော်ဒါနဲ့ ခင်ဗျားစက်မှာ framework version အများကြီးရှိနေတာလဲ ဖြစ်နိုင်တယ်နော်။ ကြိုက်တဲ့ version အောက်ကို ၀င်လိုက်ဗျာ။ ပြီးရင် compile လုပ်ရအောင်။

csc.exe C:\Test1.cs

ခုလို compile လုပ်လိုက်တော့ compiler က exe file ထုတ်ပေးတယ်ဗျ။ ရှာရင် ရှာကြည့်လိုက်ဦး။

dir Test1.exe

တွေ့တယ်မလားဗျ ကျွန်တော်တို့ program ရဲ့ executable file လေး။ အဲ့ဒီ file လေးကို run ရင် ရပြီပေါ့။ တခုတော့ မှတ်ထားဦးနော်၊ ဒီ exe file က .NET Framework ရှိမှ run လို့ ရမှာနော်။ အခု တခါတည်း run ကြည့်ရအောင်ဗျာ။ exe file ဆိုတော့ ဒီတိုင်း filename ရိုက်လိုက်ရုံပါပဲ။

Test1.exe or Test1

ကဲ့ ဒါဆိုရင် ခင်ဗျားတို့ရဲ့ ပထမဆုံး C# program ရဲ့ output ကို တွေ့ရပြီပေါ့။

ကျွန်တော် video training လေးပါ တင်ပေးလိုက်တယ်။ ဒီမှာ ယူဗျာ။

http://ifile.it/38lwqa5

Compile လုပ်ရင် program မှာမှားနိုင်တာလေးတွေလည်း ရှိတယ်ဗျ။

၁ – using, class, static, void အဲ့ဒါတွေကို စာလုံး အသေးနဲ့ရေးရမယ်။

၂ – System, Console, Write, Main အဲ့ဒါတွေကိုတော့ အစစာလုံးကို အကြီးနဲ့ ရေးရမယ်။

၃ – write function အဆုံးမှာ ( ; ) ထည့်ရမယ်။

၎ – Hello World ဆိုတဲ့ စာသားကို ( နဲ့ ) ထဲထည့်ရေးရမယ်။

ဒီလောက်ဆို အားလုံး run လို့ ရကြမှာပါ။ စမ်းကြည့်ပြီး တစ်ခုခုပြန်ပြောကြဗျာ။

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: