our notes for our youngers

July 23, 2009

basic of C# (part 2)

Filed under: Basic of C# — Tags: , , — sevenlamp @ 10:53 AM

အရင်ဆုံး C# ဆိုတာ ဘာလဲ စပြောရအောင်။ ကျွန်တော်သိတာကို ပြောမှာနော်။ အားလုံးမှန်ချင်မှလည်း မှန်လိမ့်မယ်။

ကဲ… စပြီ….။

History of C#

C# ဆိုတာ Microsoft က ထုတ်လိုက်တဲ့ programming language တစ်ခုပေါ့။ C# ဖြစ်ပေါ်လာရတဲ့ history ကို အရင် ပြောကြည့်မယ်ဗျာ။ programming language တွေ အများကြီး ရှိတဲ့ အထဲမှာ တော်တော်များများ စလုပ်ဖူးတာက C , C++ ထင်ပါတယ်။ C နဲ့ ရေးရင် ကျွန်တော်တို့ Graphic User Interface တွေ ရေးရတာ အဆင်မပြေဘူးဗျ။ နည်းနည်းပင်ပန်းတယ်။ ဒါနဲ့ ပိုလွယ်တဲ့ language တွေ ရှာလာတဲ့ အခါ Microsoft ကထုတ်တဲ့ Visual Basic(VB) ကိုသုံးဖြစ်လာကြတယ်။ VBက Microsoft က ထုတ်တဲ့ Visual Studio လို့ခေါ်တဲ့ programming language အစုအဝေးကြီးထဲက Language တစ်ခုပေါ့ဗျာ။ အဲ့ဒီ Visual Studio ထဲမှာ VB, VC++, Visual Foxpro, စသည်ဖြင့်ဗျာ ရွေးချယ်လို့ ရတဲ့ language တွေပါပါတယ်။ VB ရဲ့ အားသာချက်က Design အပိုင်းမှာ တော်တော်လေးကို လွယ်တာပါပဲ။ ဒါပေမယ့် အားနည်းချက်ကတော့ Object-Oriented Technology ကို သုံးလို့ မရဘူး။ OOP မဟုတ်ဘူးပေါ့ဗျာ။ ဒီတော့ တကယ့် Enterprise Application ကြီးတွေ ရေးလို့ အဆင်မပြေဘူးလို့ ပြောကြတယ်။ VC++ နဲ့ ရေးဖို့ကလည်း တော်တော်လေးကို ခက်တယ်လို့ ပြောကြတယ်ဗျ။ (ကျွန်တော်တော့ မရေးဖူးပါ)။ ဒါကြောင့် နောက်ပိုင်းမှာ programmer တွေက Java လိုင်းကို ပြောင်းကြတယ်။ ဒီတော့ Microsoft က java ကို fightဖို့ အကြံထုတ်ရပြီပေါ့။ တခြားprogramming language တွေရဲ့ အားသာချက်တွေကို ၅နှစ်လောက်လေ့လာပြီးမှ ၂၀၀၁၊၂၀၀၂ မှာ Visual Studio .NET ဆိုတာကြီးကို ထုတ်လိုက်တယ်ဗျ။ အဲ့ဒီ Visual Studio .NET ထဲမှာ နဂို VS တွေထဲက ပါနေကြဖြစ်တဲ့ VB, VC++ စတာတွေ အပြင် Visual J# ဆိုတာနဲ့ Visual C# ဆိုတဲ့ language အသစ် ၂ ခုကို မိတ်ဆက်ပေးလိုက်တယ်ဗျ။ java သမားတွေအတွက် J# နဲ့ C သမားတွေ အတွက် C# ဆိုပါတော့ဗျာ။ အဲ့ဒီ language ၂ ခုမှာ C# ကတော့ တော်တော်လေးကို အောင်မြင်သွားတယ်။(ပေါက်သွားတယ်ပေါ့ဗျာ)။ Microsoft ကလည်း C#ကို တော်တော်ညွှန်းတယ်ဗျ။ တခြားlanguage တွေ အားလုံးရဲ့ အားသာချက်တွေကို ယူထားတဲ့ language ဆိုပဲဗျ။ VB လိုမျိုး design ကို အလွယ်တကူရေးနိုင်တယ်။ Java လိုမျိုး OO ရဲ့ feature တွေကို သုံးနိုင်တယ်။(java ထက်တောင်မှ OO ပိုစစ်သေးတယ်ဆိုပဲဗျ)(ဥပမာဗျာ java မှာဆိုရင် data type တွေက keyword အဆင်မှာပဲ ရှိတယ်၊ C# မှာတော့ datatype တွေကိုယ်တိုင်က classတွေ အဖြစ်ရှိတယ်ဗျာ၊ class မဟုတ်တာဆိုလို့ operator တွေပဲ ကျန်တော့တယ်တဲ့)။

ကဲ ဒါကတော့ C# language မွေးဖွားလာပုံပေါ့ဗျာ။

3 Comments »

  1. Great! Thanks instead of our youngers

    Comment by Ma Nandar — July 26, 2009 @ 10:35 AM

  2. vb.net window base programming မှာ TextChanged Event စတဲ့ Changed Event တွေရဲ့ အသုံးပြုပုံတွေ ကိုရှင်းပြပေးစေချင်ပါတယ်။

    Comment by soemoe — January 27, 2013 @ 4:05 PM

  3. Sir pdf file​လေး​တွေမရှိဘူးလားdown ချင်​လို့ပါ

    Comment by Han shin thant — October 18, 2016 @ 8:13 PM


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: