our notes for our youngers

July 23, 2009

basic of C# (part 7)

Filed under: Basic of C# — Tags: , , — sevenlamp @ 5:22 PM

အခု ကျွန်တော်တို့ program လေးတခုလောက် ရေးကြည့်ရအောင်။ ကျွန်တော်က ဘာလုပ်ချင်လဲဆိုရင် user ဆီကနေ number value တစ်ခုတောင်းမယ်ဗျာ။ ပြီးတော့ အဲ့ဒီnumber ရဲ့ square တန်ဖိုးကို ပြန်ပြီး ရိုက်ထုတ်ချင်တယ်။ ဟုတ်ပြီနော် ဒါဆို ရေးကြည့်ရအောင်…

အရင်ဆုံး C# မှာ Main function ကနေ စရေးရမယ်ဆိုတော့…

static void Main()
{
}

ဆိုပြီး ရေးလိုက်မယ်ဗျာ။ ပြီးရင် user ဆီကနေ တောင်းမယ့် number ကို memory ပေါ်မှာ ခဏသိမ်းထားဖို့ အတွက် နေရာယူ(variable declare) ရမယ်။ ဒါကြောင့်….

int num;

ဟုတ်ပြီး ဒါဆိုရင် integer တန်ဖိုးတွေ သိမ်းဖို့အတွက် နေရာလေးရပြီး။ အခု user ကို တန်ဖိုးတစ်ခုထည့်ပေးပါလို့ ပြောချင်တယ်။ user ကို ပြောတယ်ဆိုတာက monitor မှာ output ထုတ်ပြတာပဲလေ။ ဒါကြောင့် ဒီလိုလေးပြောလိုက်မယ်….

Console.Write(“Enter a number : “);

ဒါဆိုရင် user က number တစ်ခုရိုက်ထည့်တေ့မယ်။ အဲ့ဒီ number ကို လက်ခံဖို့ အတွက် C# console application မှာ ReadLine() function ကိုသုံးရမယ်။ အဲ့ဒီ function ကလည်း Console class ထဲမှာရှိတယ်။ ဒါပေမယ့် အဲ့ဒီ ReadLine function က user ဘာရိုက်ထည့်ထည့် string data type ပဲ return ပြန်တယ်။ ဒီတော့ user က 3 ရိုက်ထည့်ရင် “3” ဆိုပြီး string type ဖြစ်သွားမယ်။ ဒါဆိုရင် ကျွန်တော်တို့ memory ပေါ်မှာကြေငြာထားတဲ့ integer variable ထဲကို ဒီတိုင်းတန်းပြီး ထည့်လို့မရတော့ဘူး။ string type ကနေ integer type ကို convert လုပ်ပေးရတော့မယ်….

string temp = Console.ReadLine();
num = Convert.ToInt32(temp);

ဒီလိုရေးလည်း ရပါတယ်။

num = Convert.ToInt32(Console.ReadLine());

ကဲ… ကျွန်တော်တို့ရဲ့ num variable ထဲမှာ user ထည့်လိုက်တဲ့ တန်ဖိုးလေး ရောက်သွားပါပြီ။ အခု user ကို square result ထုတ်ပြဖို့ပဲကျန်ပါတော့တယ်…

Console.WriteLine(“Square of {0} is {1}”, num, num*num);

Result ထုတ်ပြလိုက်တဲ့ code လေးကို နည်းနည်းလေး ရှင်းပြပါမယ်။ Write or WriteLine function အတွင်းမှာ parameter ၃ ခု ကျွန်တော်ပေးလိုက်ပါတယ်။ ပထမဆုံးတစ်ခု “Square of {0} is {1}” ဆိုတာမှာ {} အတွင်းထဲမှာ ရေးတဲ့ ဟာ၂ခုကလွဲပြီး ကျန်တာတွေအားလုံးက ဒီအတိုင်းပေါ်ပါမယ်။ အဲ့ဒါကို format string လို့ ခေါ်ပါတယ်။ နောက်က Parameter ၂ ခုကတော့ format string ထဲမှာ ထည့်ပေးလိုက်ချင်တဲ့ value တွေပါ။ num က index 0 ၊ num*num က index 1 နေရာမှာ ရှိပါတယ်။ အဲ့ဒီ value တွေကို format string ထဲမှာ ပြန်ခေါ်ဖို့ အတွက် {} ကိုသုံးပါတယ်။ index 0 နေရာက value ကို ခေါ်ချင်ရင် {0} လို့ခေါ်ရပါမယ်။ ဒီအတိုင်းပဲ index 1 နေရာက ဟာကိုခေါ်ဖို့အတွက်တော့ {1} ပေါ့။ ဒါဆိုရင် နားလည်မယ်ထင်တယ်နော်။ အဲ့ဒီလို မရေးပဲ နောက်တစ်မျိုးလည်း ရေးလို့ရပါသေးတယ်…

Console.WriteLine(“Square of “+num+” is “+num*num);

အခု နောက်ဆုံးအနေနဲ့ user ကို program ပိတ်ဖို့အတွက် ဒီလိုလေး ရေးပေးလိုက်ပါမယ်…

Console.Write(“\npress enter to close…”);
Console.Read();

\n ကို နောက်တစ်လိုင်းဆင်းဖို့ အတွက်သုံးပြီး။ Console.Read() ကတော့ user enter ခေါက်တာကို စောင့်နေပေးပါတယ်။
ဒီ ပုစ္ဆာလေးထဲမှာ ကျွန်တော် Convert class နဲ့ Console class ၂ ခုကို သုံးထားပါတယ်။ ဒါကြောင့် အပေါ်ဆုံးမှာ ဒီလိုလေးရေးပေးလိုက်တယ်….

using System;

အားလုံးစုပြီး ရေးလိုက်တော့ ဒီလိုမျိုး…

using System;
class Program
{
     static void Main()
     {
          string temp; int num;
          Console.Write("Enter a number : ");
          temp = Console.ReadLine();
          num = Convert.ToInt32(temp);
          Console.WriteLine("Square of {0} is {1}", num, num * num);
          Console.Write("\npress enter to close...");
          Console.Read();
     }
}

Output =>

Enter a number : 4
Square of 4 is 16

Press enter to close…

4 က user input ပါ။
ဒီ program လေးကို ရေးဖို့အတွက် Visual Studio ထဲမှာ File->New->Project->C# language->Console Application ကိုရွေးပါမယ်။ ဒါဆိုရင် class တွေ Main function နေရာတွေ IDE က auto လုပ်ပေးသွားလိမ့်မယ်။ အဲ့ဒီ ထဲမှာ ရိုက်ရုံပါပဲ။ ပြီးလို့ run မယ်ဆိုရင်တော့ F5 ပါ။ အဆင်မပြေရင် ပြန်ပြောပါခင်ဗျာ။

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: