our notes for our youngers

July 24, 2009

basic of C# (part 8)

Filed under: Basic of C# — Tags: , , , , — sevenlamp @ 5:03 PM

မနေ့က Program လေးနဲ့ပဲ ဆက်ပြောရအောင်ဗျာ။ အဲ့ဒီprogram လေးမှာ user ဆီကနေ number value တစ်ခုတောင်းတယ်။ square တန်ဖိုးကို output ထုတ်ပြတယ်။ အိုကေ။ ဒါကို user ကနေ သတိမထားမိပဲ number မဟုတ်တဲ့ တခြား character တွေထည့်လိုက်တယ်ဆိုပါတော့… ကဲ program ဘာဖြစ်သွားမလဲ?

ဒီပုံလေးထဲကလို ဖြစ်သွားမှာပေါ့ဗျာ….

ဒါကို error တက်သွားတယ်လို့ ခေါ်မယ်ထင်တယ်။ ဟုတ်တယ်ဟုတ်🙂

ကဲ… အခု ကျွန်တော်ပြောချင်တာက Error တွေအကြောင်းပါပဲဗျာ။ ကျွန်တော်တို့ program တွေရေးတဲ့အခါ error ဆိုတာတွေနဲ့က မလွဲမသွေတွေ့ကြုံနေရမှာပါပဲ။ အဓိကကတော့ error အမျိုးအစား ၃ မျိုးရှိတယ်ဗျ။

1 – compile error ( grammar error, syntax error လိုလဲခေါ်သေးတယ်ဗျ )

2 – logic error ( semantic error )

3 – run time error

1)    Compile Error

Compile error ဘယ်အချိန်မှာ ဖြစ်လည်းဆိုတော့ ကျွန်တော်တို့ ရေးလိုက်တဲ့ source code တွေကို compiler က နားမလည်တော့ဘူး ဆိုရင် compile error ဖြစ်တာပေါ့။ ဥပမာအားဖြင့် statement အဆုံးမှာ semicolon (;) ကျန်ခဲ့တာတို့။ Main function ကို m အသေးနဲ့ ရေးတာတို့ စသည့်ဖြင့်ပေါ့။ compile error က အတွေ့အများဆုံးနဲ့ ဖြေရှင်းရအလွယ်ဆုံး error အမျိုးအစားဖြစ်တယ်ဗျ။

2)    Logic Error

Logic error ဆိုတာကတော့ programmer ရဲ့ စဉ်းစားပုံမှားလို့ ဖြစ်စေ၊ careless ဖြစ်ပြီး မှား ရိုက်မိလို့ ဖြစ်စေ၊ program ရဲ့ output မှာ အဖြေမှန် မထွက်တော့ပဲ၊ wrong result ထွက်လာတာမျိုးကို ဆိုလိုတာပါ။ ဥပမာ..

Console.WriteLine(“Square of {0} is {1}”, num, num*num);

လို့ ရေးရမယ့်နေရာမှာ

Console.WriteLine(“Square of {0} is {1}”, num, num+num);

လို့ ရေးလိုက်မိတယ်ဆိုပါစို့။ ဒါဆိုရင် program က compile error တက်မလား ? မတက်ဘူးနော် result တော့ပြမှာပဲ။ ဒါပေမယ့် ပြတဲ့ အဖြေက ကိုယ်လိုချင်တဲ့ အဖြေထွက်မလား.. မထွက်တော့ဘူးလေ။ ဟုတ်တယ်မလား။ ဒါဆိုရင် ဒီ program မှန်တယ်လို့ ပြောလို့ ရမလား။ မရပါဘူး။ ဒီလို error မျိုးကို logic error လို့ ခေါ်ပါတယ်။ logic error တွေကို ဖြေရှင်းဖို့ အတွက်တော့ ကျွန်တော်တို့ program ကို line by line Trace လိုက်ပြီး error ကိုရှာရပါမယ်။

3)    Runtime Error

Runtime error ကတော့ အပေါ်ဆုံးမှာ ကျွန်တော်ပြထားတဲ့ ပုံထဲက error မျိုးပေါ့။ user fault ကြောင့်ဖြစ်စေ၊ ကွန်ပျူတာရဲ့ အမှားကြောင့်ဖြစ်စေ program မှားသွားတာမျိုးပေါ့။ အမြဲတမ်းမှားမလားဆိုတော့ user သာ အမှန်ထည့်ရင် မမှားဘူး။ user ကမှားထည့်တာနဲ့ ကျွန်တော်တို့ program လည်း မှားသွားမယ်။ ဒါပေမယ့် တကယ်ကောင်းမွန်ပြည့်စုံတဲ့ program တစ်ခုဖြစ်ဖို့အတွက် ဒီလို error မျိုးတွေကိုလည်း မဖြစ်အောင် programmer က စဉ်းစားပေးနိုင်ရမယ်။

Runtime error တွေကို ဖြေရှင်းဖို့အတွက်တော့ ကျွန်တော်တို့ Error Handling (Exception Handling) Statement ကိုသုံးရပါမယ်။ အားလုံး သိပြီးသားဖြစ်တဲ့ try…..catch ကိုပြောတာပါ။

Exception Handling

Runtime error တွေကို handle လုပ်ဖို့အတွက် error ဖြစ်နိုင်တဲ့ statement တွေကို try{ နဲ့ } ကြားမှာ ရေးရပါမယ်။ ပြီးရင် အကယ်လို့ error ဖြစ်ခဲ့သည်ရှိသော် အဲ့ဒီ error ကို ကိုင်တွယ်ဖြေရှင်းပေမယ့် statement တွေကိုတော့ catch{ နဲ့ } ကြားမှာ ရေးရပါမယ်။

ဥပမာ…

try{
	num = Convert.ToInt32(temp);
}
catch{
	Console.WriteLine(“Invalid Input”);
	num = 0;
}

String temp ထဲမှာ ရှိတဲ့ data ကို integer အဖြစ်ပြောင်းလို့ ရရင် num ထဲကို ၀င်သွားမယ်။ catch ထဲကို မ၀င်ပဲ Program အလုပ်ဆက်လုပ်သွားမယ်။ ပြောင်းလို့ မရဘူးဆိုရင်တော့ catch ထဲကို ၀င်လာပြီး user ကို error message ပြတယ်။ num ထဲကို zero ထည့်ပြီး program အလုပ်ဆက်လုပ်ပါလိမ့်မယ်။ try.. catch ကိုသုံးခြင်းကြောင့် ကျွန်တော်တို့ program က လမ်းတ၀က်မှာ ရပ်သွားတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။
အခု error handling statement ကို detail ကြည့်ရအောင်။ အပေါ်က example အတိုင်းဆိုရင် Convert လုပ်တဲ့ အချိန်မှာ error တက်တာနဲ့ catch ထဲက အလုပ်တွေကို သွားပြီးလုပ်မှာပါ။ try statement ထဲမှာ error ဖြစ်နိုင်တဲ့ statement က တစ်ခုထဲရှိတဲ့ အချိန်မှာ သိပ်ပြီး ကိစ္စမရှိပဲ error messge ပြလို့ရပါတယ်။ ဒါပေမယ့် တခါတလေမှာ error ဖြစ်နိုင်တဲ့ statement တွေက တစ်ခုထက်ပိုပြီးတော့လည်း ရှိနိုင်ပါတယ်။ error အမျိုးအစားကလည်း မတူဘူးဆိုရင် catch ထဲမှာ user ကို error ပြတဲ့ နေရာမှာ detail information ပြလို့ မရတဲ့ အခက်အခဲရှိလာပါတယ်။ ဒီ example ထဲမှာ ဆိုရင်ပဲ error ဖြစ်နိုင်တဲ့ အခြေအနေက ၂ မျိုးရှိနေပါတယ်။ number အစားတခြားဟာထည့်လိုက်ရင် FormatException ဖြစ်ပြီး၊ number ကြီးပဲ ၁၅ လုံးလောက်ရိုက်ထည့်လိုက်ရင် OverFlowException ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်exception ပဲဖြစ်ဖြစ် ကျွန်တော်တို့ catch ထဲမှာ ရေးထားတဲ့ Invalid Input ဆိုတဲ့ message ပဲ ပြပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့က ပိုပြီး detail ကြတဲ့ message ပြချင်တယ်ဆိုရင်တော့ Catch ရေးတဲ့ အခါမှာ Exception အမျိုးအစားနဲ့ parameter ခွဲပြီး လက်ခံလို့လည်း ရပါတယ်။ ဒီလိုမျိုးပါ..

try{
	num = Convert.ToInt32(temp);
}
catch( FormatException ex )
{
	Console.WriteLine(“Please enter number value”);
	num = 0;
}
catch( OverflowException ex )
{
	Console.WriteLine(“Your number is too large”);
	num = 0;
}
catch
{
	Console.WriteLine(“Unknown error”);
	num = 0;
}

ဒါဆိုရင်တော့ user ထည့်တာ number မဟုတ်ရင် Please enter number value ဆိုပြီး ပြပါမယ်။ တန်ဖိုး အရမ်းကြီးနေရင်တော့ Your number is too large ဆိုပြီး detail ပြနိုင်ပါလိမ့်မယ်။ ကဲဒါဆိုရင် error အမျိုးအစားတွေနဲ့ exception handling အကြောင်းအကြမ်းလေးတော့ သိမယ်ထင်ပါတယ်။ program လေးကို ပြန်ပြင်ရေးလိုက်ပါဦးနော်။

using System;
    class Program
    {
        static void Main()
        {
            string temp; int num;
            Console.Write("Enter a number : ");
            temp = Console.ReadLine();
            try
            {
                num = Convert.ToInt32(temp);
            }
            catch (FormatException ex)
            {
                Console.WriteLine("Please enter number value");
                num = 0;
            }
            catch (OverflowException ex)
            {
                Console.WriteLine("Your number is too large");
                num = 0;
            }
            catch
            {
                Console.WriteLine("Unknown error");
                num = 0;
            }
            Console.WriteLine("Square of {0} is {1}", num, num * num);
            Console.Write("\npress enter to close...");
            Console.Read();
        }
    }

နောက်နေဆက်ကြတာပေါ့။

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: