our notes for our youngers

July 26, 2009

application type in C#

Filed under: C# — Tags: , , , — sevenlamp @ 2:10 PM

ကျွန်တော် မနေ့က comment တစ်ခုရတယ်ဗျ။ အဲ့ဒီ comment ထဲမှာ ဒီလိုရေးထားတယ်။

hello ! most of students are not clear about types of application.e.g. window applications , console application , web application , class libiary etc. please could u explain which application is what for and when we should use, and why and how to start ?
Thanks a lot!!!

ကျွန်တော်တို့ C# programming language မှာ user ကိုထုတ်ပြတဲ့ output အမျိုးအစားပေါ်မူတည်ပြီး application အမျိုးအစားတွေ ခွဲခြားထားပါတယ်။

user output ကို အရင်တုန်းက C++ နဲ့ရေးသလိုမျိုး Console screen ( DOS ) ပေါ်မှာ ထုတ်ပြမယ်ဆိုရင် C# console application အမျိုးအစားနဲ့ ရေးရပါမယ်။ အခုကျွန်တော်တို့ ရေးနေတာ အဲ့ဒီ console application ပါ။ Console Application နဲ့ ရေးမယ်ဆိုရင် ကျွန်တော်တို့ design ဆွဲတဲ့နေရာမှာ အနည်းငယ်အခက်အခဲရှိပါတယ်။ C# ရဲ့ basic logic တွေကို ပြောချင်တာဖြစ်လို့ ကျွန်တော်အခု console application နဲ့ ပြောနေတာဖြစ်ပါတယ်။
user output ကို အရင်တုန်းက VB6 တို့ java တို့နဲ့ရေးသလိုမျိုး window လေးတွေနဲ့ ပြချင်တယ်ဆိုရင် C# window application ကိုရွေးရပါမယ်။ stand-alone computer တွေအတွက် project တွေ ရေးမယ်ဆိုရင် ကျွန်တော်တို့ window application ကို ရွေးချယ်ရပါမယ်။
ဒီလိုမှမဟုတ်ပဲ network application တွေရေးချင်တယ်ဆိုရင်တော့ C# web application ကိုသုံးရမှာပါ။ C# web application ကို ASP.NET လို့လည်းခေါ်ပါတယ်။ C# နဲ့ ရေးတဲ့ web application ကို ASP.NET with C# ပေါ့။ VB နဲ့ ရေးရင် ASP.NET with VB ပေါ့။ နားလည်မှာပါ။

user ကို Output ထုတ်ပြမယ့် C# application အနေနဲ့ဆိုရင်တော့ အဲ့ဒီ ( Console, Window & Web ) ဆိုပြီး သုံးမျိုးပဲ ရှိပါတယ်။ ဒါဆိုရင် Class Library ဆိုတာကရော။ ကျွန်တော်တို့ C# language နဲ့ library တွေ ရေးချင်တဲ့အခါမှာ သုံးပါတယ်။ user ကို output ထုတ်မပြပဲနဲ့ နောင်တချိန်မှာ တခြား program တွေ မှာ ပြန်သုံးလို့ ရအောင် library အနေနဲ့ သိမ်းထားချင်တယ်ဆိုရင် Class Library ကိုရွေးရမှာပါ။

ဒါ့အပြင် ကျွန်တော်တို့ C# language ကိုသုံးပြီးတော့ Window Service တွေ Web Service တွေကိုလည်း ရေးလို့ ရပါသေးတယ်။ ကျွန်တော်တို့ ကွန်ပျူတာထဲမှာ service process တခုအနေနဲ့ ကျွန်တော်တို့ program ကို ရှိနေစေချင်တယ်ဆိုရင်တော့ window service အဖြစ်ရေးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေရေးတဲ့ နေရာမှာ အသုံးများတဲ့ function တွေကို web server ပေါ်မှာ တင်ထားပြီး application တွေကနေ ပြန်ခေါ်သုံးချင်တယ်ဆိုရင်တော့ Web Service အနေနဲ့ရေးရမှာပါ။ ဒါ့အပြင် .NET Framework 3.0 ကနေစပြီး WPF(Window Presentation Foundation) တို့ WCF(Window Communication Foundation) တို့ စတဲ့ application အမျိုးအစားတွေလည်း C# language ကို အသုံးပြုပြီး ရေးသားနိုင်ပြီဖြစ်ပါတယ်။ .NET Framework 3.5 ကိုသုံးမယ်ဆိုရင်တော့ ကျွန်တော်တို့ Office application တွေ အတွက် Add-In တွေကိုပါ C# language ကို အသုံးပြုရေးသားနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ C# application တစ်ခုစီကို ရှင်းပြနိုင်အောင် လေ့လာနေပါတယ်😀

1 Comment »

  1. အားပေးနေတယ် ဗျို့ ။ သိုင်းကျူးကမ္ဘာနော် ။

    Comment by awba — October 26, 2009 @ 4:43 PM


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: