SQL Statement လေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက် basic knowledge လေးတွေကို ပြန်ပြီး မျှဝေပေးချင်လို့ပါ။ ညီလေး ညီမလေးတွေ အတွက်ပဲပေါ့။ ကျွန်တော်တို့ programming လုပ်တဲ့ သူတွေအားလုံး တချိန်မဟုတ်တချိန်တော့ SQL Statement တွေနဲ့ ပတ်သက်ရမှာ မလွဲပါဘူး။ C# နဲ့ပဲရေးရေး VB နဲ့ပဲရေးရေး PHP နဲ့ပဲရေးရေး java ပဲဖြစ်ဖြစ်ပေါ့ ဘယ် language ကိုပဲ သုံးသည်ဖြစ်စေ data တွေကို database တစ်ခုခုမှာ သိမ်းတော့မယ်၊ ပြန်ထုတ်ပြတော့မယ်ဆိုတာနဲ့ ကျွန်တော်တို့ SQL Statement တွေကို သုံးရတော့မှာပါ။ ဒီနေရာမှာ Database လို့ ပြောလိုက်တော့ Microsoft platform က သူတွေက MS SQL Server ကို ပြေးမြင်ကြမှာပါ။ ဟုတ်ပါတယ် ကျွန်တော်လည်း MS SQL Server 2005 ကို သုံးနေတာပါပဲ။ ဒါပေမယ့် ဘယ်လို DBMS ကိုပဲ သုံးသည်ဖြစ်စေ Basic SQL Statement တွေကတော့ အတူတူပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီ basic SQL Statement လေးတွေအကြောင်း လေ့လာကြည့်ရအောင်ဗျာ။
ဟိုးအရင် Turbo C သုံးပြီး program တွေ ရေးကြတဲ့ ခေတ်တုန်းကတော့ ကျွန်တော်တို့တွေ data တွေသိမ်းဖို့အတွက် harddisk ထဲမှာ file တွေကိုယ်တိုင် ဆောက်ပြီး ကိုယ်တိုင်ပဲ အသွင်းအထုတ်လုပ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ DBMS(Database Management Software) တွေ ပေါ်လာတော့ ကျွန်တော်တို့ကိုယ်တိုင် မလုပ်တော့ပဲ အဲ့ဒီ DBMS တွေကိုပဲ ခိုင်းစားလာခဲ့ကြတယ်။ အဲ့ဒီလို ခိုင်းဖို့အတွက် ကျွန်တော်တို့က SQL လို့ခေါ်တဲ့ Structured Query Language ကို သုံးကြရပါတယ်။ အဲ့ဒီ SQL မှာ အဓိက အပိုင်း ၄ ပိုင်းပါပါတယ်။
INSERT ( database ထဲကို data အသစ်တွေထည့်ဖို့ )
UPDATE ( database ထဲက data တွေကို ပြင်ဖို့ )
DELETE ( database ထဲက data တွေကို ဖျက်ဖို့ )
SELECT ( database ထဲက data တွေကို user ကို ပြန်ထုတ်ပြဖို့ )
ဒီ command တွေ စမ်းကြည့်ရအောင်အတွက် ကျွန်တော် database ထဲမှာ table ၂ ခုဆောက်လိုက်မယ်။ ကျွန်တော်လက်ရှိသုံးနေတာက SQL Server 2005 ဆိုတော့ အဲ့ဒါနဲ့ပဲ ပြောမယ်နော်။ ညီတို့က တခြား DBMS တွေ သုံးရင်လည်း အရမ်းတော့ ကွာမယ်မထင်ပါဘူး။
Category Table Design
CategoryID int Primary key CategoryName varchar(50) Status varchar(50)
Item Table Design
ItemID int Primary key ItemName varchar(50) CategoryID int Price int Balance int Description varchar(250)
Insert Statement
insert into tablename
(column1name,column2name...columnxname)
values (value1,value2...valuex);
Database ထဲကို data record အသစ်တခုထည့်တော့မယ်ဆိုရင် ကျွန်တော်တို့ Insert Command ကိုသုံးရပါမယ်။ အခု အရင်ဆုံး Category Table ထဲကို record တစ်ခု ထည့်ကြည့်ရအောင်။ Insert Command ရဲ့ အနောက်မှာ into ဆိုတဲ့ keyword လေးထည့်ရေးရတယ်။ ပြီးရင် ကိုယ် data ထည့်ချင်တဲ့ table name ပေးရတယ်။ ပြီးတော့မှ ကိုယ့်ထည့်မယ့် data တွေကို values ဆိုတဲ့ keyword ရဲ့ နောက်မှာ ထည့်ရေးပေးရမယ်။ ဥပမာ…
*** SQL SERVER 2005 တွင် character နှင့် datetime များကို single code ( ‘ ) ထည့်ပေးရပါသည်။ ***
VALUES (1, ‘Computer’, ‘Active’)
အပေါ်က example query လေးအတိုင်း ရေးမယ်ဆိုရင် category table ထဲမှာ ရှိတဲ့ field တွေအားလုံးအတွက် data ထည့်ကိုထည့်ပေးရမယ်။ အစဉ်လိုက်လည်း ဖြစ်ရပါမယ်။ တခါတလေမှာ ကျွန်တော်တို့က column တွေအားလုံးကို data ထည့်မပေးချင်တာတို့၊ အစဉ်လိုက်မဖြစ်တာတို့ဆိုရင် query ရေးတဲ့အခါ table name ရဲ့ နောက်မှာ ကိုယ်ထည့်ချင်တဲ့ column name ကိုပါထည့်ရေးပေးရမှာပါ။ ဥပမာ…
VALUES (2, ‘Stationary’)
တခါတလေမှာ ကျွန်တော်တို့ table တစ်ခုထဲက data တွေကို တခြား table တစ်ခုထဲကို copy ကူးထည့်ချင်တဲ့ အခါမျိုးမှာ Insert command ကို Select command နဲ့လည်း တွဲသုံးနိုင်ပါသေးတယ်။ ဒီလိုမျိုးပါ…
SELECT * FROM Category
*** ဒီ query run ဖို့အတွက် Temp_Category table လေးကိုအရင် ဆောက်ပေး ရမယ်နော်။ Category table ရဲ့ structure အတိုင်းဆောက်လိုက်ပေါ့ ***
thank you for your post…
i will continue to study
Comment by thandar — August 8, 2009 @ 3:16 PM
အကိုရေကျေးဇူးတင်ပါတယ် ကျနော်လိုက်လုပ်နေပါတယ်
အကို အခုမှအကိုဆိုဒ်ကို mirt အဲဒီကတွေ့လို့ sql နဲံ C#
နဲံပါတ်သက်ပြီးများများရေးပေးပါနော်အကို
Comment by luyo — February 4, 2010 @ 1:56 AM