အခု ကျွန်တော်တို့ Select quary တွေမှာ count တို့ sum တို့ စသည့်ဖြင့် function တွေထည့်သုံးကြည်ရအောင်။ အဲ့ဒီ function တွေကို aggregate function တွေလို့ ခေါ်တယ်။ ဒီလို aggregate function တွေပါတဲ့ query တွေကိုလည်း aggregate query လို့ခေါ်ပါတယ်။
Aggregate Functions List
AVG | MIN |
CHECKSUM | SUM |
CHECKSUM_AGG | STDEV |
COUNT | STDEVP |
COUNT_BIG | VAR |
GROUPING | VARP |
MAX |
ဒီ function တွေကို ကျွန်တော်တို့ Select ရဲ့ နောက်မှာ ဖြစ်စေ၊ Having ရဲ့နောက်မှာ ဖြစ်စေ၊ သုံးနိုင်ပါတယ်။ ဥပမာ အခုကျွန်တော်က ItemTable ထဲမှာ ရှိတဲ့ record အရေအတွက်ကို သိချင်တယ်ဆိုပါစို့။ ဒါဆိုရင် Count ဆိုတဲ့ aggregate function ကိုသုံးပြီး ခုလိုရေးရမှာပါ။
Result:
ItemCount |
6 |
Count ဆိုတဲ့ function က ကျွန်တော်တို့ Table ထဲမှာ ရှိတဲ့ record အရေအတွက်ကိုစစ်ပေးပါတယ်။ အဲ့ဒီ function ထဲမှာ * ဒါမှမဟုတ် ကြိုက်ရာ column name ထည့်ပေးရပါမယ်။ ဒီ function တွေကိုသုံးရင် ထွက်လာတဲ့ result မှာ column name မရှိပါဘူး။ ဒါကြောင့် ကျွန်တော်က column name ထည့်ပေးဖို့အတွက် AS keyword ကိုသုံးပါတယ်၊ AS နောက်မှာ ကျွန်တော်ပေးချင်တဲ့ ItemCount ဆိုတဲ့ နံမည်လေးထည့်ပေးလိုက်ပါတယ်။ တခြား Function တွေကိုလည်း စမ်းကြည့်ရအောင်။ ကျွန်တော်အခု စုစုပေါင်းကုန်လက်ကျန်ကို သိချင်တယ်ဆိုရင်။
Result:
TotalBalance |
35 |
အခုကျွန်တော်တို့ aggregate function တွေကိုသုံးတဲ့အခါမှာ table ထဲက record အားလုံးအတွက် result တစ်ခုထဲထွက်တာကို တွေ့ရလိမ့်မယ်။ ဟုတ်ပြီ ဒါဆိုရင် အခုကျွန်တော်က Category တစ်ခုစီအတွက် ကုန်လက်ကျန်ကို ကြည့်ချင်တယ်ဆိုရင်ရော။ ဒီလိုလုပ်ဖို့ဆိုရင်တော့ ကျွန်တော်တို့ Group By keyword နဲ့ တွဲသုံးပေးဖို့လိုလာပါပြီ။
FROM item
GROUP BY categoryid
Result:
categoryID | TotalBalance |
1 | 16 |
2 | 15 |
3 | 4 |
*** မှတ်ထားစရာ အချက်တစ်ချက်ရှိသေးတယ်ဗျ။ select ထဲမှာ aggregate function တွေ ပါပြီဆိုရင်၊ Group By လုပ်ထားတဲ့ column တွေကလွဲပြီး တခြား column တွေကို ထည့်ရေးခွင့် မရှိပါဘူး***
အခု Having keyword အကြောင်းဆက်ပြောရအောင်။ ကျွန်တော်တို့ရေးတဲ့ query မှာ condition စစ်စရာတွေ ရှိရင် where ကိုသုံးရတယ်ဆိုတာ သိပြီးကြပြီနော်။ ဟုတ်ပြီ အဲ့ဒီ where keyword က database ထဲမှာ ရှိတဲ့ column name တွေကိုပဲ စစ်လို့ရပါတယ်။ တခါတလေကျွန်တော်တို့က aggregate function ကထွက်လာတဲ့ result တွေကို စစ်ဖို့လိုလာပြီဆိုရင်တော့ Having ကိုသုံးရတော့မှာပါပဲ။ ဥပမာ ကုန်လက်ကျန် စုစုပေါင်း ၁၀ ခုထက်နည်းနဲ့ category ကိုကြည့်ချင်တယ်ဆိုရင်။
FROM item
GROUP BY categoryid
HAVING sum(balance) < 10
Result:
categoryID | TotalBalance |
3 | 4 |
Having ကို where လိုမျိုးလဲ column တွေစစ်ဖို့အတွက် သုံးလို့လည်း ရပါတယ်။ category id 1 ရဲ့ totalbalance ကိုပြဖို့အတွက်
FROM item
GROUP BY categoryid
HAVING categoryid = 1
Result:
categoryID | TotalBalance |
1 | 16 |
Leave a Reply