our notes for our youngers

August 11, 2009

basic of C# (part 13)

Filed under: Basic of C# — Tags: , , , , , , — sevenlamp @ 6:07 PM

ဒီနေ့ ကျွန်တော်တို့ looping တွေ အကြောင်း ဆက်ရအောင်။ looping ဆိုတာဘာလဲ…. အလုပ်တစ်ခုကို ထပ်တလဲလဲ လုပ်တာကို loop လိုခေါ်တယ်။ ဥပမာဗျာ ကျွန်တော်က screen မှာ လိုင်း၁လိုင်းမှာ star(*) တစ်လုံးပါတဲ လိုင်း ၁၀လိုင်းရိုက်ပြချင်တယ် ဆိုပါတော့။ ဒါကိုရေးမယ်ဆိုရင် Console.WriteLine(“*”); ဆိုတာကို ၁၀ခါရေးရမှာပေါ့။ ဟုတ်တယ်မလား။ ဒီလို ၁၀ခါမရေးပဲ ၁ခါပဲရေးပြီး အဲ့ဒီ statement ကိုပဲ ၁၀ကြိမ်လုပ်ပေးပါလို့ compiler ကိုခိုင်းချင်ရင် ကျွန်တော်တို့ looping ကိုသုံးရတော့မှာပါ။ C# မှာ looping ၄ မျိုးရှိပါတယ်။

၁။ while

၂။ do – while

၃။ for

၎။ foreach

looping ဆိုရင် တော်တော်များများ သုံးကြတာက for loop ပါ။ looping တွေမှာ looping variable ဆိုတာလေး များသောအားဖြင့်ရှိကြပါတယ်၊ ဥပမာ looping ၁၀ကြိမ်လုပ်မယ်ဆိုရင် လက်ရှိမှာ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာ မှတ်ပေးထားမယ့် variable လေးပေါ့။ looping အလုပ်လုပ်ဖို့အတွက် အဓိက အချက် ၃ချက် သိရပါမယ်။ loopng variable လေး ဘယ်ကစပြီး အလုပ်လုပ်မလဲ ဆိုတဲ့ start ရယ်၊ ဘယ်အချိန်ထိအလုပ်လုပ်မလဲဆိုတဲ့ stop ရယ်၊ ဘယ်လို တိုးသွားမလဲဆိုတဲ့ step ရယ်ပေါ့။ ဒီ၃ချက်ကို for looping မှာ ဒီလိုရေးပါတယ်…

for( start; stop; step )
{
	statements;
}

Example:

for( int i = 1; i<=10;  i++ )
{
	Console.WriteLine(“*”);
}

start ဆိုတာ looping variable လေး စကြေငြာပြီး တန်ဖိုးတစ်ခုထည့်ပေးလိုက်တဲ့ အပိုင်းဖြစ်ပါတယ်။ stop ဆိုတာကတော့ condition တစ်ခုဖြစ်ပြီး၊ အဲ့ဒီ condition မှာ မှန်နေသရွှေ့ looping က အလုပ်လုပ်နေမှာပါ။ step အပိုင်းမှာတော့ looping variable ထဲကို ပြောင်းသွားချင်တဲ့ တန်ဖိုးတခုခုထည့်ပေးရပါတယ်။ အပေါ်က ဥပမာမှာ looping variable ထဲထတန်ဖိုးကို ၁တိုးသွားချင်လို့ i++ လိုရေးတာပါ။ တခါတလေ start အပိုင်းကို looping ရဲ့ အပေါ်မှာလည်း ရေးတာတွေ့ဖူးမှာပါ။ ဒီလိုပါပဲ step ကိုလည်း looping statements တွေထဲမှာ ထည့်ရေးလို့ရပါတယ်။ ဒါဆိုရင် ဒီလိုလေး ဖြစ်သွားမှာပေါ့။

start;
for( ; stop; )
{
	statements;
	step;
}

Example:

int i = 1;
for( ; i<=10; )
{
	Console.WriteLine(“*”);
        i++;
}

အခုရေးပြလိုက်တဲ့ for looping လေးကို while looping နဲ့ ပြောင်းရေးမယ်ဆိုရင်တော့ ဒီလိုဖြစ်သွားပါမယ်။

start;
while ( stop )
{
	statements;
	step;
}

Example:

int i = 1;
while( i<=10 )
{
	Console.Write(“*”);
	i++;
}

ကဲ… အဲ့ဒီ while loop လေးမှာပါတဲ့ while() လေးကို အောက်ကိုပို့ပြီးရေးမယ် ဆိုရင်တော့ do-while လေးက ဒီလိုပုံစံပါ။

start;
do{
	statements;
	step;
}while( stop );

Example:

int i = 1;
do{
	Console.WriteLine(“*”);
	i++;
}while( i<=10 );

do-while looping မှာ condition စစ်တဲ့ အလုပ်ကို နောက်ဆုံးမှာ ရေးလိုက်တော့ condition မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အနည်းဆုံးတစ်ကြိမ်တော့ looping ထဲက statement တွေကို အလုပ်လုပ်သွားမှာပါ။ for loop နဲ့ while loop ကတော့ မှားရင် တစ်ကြိမ်မှ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: