our notes for our youngers

August 12, 2009

basic of C# (part 14)

Filed under: Basic of C# — Tags: , , , , , — sevenlamp @ 11:36 AM

တခါတလေ ကျွန်တော်တို့ Looping တွေထဲမှာ looping variable မပါတာမျိုးလည်း ရှိပါတယ်။ looping ကို အကြိမ်အရေအတွက် အတိအကျ မဟုတ်ပဲ looping variable မပါတဲ့ looping မျိုး သုံးဖို့ လိုလာပြီ ဆိုရင်တော့ while နဲ့ do-while ကိုသုံးလေ့ရှိပါတယ်။ ဥပမာ.. ကျွန်တော်က user ဆီက character တစ်လုံးလက်ခံမယ်၊ ပြီးရင် အဲ့ဒီ character ရဲ့ ASCII value ကိုပြန်ပြီးထုတ်ပြပေးမယ်။ ဒီအလုပ်ကိုပဲ user ကြိုက်သလောက် လုပ်နိုင်တယ်။ မလုပ်ချင်တော့ဘူးဆိုရင် ESC key နှိပ်ပြီးထွက်ရမယ်။ ဟုတ်ပြီနော် ဒီ program လေးရေးကြည့်ရအောင်။

using System;
class forlooptest
{
    static void Main()
    {
        bool stop = false;
        do
        {
            Console.Write("Enter a char to see ASCII value of it (or) press ESC to close.");
            ConsoleKeyInfo cki = Console.ReadKey();
            if (cki.Key != ConsoleKey.Escape)
                Console.WriteLine("\n{0} = {1}\n", cki.Key.ToString(), (int)cki.KeyChar);
            else
                stop = true;
        } while (stop==false);
    }
}

ဒီ program လေးမှာ looping ဆက်လုပ်မလား မလုပ်တော့ဘူးလား ဆိုတာကို stop ဆိုတဲ့ boolean variable လေးနဲ့ ထိန်းထားတယ်။ default value အနေနဲ့ false ထည့်ပေးထားတယ်(program မပိတ်ဖူးလို့ ဆိုလိုတာပေါ့) user ဆီကနေ key တစ်ခုထဲလက်ခံမယ်ဆိုရင် Console.ReadKey() function ကိုသုံးရတယ်။ သူက ConsoleKeyInfo ဆိုတဲ့ structure လေး return ပြန်တယ်။ အဲ့ဒီ ConsoleKeyInfo structure ထဲမှာ Key ဆိုတဲ့ property က user ရိုက်လိုက်တဲ့ ConsoleKey အမျိုးအစားဖြစ်ပြီး၊ KeyChar ကတော့ character ပြန်ထုတ်ပေးတယ်။ ဒါကြောင့် user ရိုက်လိုက်တဲ့ key က Escape နဲ့ မတူဘူးဆိုရင် user ကို output ထုတ်ပြတယ်။ တူတယ်ဆိုရင်တော့ program ပိတ်ဖို့အတွက် stop ထဲကို true ထည့်ပေးလိုက်တယ်။ နောက်ဆုံးမှ while condition မှာ stop ထဲက တန်ဖိုးဟာ false နဲ့ ညီလား စစ်လိုက်တယ်။ ညီရင် looping ကို နောက်တစ်ခေါက်ပြန်လုပ်မယ်။ မညီဘူးဆိုရင် program ပိတ်သွားမှာပါ။

foreach looping
foreach looping ကို collection(အစုအဝေး) တစ်ခုအတွင်းမှာ ရှိသလောက် အားလုံး လုပ်ချင်တယ်ဆိုရင် သုံးလေ့ရှိပါတယ်။ array ထဲမှာ ရှိသလောက်လုပ်ချင်တယ်၊ class ထဲက property တွေအားလုံးလုပ်ချင်တယ်၊ ဒီလို အခြေအနေမျိုးမှာ foreach loop ကိုသုံးပါတယ်။ ဥပမာ.. ကျွန်တော့် ဘလော့ကို လာကြည့်တဲ့ သူငယ်ချင်းတွေ အားလုံးကို တစ်ယောက် laptop တစ်လုံး လက်ဆောင်ပေးချင်တယ် ဆိုရင် foreach ကိုသုံးပြီး ဒီလို ရေးရမှာပါ..😀

foreach( People p in myBlog.visitors )
{
	p = “a laptop”;
}

foreach ကိုသုံးလိုက်ခြင်းအားဖြင့် ကျွန်တော့ ဘလော့ကို လာကြည့်တဲ့သူ ဘယ်လောက်ရှိလဲ ဆိုတာကို သိနေစရာ မလိုတော့ပါဘူး။ visitor မကုန်မချင်း ဒီ looping က အလုပ်လုပ်မှာပါ။ foreach looping မှာတော့ start တွေ stop တွေ step တွေ မလိုပါဘူး။ in keyword ရဲ့ ရှေ့မှာ colletion အတွင်းမှာ ရှိတဲ့ value တွေရဲ့ datatype ကိုကြေငြာရပြီး in ရဲ့ နောက်မှာတော့ collection name ကိုပေးရပါတယ်။ အခု foreach ကိုသုံးပြီး program လေးတစ်ခု ရေးကြည့်ရအောင်။ ကျွန်တော်က user ဆီက စာကြောင်းတစ်ကြောင်းလက်ခံမယ်။ ပြီးရင် အဲ့ဒီ စာကြောင်းထဲမှာ ရှိတဲ့ character တွေရဲ့ ASCII value ကို ပြန်ပြီး ပြမယ်။

using System;
class forlooptest
{
    static void Main()
    {
            string st;
            Console.Write("Enter a string : ");
            st = Console.ReadLine();
            foreach (char c in st)
            {
                Console.WriteLine("{0} = {1}", c, (int)c);
            }
            Console.Read();
    }
}

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: