our notes for our youngers

September 3, 2009

basic of C# (part 18)

Filed under: Basic of C# — Tags: , , , , — sevenlamp @ 5:29 PM

Enumeration ကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့ ကိုယ်ပိုင်data type တွေဆောက်ပြီး သုံးလို့ရလာပါမယ်။ enumeration သုံးတာ ဘာပိုကောင်းလာလဲ အတိအကျတော့ မသိဘူးဗျ။ ကျွန်တော်စိတ်ထင်တော့ enumeration သုံးလိုက်ခြင်းအားဖြင့် ၁။ memory ပေါ်မှာ နေရာယူတဲ့ size သေးသွားမယ်၊ ၂။ project တစ်ခုကို develop လုပ်တဲ့ programmer တွေ ကြားထဲမှာ standardized ဖြစ်သွားမယ် ( ဥပမာ.. developer တစ်ယောက်က Sunday လို့ပေါင်းရင်ပေါင်းမယ်၊ နောက်တစ်ယောက်က SUNDAY လို့ပေါင်းမယ်၊ တခြားတစ်ယောက်က sun လို့ပဲ ပေါင်းရင်ပေါင်းမယ်၊ enum defined လုပ်လိုက်ခြင်းအားဖြင့် ဒါမျိုးကိစ္စတွေ မရှိနိုင်တော့ဘူး ပေါ့ )။
Enumeration သုံးရင် ကျွန်တော်တို့က data type တစ်မျိုးထဲပဲ သုံးလို့ရတယ်။ integer ဆို integer, byte ဆို byte ပေါ့၊ record တစ်ခုပုံစံမျိုး data type အစုံသိမ်းချင်ရင်တော့ enum အစား structure ဆောက်ပြီးသုံးကြပါတယ်။ (ဆိုင်မဆိုင်တော့ မသိဘူး တွဲပြီးပြောလိုက်တာ :P) ဥပမာ.. ကျွန်တော်က ကျောင်းသားတစ်ယောက်ရဲ့ data တွေသိမ်းချင်တယ်ဆိုရင် သိမ်းမယ့် data တွေထဲမှာ roll (int), name (string), mark (int) စတာတွေ ပါမယ်ဗျာ။ ဒါဆိုရင် enum သုံးလို့ မရတော့ဘူး၊ structure ဒါမှမဟုတ် class ကိုသုံးရတော့မယ်။ structure နဲ့ class က အဓိက value type နဲ့ reference type ပဲကွာသွားတာ။ ကျန်တာအားလုံး အတူတူနီးပါးပဲ။ example program လေးကြည့်ရအောင်။

using System;
struct Student
{
    public int roll;
    public string name;
    public int mark;
}
class structuretest
{
    static void Main()
    {
        Student s1;
        s1.roll = 1; s1.name = "Ag Ag"; s1.mark = 90;
        Student s2 = s1;
        s2.roll = 2; s2.name = "Mg Mg";
        Student s3 = new Student();
        s3.roll = 3; s3.name = "Zw Zw"; s3.mark = 80;

        Console.WriteLine("\nRoll : {0} \nName : {1} \nMark : {2}", s1.roll, s1.name, s1.mark);
        Console.WriteLine("\nRoll : {0} \nName : {1} \nMark : {2}", s2.roll, s2.name, s2.mark);
        Console.WriteLine("\nRoll : {0} \nName : {1} \nMark : {2}", s3.roll, s3.name, s3.mark);
        Console.Read();
    }
}

ပြန်ရှင်းရအောင်

struct Student
{
    public int roll;
    public string name;
    public int mark;
}

ဒါက Student ဆိုတဲ့ user defined type တစ်ခု create လုပ်တာပါ။ ဒီလိုရေးလိုက်ခြင်းအားဖြင့် compiler က Student ဆိုတာမှာတော့ integer အမျိုးအစား variable နှစ်ခုရယ်၊ string တစ်ခုရယ် ပါတယ်ဆိုတာ သိသွားပါပြီ။ variable တွေရဲ့ရှေ့မှာ public လို့ရေးတာကတော့ အဲ့ဒီ variable တွေကို structure ရဲ့ အပြင်ဘက် တခြားနေရာကနေ ခေါ်သုံးခွင့်ပြုတာပါ။
ပြီးတော့ Main function ထဲမှာ ကျွန်တော်က ကျောင်းသား ၃ယောက်ရဲ့ data သိမ်းချင်တယ် ဆိုတော့ Student variable ၃ ခုကြေငြာရမှာပေါ့။ ဒါကြောင့် ကျွန်တော်က s1, s2 နဲ့ s3 ဆိုပြီး ကြေငြာလိုက်ပါတယ်။

Student s1;

ဆိုပြီး ကြေငြာလိုက်တာနဲ့ ကျွန်တော်တို့ စက်ရဲ့ memory ပေါ်မှာ Student အမျိုးအစား data တွေသိမ်းလို့ရမယ့် နေရာတစ်ခု ဆောက်ပေးသွားပါတယ်။ အဲ့ဒီ နေရာထဲမှာ roll, name, mark တို့ သိမ်းဖို့နေရာပါ ပါပြီးသားပါ။

s1.roll = 1; s1.name = "Ag Ag"; s1.mark = 90;

ပြီးတော့မှ ကျွန်တော်က အဲ့ဒီထဲကို 1, “Mg Mg”, 90 တို့ကို ထည့်လိုက်ပါတယ်။ Student အမျိုးအစား s1 ထဲမှာ ရှိတဲ့ variable တွေကို ပြန်ခေါ်ချင်တာဖြစ်လို့ s1(dot)variable name ဆိုပြီး ရေးရပါတယ်။

Student s2 = s1;

နောက်ထပ် s2 ကို ကြေငြာတဲ့နေရာမှာတော့ s1 ထဲက တန်ဖိုးတွေကိုပါ s2 ထဲကို ထည့်လိုက်ပါတယ်။ ဒါဆိုရင် s2 ထဲမှာ ရှိတဲ့ roll, name နဲ့ mark မှာ s1 ထဲက တန်ဖိုးတွေ ရောက်ပြီးသားဖြစ်သွားပါတယ်။

s2.roll = 2; s2.name = "Mg Mg";

ပြီးတော့မှ s2 ရဲ့ roll နဲ့ name ကို ပြန်ပြင်လိုက်ပါတယ်။ အမှတ်ကိုတော့ မပြင်လိုက်ပါဘူး။ ဒီလိုပြင်လိုက်ခြင်းအားဖြင့် နဂိုတန်ဖိုးဖြစ်တဲ့ s1 ထဲမှာ ပြောင်းသွားမလား? Structure က value type ဖြစ်လို့ s1 ထဲမှာ လိုက်ပြီး ပြောင်းသွားမှာ မဟုတ်ပါဘူး။

Student s3 = new Student();
s3.roll = 3; s3.name = "Zw Zw"; s3.mark = 80;

s3 ထပ်ကြေငြာတယ်၊ တန်ဖိုးထည့်ပါတယ်။ ဒီနေရာမှာ s3 ကို new Student() ဆိုပြီး object ဆောက်ပေးထားတာ တွေ့မှာပါ။ ကျွန်တော်တို့ structure ကို object ဆောက်ပြီးတော့ ဖြစ်ဖြစ် မဆောက်ပဲနဲ့ ဖြစ်ဖြစ် ကြိုက်သလိုသုံးလို့ရပါတယ်။ object ဆောက်ပေးရင် structure ထဲက variable တွေကို default value assign လုပ်ပေးသွားမှာဖြစ်ပြီးတော့၊ object မဆောက်ပဲသုံးရင်တော့ default value assign မလုပ်ပေးပါဘူး။ ဒါဆို default value ကဘာတွေလဲ? ဟုတ်ကဲ့ number တွေဆို default value က 0 ပါ။ string အတွက်ကတော့ null ပေါ့။

ဒီ program လေးကို ရိုက်ပြီး run ကြည့်လိုက်ပါဦး။

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: