our notes for our youngers

September 4, 2009

basic of C# (part 19)

Filed under: Basic of C# — Tags: , , , — sevenlamp @ 9:57 AM

ကျွန်တော်တို့ မနေ့က ရေးခဲ့တဲ့ structure test program လေးနဲ့ပဲ ဆက်ပြီး ပြောရအောင်ဗျာ။ structure ကိုသုံးခြင်းအားဖြင့် ကျွန်တော်တို့ record တွေသိမ်းလို့ ရတယ်ဆိုတာ သိခဲ့ပါပြီ။ structure ဟာ object-oriented programming မှာ အခြေခံအကျဆုံး အပိုင်းဖြစ်တဲ့ class တွေဖြစ်ပေါ်လာဖို့ ကနဦး အစပါပဲ။ structure က value type ပါ။ ဒါကြောင့် OOမှာ သုံးလို့ အဆင်မပြေပါဘူး။ ဒီအခါမှာ structure ပုံစံအတိုင်း reference type အနေနဲ့ သုံးနိုင်မယ့် class ကို နောက်ပိုင်းမှာ အသုံးတွင်ကျယ်လာပါတယ်။ OOP မှာ အဓိကအကျဆုံးကတော့ class တွေပါပဲ။ ဟုတ်ပြီ၊ class တစ်ခုမှာ အခြေခံအားဖြင့်တော့ data member တွေနဲ့ member function တွေပါလေ့ရှိပါတယ်။ member data တွေဟာ သက်ဆိုင်ရာ classရဲ့ ၀ိသေသ လက္ခဏာတွေကို ကိုယ့်စားပြုပြီးတော့၊ member function တွေကတော့ အဲ့ဒီ classရဲ့ လုပ်ဆောင်ချက်တွေပါ။ ဥပမာအားဖြင့် People ဆိုတဲ့ class တစ်ခုမှာ အမည်(name)၊ အသက်(age) စသည်တို့ဟာ member data တွေ ဖြစ်ကြပြီး၊ စားသည်(eat())၊ အိပ်သည်(sleep()) စသည်တို့ကတော့ member function တွေ ဖြစ်ကြမှာပါ။

class People
{
	string name;		// member data
	int age;		// member data
	void  eat()		// member function
	{
		// eat something…
	}
	void sleep()		// member function
	{
		// sleep at night.
	}
}

အခုကျွန်တော် ရေးလိုက်တဲ့ People class ကို datatype class လို့ ခေါ်ပါတယ်။ မနေ့က program လေးကို class အနေနဲ့ ပြန်ပြီး ရေးကြည့်ရအောင်။

class Student
{
	public int roll;
	public string name;
	public int mark;
	public void Display()
	{
		Console.WriteLine(“\n Roll : {0} \n Name : {1} \n Mark : {2}”,
			roll, name, mark);
	}
}
class StudentTest
{
	static void Main()
	{
		Student s1 = new Student();
		s1.roll = 1; s1.name = “Ag Ag”; s1.mark = 90;
		Student s2 = new Student();
		s2.roll = 2; s2.name = “Zw Zw”; s2.mark = 88;
		Student s3 = s2;
		s3.roll = 3; s3.name = “Ma Ma”;
		// display 
		s1.Display();
		s2.Display();
		s3.Display();
		Console.Read();
	}
}

OUTPUT :

1       Ag Ag                90

3       Ma Ma                88

3       Ma Ma                88

ဒီ program လေးကို အသေးစိတ်ပြန်ရှင်းပြပါ့မယ်။ ပထမဆုံး data type class (Student) လေး ဆောက်ပါတယ်။ member data အနေနဲ့ roll၊ name နဲ့ mark တို့ပါပြီး။ student information တွေ ပြန်ထုတ်ပြပေးဖို့ Display ဆိုတဲ့ member function တစ်ခုပါပါတယ်။ student class ထဲက member တွေ အားလုံးရဲ့ ရှေ့မှာ public ဆိုတဲ့ keyword လေးရေးထားတာ တွေ့မှာပါ၊ class တစ်ခုအတွင်းမှာ member တွေ ကြေငြာရင် default က private ပါ။ ဆိုလိုတာကတော့ သက်ဆိုင်ရာ class အတွင်းမှာပဲ သုံးခွင့်ရှိပြီး အပြင်(တခြား class တွေ) ကနေ ခေါ်သုံးလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ အခုကျွန်တော်က public လုပ်ပေးလိုက်တဲ့ အတွက် ကြိုက်တဲ့ နေရာကနေ ခေါ်သုံးခွင့်ရှိသွားပါတယ်။ ဟုတ်ပြီ။ အခုကျွန်တော်တို့ program လေးကို run ဖို့ အတွက် Main function ပါတဲ့ run class တစ်ခု ထပ်ဆောက်ပါတယ်။ Main function အတွင်းမှာ ပထမဆုံး ကျောင်းသားတစ်ယောက်ရဲ့ information သိမ်းဖို့အတွက် Student အမျိုးအစား variable a ကို ကြေငြာပြီး object ဆောက်ပေးပါတယ်။ class တွေဟာ reference data type ဖြစ်တဲ့ အတွက် variable ကြေငြာရုံနဲ့ တန်ဖိုးသိမ်းလို့ မရသေးပါဘူး။ ဒါကြောင့် တန်ဖိုးတကယ် သိမ်းနိုင်ဖို့အတွက် object ဆောက်ပေးရပါတယ်။ ရှုပ်သွားပြီထင်တယ်😀
ကျွန်တော်တို့ memory မှာ stack အပိုင်းနဲ့ heap အပိုင်း ဆိုပြီး အပိုင်း၂ပိုင်းရှိတယ်ဗျ။ value type variable တွေကို stack အပိုင်းမှာပဲ သိမ်းလေ့ရှိတယ်။ ဒါကြောင့် မနေ့က သိမ်းခဲ့တဲ့ Student အမျိုးအစား s1, s2, s3 တို့က structure (value type) ဖြစ်တဲ့အတွက် stack အပိုင်းမှာ နေရာယူသွားပါတယ်။ အဲ့ဒီနေရာမှာပဲ တန်ဖိုးကို တကယ်သိမ်းပါတယ်။ class ကတော့ မတူပါဘူး။ သူက stack ရယ် heat ရယ် ခွဲပြီးနေရာယူပါတယ်။ object reference(variable) ကို stack မှာ သိမ်းပြီး၊ real object ကိုတော့ heat မှာ သိမ်းပါတယ်။ structure နဲ့ class တို့ memory ပေါ်မှာ နေရာယူပုံကို ပုံလေး ဆွဲပြပေးထားပါတယ်၊ ပုံကြည့်လိုက်ရင် နည်းနည်းနားလည်သွားမယ် ထင်ပါတယ်။


Structure မှာ သိမ်းသွားတဲ့ ပုံကတော့ ရှင်းပါတယ် ကျွန်တော်တို့ class မှာ သိမ်းသွားတဲ့ ပုံကိုပဲ ကြည့်ရအောင်။ ကျွန်တော်ပြောခဲ့သလိုပဲ class ကို variable ကြေငြာလိုက်လို့ ရလာတဲ့ နေရာမှာ value တွေသိမ်းလို့မရပါဘူး၊ reference တွေပဲ သိမ်းလို့ ရပါတယ်။ value တကယ်သိမ်းနိုင်ဖို့အတွက်တော့ ကျွန်တော်တို့က new operator သုံးပြီး object ဆောက်ပေးရပါတယ်။ အဲ့ဒီလို new နဲ့ ဆောက်လိုက်တဲ့ object တွေဟာ heap memoryထဲမှာ နေရာသွားယူပါတယ်။ ဒါကြောင့် Student s3 က object မဆောက်ထားပါဘူး၊ class variable ပဲ ကြေငြာထားပါတယ်။ ဒါကြောင့် s3 အတွက် ကိုယ်ပိုင် object မရှိပါဘူး။ s3 ထဲကို s2 ကိုထည့်လိုက်ပါတယ်။ ဒီနေရာမှာ s2 ထဲမှာ ဘာရှိလဲ ကျွန်တော်တို့ ပြန်ကြည့်တော့ s2 ကြေငြာထားတဲ့ နေရာမှာ memory address (f002) ပဲ ရှိပါတယ်။ ဒါကြောင့် s3 ထဲကိုလည်း f002 ပဲ ရောက်သွားမှာပါ။ ဒါဆို s3 ကလည်း memory address f002 ရှိနေတဲ့ နေရာက object ကိုပဲ သွားပြီး point လုပ်ပါတယ်။ ဒါကြောင့် s2 နဲ့ s3 ၂ ခုလုံးက object တစ်ခုထဲကိုပဲ point ထားကြပါတယ်။ ဒါကြောင့် s3 ထဲကိုထည့်လိုက်တဲ့ roll 3 နဲ့ name “Ma Ma” ဟာ s2 ကို ရိုက်ထုတ်တဲ့ နေရာမှာပါ ပေါ်လာရခြင်းဖြစ်ပါတယ်။ တော်တော်လေးတော့ ရှုပ်သွားမယ်ထင်တယ်။ ကျွန်တော် စာအရေးအသား ညံ့တော့ သေသေချာချာ နားလည်အောင် မရှင်းပြနိုင်လို့ပါ။

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: