our notes for our youngers

September 15, 2009

ADO.NET in C# (part 2)

Filed under: ADO in Window Application — Tags: , , , , — sevenlamp @ 9:42 AM

ကဲ မနေ့က ကျွန်တော်တို့ categoryDataSet ဆောက်ခဲ့ပြီးပြီဆိုတော့ အခုကျွန်တော်တို့ datagrid မှာ ပြဖို့ လုပ်ရအောင်။ အရင်ဆုံး window form တစ်ခုယူလိုက်ပါ၊ နာမည်ကိုတော့ CategoryList လို့ ပေးလိုက်ပါ။ အဲ့ဒီ form ထဲကို ပုံမှာ ပြထားတဲ့ အတိုင်း label တစ်ခု၊ button တစ်ခုနဲ့ datagrid တစ်ခုထည့်လိုက်ပါဦး။ control တွေမှာ ပြင်ရမယ့် property setting ကိုလည်း ပြထားပါတယ်။
1ပုံ (၁)

Datagrid ကို click နှိပ်လိုက်ရင် ညာဖက်အပေါ်ဒေါင့်မှာ arrow icon လေးတစ်ခုတွေ့ရပါလိမ့်မယ်။ အဲ့ဒါလေးကို နှိပ်လိုက်ရင် datasource ရွေးဖို့ combobox လေးကိုတွေ့မှာပါ။ အဲ့ဒီ combobox လေးကို နှိပ်ပြီး ဒီ form လေးမှာ ရှိနေတဲ့ datasource တွေကိုရွေးလို့ရပါတယ်။ အခုကျွန်တော်တို့က datasource မထည့်ရသေးလို့ ဘာမှ တွေ့ရမှာမဟုတ်ပါဘူး။ datasource တစ်ခု create လုပ်ဖို့နည်းလမ်း ၂ခုရှိပါတယ်။ နည်းလမ်း (၁) က အောက်က ပုံ (၂) မှာ ပြထားသလို combobox ထဲမှာ အဆင့်ဆင့်သွားပြီး ကျွန်တော်တို့ ဆောက်ထားတဲ့ CategoryDataSet ထဲက category table လေးကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် ပုံ (၃) မှာ ပြထားသလို categoryBindingSource object, categoryDataSet object နဲ့ categoryTableAdapter တို့ကို ဆောက်ပေးသွားပါလိမ့်မယ်။ datagrid မှာလည်း category table ထဲက column တွေ ပေါ်လာတာ တွေ့ရမှာပါ။ ဒါဆိုရင် datagrid နဲ့ dataset ချိတ်တဲ့ အပိုင်းပြီးသွားပါပြီ။ အခု ဒီ program လေးကို run လိုက်ရင် data တွေပေါ်လာပြီလား။ မပေါ်ဘူးနော်… ဘယ်ပေါ်မလဲ category table ထဲမှာ data မှ မရှိတာကိုး😀
2

ပုံ (၂)

3ပုံ (၃)

ကဲ အခု ကျွန်တော်တို့ dataset နဲ့ ချိတ်ဆက်မှု ပြီးသွားပြီ ဆိုတော့။ data အသွင်းအထုတ်လုပ်လို့ ရပါပြီ။ ဒီလိုလုပ်လို့ ရဖို့အတွက် အရင်ဆုံး ပုံ (၃)မှာ ပြထားသလို datagrid မှာ Enable Adding, Enable Editing နဲ့ Enable Deleting တို့ကို check လုပ်ပေးခဲ့ရပါမယ်။ အခု ကျွန်တော်တို့ လုပ်ရမှာက program ကို run လိုက်ပြီး category တွေထည့်ရပါမယ်။ ဒီလိုထည့်တဲ့ အခါမှာ categoryID ကို ထည့်ပေးစရာ မလိုပါဘူး။ primary key ဖြစ်တဲ့ categoryID ကို autoincrement လုပ်ထားတဲ့ အတွက် ကျွန်တော်တို့ data ဖြည့်ပေးစရာ မလိုပါဘူး။ save လုပ်ရင် အလိုလိုထည့်ပေးသွားပါလိမ့်မယ်။ အခုကျွန်တော်တို့ data ဖြည့်ပြီးလို့ database ထဲကို သိမ်းတော့မယ်ဆိုရင် update button ကိုနှိပ်ပါ့မယ်။ ဒါဆို update button ရဲ့ click event မှာ dataset ထဲက data တွေကို database ထဲသွားသိမ်းဖို့ အတွက် code ရေးပေးရပါမယ်။ ကျွန်တော်တို့ အခု datagrid ထဲမှာ ထည့်နေတဲ့ data တွေက memory ပေါ်က categoryDataSet ထဲမှာ ရှိနေပါတယ်။ အဲ့ဒီ data တွေကို database ထဲရောက်ဖို့အတွက် Adapter ကနေတဆင့် Update function ကိုခေါ်ရမှာပါ။ မခေါ်ခင်အရင်ဆုံး datagrid နဲ့ ချိတ်ထားတဲ့ datasource ကို ပြင်နေတာ ပြီးပါပြီလို့ ပြောပေးရပါမယ်။ ဒီလိုမျိုးပါ…

private void button1_Click(object sender, EventArgs e)
{
        this.categoryBindingSource.EndEdit();
      	this.categoryTableAdapter.Update(this.categoryDataSet.Category);
}

အခု ကျွန်တော်ခေါ်လိုက်တဲ့ update function က dataset ဆောက်တုန်းက compiler က auto ဆောက်ပေးသွားတဲ့ function ဖြစ်ပါတယ်။
4ပုံ (၄)
5ပုံ (၅)

ပုံ (၄) မှာ ပြထားတဲ့ အတိုင်း ကျွန်တော် category ၂ကြောင်းဖြည့်လိုက်ပါတယ်။ categoryID က -1 နဲ့ -2 ဆိုပြီး temporary assign လုပ်ပေးသွားပါတယ်။ update button ကို နှိပ်ပြီး update လုပ်လိုက်ပြီးတဲ့ အချိန်မှာတော့ ပုံ(၅) အတိုင်း ဖြစ်သွားမှာပါ။ categoryID က database ထဲကအတိုင်း refresh ဖြစ်သွားပါတယ်။ program ကို ပိတ်ပြီး ပြန်ဖွင့်တဲ့ အခါမှာလည်း ဒီအတိုင်းပဲ ပေါ်နေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ form_load event မှာ ရေးထားတဲ့ ဒီ code ကြောင့်ပါ။

private void CategoryList_Load(object sender, EventArgs e)
{
      this.categoryTableAdapter.Fill(this.categoryDataSet.Category);
}

ဒီ code ကို ကျွန်တော်တို့ datagrid နဲ့ dataset ထဲက table နဲ့ ချိတ်လိုက်တဲ့ အချိန်မှာ auto ရေးပေးသွားတာပါ။ dataset ထဲမှာ ရှိတဲ့ categoryTableAdapter ထဲမှာ ကျွန်တော်တို့ရေးခဲ့တဲ့ Fill function ကိုသုံးပြီး dataset ထဲက category table ထဲကို data ဖြည့်ပေးပါတယ်။ table ထဲမှာ dataရှိသွားတဲ့ အတွက် table နဲ့ ချိတ်ထားတဲ့ datagridview မှာပါ data တွေ ပေါ်လာတာပါ။ အဲ့ဒီ formload event ထဲက data fill လုပ်တဲ့ code ကို comment ပိတ်ပြီး ပြန် run ရင် data ပေါ်မှာ မဟုတ်တော့ပါဘူး။ အိုကေ ဒီလောက်ဆိုရင် object datasource သုံးပြီး datagridview နဲ့ data အသွင်းအထုတ်လုပ်တာ နားလည်ပြီထင်ပါတယ်။

1 Comment »

  1. How to populate data in text box by using combo box.Says, Chose ID in Combo Box, then Name, Add, City, Contact no and etc will be shown in respective text box control. If you have time, please show me.

    Comment by Ko Thet — October 22, 2009 @ 8:21 PM


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a free website or blog at WordPress.com.

%d bloggers like this: