our notes for our youngers

October 14, 2009

basic of ASP.NET (part 2)

Filed under: Basic of ASP.NET — sevenlamp @ 10:53 AM

EVENT HANDLING

ဒီနေ့ ကျွန်တော်တို့ ASP.NET ရဲ့ event တွေ အလုပ်လုပ်ပုံကို လေ့လာလိုက်ရအောင်။ ASP.NET မှာ server-side event အမျိုးအစား ၃ မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့…

၁) Page Events ( Page_Load, Page_Init, …. )

၂) Cache Events (TextChanged, CheckedChanged, … )  နဲ့

၃) Post-Back Events (Button1_Click) တိုဖြစ်ပါတယ်။

Server-side event တွေက အပေါ်မှာ ပြထားတဲ့ အတိုင်းပဲ အစီအစဉ်လိုက် အလုပ်လုပ်ပါတယ်။ server side ကိုရောက်တာနဲ့ အရင်ဆုံး Page Events တွေက အရင်လုပ်ပါတယ်။ ပြီးရင် cache events တွေရှိရင် cache events တွေ လုပ်ပါတယ်။ နောက်ဆုံးမှ Post-Back event က အလုပ်လုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သိထားရမှာက web application မှာ button ကိုနှိပ်လိုက်ရင် အရင်ဆုံး အလုပ်လုပ်သွားမှာက အဲ့ဒီ button ရဲ့ click event မဟုတ်ဘူး ဆိုတာပါပဲ။ example program လေး တစ်ခုလောက် ကြည့်လိုက်ပါ။ ရှင်းသွားမှာပါ။ web from လေး တစ်ခု ယူပြီး TextBox တစ်ခုနဲ့ Button တစ်ခု ထည့်လိုက်ပါ။

<body><form id=”form1″ runat=”server”>

<asp:TextBox ID=”TextBox1″ runat=”server” ontextchanged=”TextBox1_TextChanged”> </asp:TextBox>

<asp:Button ID=”Button1″ runat=”server” onclick=”Button1_Click” Text=”Button” />

</form>

</body>

ပြီးရင် TextBox အတွက် TextChanged Event နဲ့ Button အတွက် ButtonClick Event ကို cs file မှာ သွားရေးပါမယ်။ Page_Load event မှာလည်း အောက်မှာ ပြထားတဲ့ အတိုင်း ရေးလိုက်ပါ။

protected void Page_Load(object sender, EventArgs e)
{
       Response.Write("--Page_Load--");
}
protected void TextBox1_TextChanged(object sender, EventArgs e)
{
       Response.Write("--TextBox1_TextChanged--");
}
protected void Button1_Click(object sender, EventArgs e)
{
       Response.Write("--Button1_Click--");
}

အိုကေ.. ဒါဆိုရပါပြီ အရင်ဆုံး run ကြည့်လိုက်ပါတယ်။ browser မှာ ဘာတွေ ပေါ်လာမလဲ။ –Page Load– ဆိုတဲ့ စာသား ပေါ်လာမှာပါ။ ဘာလို့လဲ ဆိုတော့ page ပေါ်ဖို့အတွက် server side ကို ပထမဆုံး request လုပ်တဲ့ အခါ page load event ဖြစ်သွားလို့ပါ။ အခု textbox မှာ စာရိုက်ကြည့်ပါ။ ကျွန်တော်တို့ ရေးထားတဲ့ Textchanged event ဖြစ်လား။ မဖြစ်ပါဘူး။ ဘာလို့လဲ ဆိုတော့ textchange event က cache event အမျိုးအစားဖြစ်တာကြောင့် server side ကို post back မပြန်မခြင်း အလုပ်မလုပ်ပါဘူး။ ပြီးတော့မှာ button လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ server side ကို postback ပြန်သွားပါလိမ်မယ်။ buton click လုပ်လိုက်ပေမယ့် click event ကို အရင်လုပ်မှာ မဟုတ်ပါဘူး။ ပထမဆုံး PageLoad ပဲ အရင်လုပ်မှာပါ။ နောက် ခုနတုန်းက cache လုပ်ထားတဲ့ TextChanged Event ဆက်လုပ်ပါတယ်။ နောက်ဆုံးမှ PostBack event ဖြစ်တဲ့ Button Click အလုပ်လုပ်သွားတာ တွေ့ရမှာပါ။ ဒါကြောင့် page မှာ ဒါမျိုး ပေါ်သွားမှာပါ။

–Page_Load—-TextBox1_TextChanged—-Button1_Click–

Leave a Comment »

No comments yet.

RSS feed for comments on this post. TrackBack URI

Leave a comment

Create a free website or blog at WordPress.com.