our notes for our youngers

November 6, 2009

Basic Window Application (Part 1)

Filed under: Window Form Application — Tags: , , , , — sevenlamp @ 5:03 PM

Event

Window Form Application တွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ သိဖို့လာလိုလာတာက Event ဆိုတာလေးပါ။ ဟုတ်ပြီ… Event ဆိုတာဘာလဲ? Event ဆိုတာကို အလွယ်ပြောရရင် အဖြစ်အပျက်တစ်ခုလို့ ပြောရပါမယ်။ အပြင်လောကမှာ မိုးရွာတယ်၊ မိုးချိန်းတယ်၊ လေတိုက်တယ်၊ အုန်းသီးကြွေတယ်😀 စသည်ဖြင့်ပေါ် အဲ့ဒီလို ဖြစ်သွားတာတွေ အားလုံးကို Event လို့ ပြောလို့ ရမယ်ထင်ပါတယ်။ ကျွန်တော်တို့ Programming မှာ လည်း user ရဲ့ လုပ်ဆောင်မှုပေါ်မူတည်ပြီး ဖြစ်ပျက်သွားတာတွေ အားလုံးကို Event လို့ခေါ်ပါတယ်။ User က Window Form ပေါ်မှာ Mouse ကို နှိပ်လိုက်ရင် နှိပ်တယ် ဆိုတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဒီလိုပါပဲ Form ကြီးကို ပိတ်လိုက်ရင်လည်း Form ပိတ်တယ်ဆိုတဲ့ အဖြစ်အပျက်ဖြစ်သွားပါတယ်။ အဲ့ဒီလိုမျိုး User ရဲ့ action တိုင်း အတွက် Event တွေဖြစ်နေပါတယ်။ အဲ့ဒီလို Event တွေ ဖြစ်သွားတဲ့ အချိန်မှာ ကျွန်တော်တို့ programmer တွေက user တွေကို ပြန်ပြီး ပေးချင်တဲ့ response တွေ ရှိလာပြီဆိုရင်တော့ အဲ့ဒီ အတွက် Coding တွေ ရေးပေးရပါမယ်။ ( ဥပမာ user က form ကို click လုပ်ရင် Hello လို့ user ကို ပြချင်တယ်။ ဒါမှမဟုတ် form ပေါ်မှာ mouse ရွှေ့ရင် mouse pointer ရဲ့ location လေး ပြချင်တယ်။ စသည်ဖြင့်ပေါ..)။ အဲ့ဒီလို ရေးဖို့ လုပ်တာကို Event Handling လုပ်တယ်လို့ ခေါ်ပါတယ်။ Event ကို Handle လုပ်တာကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ကုဒ်တွေ မရေးခင် အရင်ဆုံး ဘယ် event မှာ ရေးရမှာလဲ ဆိုတာကို ခွဲခြားရွေးနိုင်ဖို့ လိုပါတယ်။ ကျွန်တော်က Mouse_Click Event မှာ ရေးရမယ် ကုဒ်ကို Key_Press Event မှာ သွားရေးရင် Mouse နှိပ်တဲ့အခါ အလုပ်လုပ်မှာ မဟုတ်ပါဘူး။

အခုကျွန်တော်တို့ window form ရဲ့ event လေးတွေကို နည်းနည်း လေ့လာလိုက်ရအောင်။ Form မှာ ပထမဆုံး သိဖို့လိုတဲ့ event က Load Event ပါ။ ကျွန်တော်တို့ Form object ကို memory ပေါ်ဆွဲတင်တဲ့ အချိန်မှာ form load event ဖြစ်ပါတယ်။ form load event က form ကြီး screen မှာ မပေါ်ခင်ဖြစ်တာ ဖြစ်တဲ့အတွက်ကြောင်း form မှာ initialize လုပ်ဖို့ လိုတဲ့ အပိုင်းတွေကို form load ထဲမှာ ရေးပေးလေ့ရှိတယ်။ ဥပမာ.. ကျွန်တော်က form ပေါ်လာတာနဲ့ form background color ကို random color လေး ဖြစ်စေချင်တယ်ဆိုရင် form load event ထဲမှာ ဒီလိုလေး ရေးပေးရမှာပါ….

private void Form1_Load(object sender, EventArgs e)
{      
        Random rnd = new Random();      
        this.BackColor = Color.FromArgb(rnd.Next(256), rnd.Next(256), rnd.Next(256));
}

ဒီလိုပါပဲ.. form ကြီး ပေါ်နေတဲ့ အချိန်မှာ form ပေါ်မှာ click နှိပ်တိုင်းမှာလည်း ကာလာပြောင်းနေချင်တယ် ဆိုရင် Form ရဲ့ Click Event မှာပါ သွားရေးပေးရမှာပါ။

private void Form1_Click(object sender, EventArgs e)
{
        Random rnd = new Random();      
        this.BackColor = Color.FromArgb(rnd.Next(256), rnd.Next(256), rnd.Next(256));
}

အခုကျွန်တော်က form ကို user က ပိတ်လိုက်တဲ့ အချိန်မှာ user ကို ပိတ်မှာ သေချာလားဆိုပြီး confirm message လေး မေးချင်တယ်ဆိုပါတော့… ဒါဆိုရင် ဘယ်မှာ ရေးရမှာလဲ ? ဟုတ်ကဲ့ Form ရဲ့ FormClosing Event မှာ ရေးရပါမယ်။ ဒီလိုမျိုးပါ…

Pic_1

private void Form1_FormClosing(object sender, FormClosingEventArgs e)
{     
       DialogResult res = MessageBox.Show("Sure to close?", "Confirm...",
                         MessageBoxButtons.YesNo, MessageBoxIcon.Warning);
       if (res == DialogResult.No)
               e.Cancel = true;
}

MessageBox class ထဲက show function လေးကို ခေါ်လိုက်ရင် ကျွန်တော်တို့ form ပေါ်မှာ dialog form လေး တစ်ခု ပြပေးပါတယ်။ dialog form ဆိုတာက အဲ့ဒီ form ပေါ်နေရင် တခြား form တွေကို အလုပ်ဆက်လုပ်လို့ မရပါဘူး။ အဲ့ဒီ dialog form ပိတ်သွားမှ အလုပ်ဆက်လုပ်လို့ ရပါတယ်။ အဲ့ဒီ MessageBox form လေးရဲ့ Show function မှာ အဓိက parameter ၄ ခု ပေးလို့ ရပါတယ်။

၁ – ပေါ်ချင်တဲ့ Message ( here : Sure to close? )
၂ – Title bar Text ( here : Confirm… )
၃ – ပေါ်ချင်တဲ့ Button အမျိုးအစားတွေ ( here : Yes and No )
MessageBoxButtons ဆိုတဲ့ enum လေးထဲက တန်ဖိုး တစ်ခုခုရွေးပေးရပါမယ်။ default ကတော့ OK button ပါ။
၎ – ပေါ်ချင်တဲ့ Icon ( here : Warning )
ဒါလည်း တူတူပါပဲ… MessageBoxIcon အမျိုးအစား enum ပါ။

ဒီ parameter ၄ ခုကို နံပါတ် ၁ တစ်ခုထဲ ပေးမယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် နံပါတ် ၂ ပဲပေးမယ်ဆိုရင်တော့ မရပါဘူး။ နံပါတ် ၃ ကိုပေးချင်တယ်ဆိုရင် နံပါတ် ၁ ရော နံပါတ် ၂ ပါပေးမှ ရပါမယ်။

Dialog form တွေအားလုံး ပိတ်သွားတဲ့ အချိန်မှာ DialogResult အမျိုးအစား enum တစ်ခု return ပြန်ပါတယ်။ အခု ပြန်လာတဲ့ return value ကို ကျွန်တော်က No နဲ့ ညီလား ဆိုပြီး စစ်လိုက်ပါတယ်။ (ကျွန်တော်က MessageBoxButtons မှာ YesNo ကိုရွေးလိုက်တဲ့အတွက် Return value ဟာ Yes သော်လည်းကောင်း၊ No သော်လည်းကောင်း return ပြန်ပါ့မယ်။ ) ကျွန်တော်တို့ အခုရေးနေတဲ့ Event က form ပိတ်တဲ့ event ဖြစ်တဲ့အတွက် User က Yes ကိုနှိပ်ရင် ကျွန်တော်တို့က ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ အဲ.. User က No ကိုနှိပ်ရင်တော့ ကျွန်တော်တို့က Form မပိတ်အောင် e.Cancel ထဲကို true value သွားထည့်ပေးရပါတယ်။ ဒါဆို form မပိတ်တော့ပါဘူး။ ခုလောက်ဆို Event ဆိုတာကို နည်းနည်း နားလည်လာမယ် ထင်ပါတယ်။

4 Comments »

  1. ကျေးဇူးတင်ပါတယ်.. ကိုဆဲဗင်းလန့်.. နောက်လည်း စောင့်မျှော်နေပါတယ်…။

    Comment by April — November 7, 2009 @ 1:45 PM

  2. ရှင်းတယ် အကို ကောင်း၏

    Comment by Mikozan — November 13, 2009 @ 8:27 PM

  3. အစ်ကိုရေ
    ညီမလည်းခုမှပြန်ပြိးလေ့လာဖြစ်တယ်..အစ်ကိုတင်တဲ့ ပိုစ့်တွေကို ဆက်လေ့လာသွားပါမယ်..ကျေးဇူးအများကြိးတင်ပါတယ်..

    Comment by thandar — November 23, 2009 @ 2:04 PM

  4. ညီတို့ ညီမတို့ ကောမန့်လေးတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆက်ရေးဖို့အတွက် အားရှိတာပေါ့🙂

    Comment by sevenlamp — November 26, 2009 @ 10:12 AM


RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.

%d bloggers like this: